Knowledge

ပိုင်ရှင်မပါဘဲ ကိုယ်တိုင်ထွန်နေတဲ့ နွားလိမ္မာတစ်ရှဉ်း

ပိုင်ရှင်မပါဘဲ ကိုယ်တိုင်ထွန်နေတဲ့ နွားလိမ္မာတစ်ရှဉ်း

ကြည့်စမ်းပါအုံးဗျာ ဖေ့သားကြီးတို့လိမ္မာချက်က လူတောင်လိုက်စရာမလိုဘူးနော်။ ညာဏ်ရည်တု AI နည်းပညာတွေထည့်ထားတာမဟုတ်ဘူးနော် ဒါကသက်ရှိအမှန်အကန်သူတို့ဘာသာထွန်နေကြတာ ဒီလိုနွားတစ်ရှဉ်းလောက် မလိုချင်ကြဘူးလား။ သူတို့ကထွန် ကိုယ်က ဖုန်းလေးနဲ့ ဖေ့ဘုတ်ပွတ်နေရုံဘဲထွန်သွားကြတာများ ထွန်ကြောင်းကိုဖြောင့်လို့…လူပါတာကမှ လွဲချင်လွဲအုံးမယ်၊ သူတို့ကတော့မလွဲဘူး။တိရိစ္ဆာန်ဆိုပေမယ့် သူတို့အသိညာဏ်က ကိုယ့်တာဝန်ကိုသိတယ် မခိုမကပ်ကျေပွန်အောင်ထမ်းတယ်၊ တစ်ချို့လူတွေထက်တောင်သာသေးတယ်နော်။နွားတွေဆိုတာ မြန်မာပြည်တောင်သူလယ်သမားတွေအတွက်တော့ ရဲဘော်ရဲဘက်၊ ကျေးဇူးရှင်ဆိုလည်းမမှားပါဘူး။ နွားကောင်းကောင်းလေးများရထားရင် ပျော်လို့မဆုံးတစ်ပြုံးပြုံး၊ သူ့နွားကိုယ့်နွားအပြိုင် ကြွားရသေးတယ်။နွားအကြောင်းနဲ့ပတ်သက်ပြီးတော့ ရှေးဆိုရိုးမှတ်သားစရာလေးကို ဖော်ပြပေးလိုက်ပါတယ်…

(နွားအကြောင်း သိကောင်းစရာ)

၁။ နွားနီ ကွမ်းသွေး ရိုက်နိင်မှပြေး ။၂။ နွားပြာနီ တုတ်မွှေး ရိုက်နိင်မှပြေး ။၃။ နွားပြာ ချိုတုတ် ထမ်းပိုးနှုတ် ၄။နွားပြာနီ ရှဉ့်မွှေး ရိုက်နိင်မှပြေး ။၅။ ဇော်နီကွမ်းသွေး သေအောင်ပြေး ။၆။ နွားဝါဖွဲနု သေအောင်ထု။၇။နွားဝါမျက်ကွင်း သေအောင်ဖျင်း။၈။ နွားဝါ မျက်ကွင်းဖြူ ကြိမ်မကူ။၉။ နွားဝါဖင်ဖြူ ကြိမ်မကူ ။၁၀။ နွားညို သံရောင် ကြိမ်မဆောင် ။၁၁။ မြီးစွပ်ရှေ့တက် ထိပ်ကွက်နောက်ဆုတ် စုံမှဟုတ်။၁၂။ မွှေးတိုမွှေးကြမ်း ထမ်းပိုးထမ်း အစွမ်းကောင်းလှပေ ။၁၃။ ဗွေဆင့်မျက်ခြား အဝယ်မှား အိမ်ကမယား သေလတ္တံ့။

ဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် Like and Share လုပ်ခဲ့ပါအုံးနော်….

#credit original poster