နယူးဒေလီ၊ ဇူလိုင် ၂၅
ပြီးခဲ့သည့် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၈၁၉၆ ယောက်ရှိပြီး ကူးစက်ခံရသူစုစုပေါင်း ၁၃၃၆၈၆၁ ယောက်ရှိလာပြီဟု အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနအချက်အလက်များအရ သိရသည်။
ထို့အပြင် သေဆုံးသူ ၇၅၇ ယောက်တိုးလာခဲ့သဖြင့် သေဆုံးသူစုစုပေါင်း ၃၁၃၅၈ ယောက်ရှိလာပြီဖြစ်သည်။ ယနေ့သည် အိန္ဒိယတွင် ၃ ရက်ဆက်တိုက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၅၀၀၀ ကျော်သည့်နေ့ဖြစ်သည်။
ပြန်သက်သာလာသူ ၆၃.၅ ရာခိုင်နှုန်းရှိနေကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနအချက်အလက်များအရသိရသည်။
ဆေးရုံတက်ကုသမှုခံယူနေသူ ၄၅၀၀၀၀ ကျော်ရှိနေပြီး ၈၄၀၀၀၀ ကျော်ပြန်သက်သာလာပြီဟုသိရသည်။
အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၁.၃ သန်းကျော်ရန် ၁၇၇ ရက်ကြာခဲ့ပြီး ဇူလိုင် ၂ ရက်တွင် ၆ သိန်းကျော်ရှိခဲ့သဖြင့် ၃ ပတ်အတွင်း ၂ ဆ များလာခြင်းဖြစ်သည်။
တစ်ချိန်တည်းတွင် အိန္ဒိယပြည်တွင်းဖြစ် COVID-19 ကာကွယ်ဆေးအတွက်လည်း သောကြာနေ့တွင် အရှိန်ရလာပြီး ဒေလီ အပါအဝင် မြို့ကြီး ၆ မြို့၌ လူသားတွင်စမ်းသပ်ကုသနေပြီဖြစ်သည်။
Bharat Biotech နှင့် Zydus Cadila ကုမ္ပဏီတို့ကထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေး ၂ မျိုးဖြင့် စမ်းသပ်မှုများပြုလုပ် နေခြင်းဖြစ်သည်။
(unicode)
အိန္ဒိယတွင် ၃ ရက်ဆက်တိုက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၅၀၀၀ ကျော်နေ
………………………………………………………
နယူးဒေလီ၊ ဇူလိုင် ၂၅
ပြီးခဲ့သည့် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၈၁၉၆ ယောက်ရှိပြီး ကူးစက်ခံရသူစုစုပေါင်း ၁၃၃၆၈၆၁ ယောက်ရှိလာပြီဟု အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနအချက်အလက်များအရ သိရသည်။ထို့အပြင် သေဆုံးသူ ၇၅၇ ယောက်တိုးလာခဲ့သဖြင့် သေဆုံးသူစုစုပေါင်း ၃၁၃၅၈ ယောက်ရှိလာပြီဖြစ်သည်။ ယနေ့သည် အိန္ဒိယတွင် ၃ ရက်ဆက်တိုက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၅၀၀၀ ကျော်သည့်နေ့ဖြစ်သည်။ပြန်သက်သာလာသူ ၆၃.၅ ရာခိုင်နှုန်းရှိနေကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနအချက်အလက်များအရသိရသည်။ဆေးရုံတက်ကုသမှုခံယူနေသူ ၄၅၀၀၀၀ ကျော်ရှိနေပြီး ၈၄၀၀၀၀ ကျော်ပြန်သက်သာလာပြီဟုသိရသည်။အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၁.၃ သန်းကျော်ရန် ၁၇၇ ရက်ကြာခဲ့ပြီး ဇူလိုင် ၂ ရက်တွင် ၆ သိန်းကျော်ရှိခဲ့သဖြင့် ၃ ပတ်အတွင်း ၂ ဆ များလာခြင်းဖြစ်သည်။တစ်ချိန်တည်းတွင် အိန္ဒိယပြည်တွင်းဖြစ် COVID-19 ကာကွယ်ဆေးအတွက်လည်း သောကြာနေ့တွင် အရှိန်ရလာပြီး ဒေလီ အပါအဝင် မြို့ကြီး ၆ မြို့၌ လူသားတွင်စမ်းသပ်ကုသနေပြီဖြစ်သည်။Bharat Biotech နှင့် Zydus Cadila ကုမ္ပဏီတို့ကထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေး ၂ မျိုးဖြင့် စမ်းသပ်မှုများပြုလုပ် နေခြင်းဖြစ်သည်။
#credit people media