Celebrities

ယောင်းမလေးယဉ်လတ်နဲ့အတူ ချစ်စဖွယ်ပုံလေးတွေ ဓာတ်ဖမ်းခဲ့တဲ့ နန်းသူဇာ

ချစ်စရာအပြုံးလေးတွေ ကိုယ်စီပိုင်ဆိုင်ထားကြတဲ့ ယဉ်လတ်နဲ့ နန်းသူဇာတို့နှစ်ယောက်သား မန္တလေးက ကုသိုလ်တော်ဘုရားမှာ မြန်မာ ဝတ်စုံလေးနဲ့ အမှတ်တရပုံရိပ်လေးတွေ ရိုက်ကူးခဲ့ကြ ပါတယ်။ ချစ်သူလေးကျော်ထွဋ်ဆွေရဲ့ ညီမလေးဆိုတော့ နန်းသူဇာရဲ့ ယောင်းမ လောင်းလေး ပေါ့နော်။ ကျော်ထွဋ်ဆွေရဲ့ ညီမလေးမှန်းမသိခင်တုန်းက ယဉ်လတ်နဲ့ ကိုကျော်ကြီးကို ပရိသတ်တွေက သို့သော သို့သော ထင်ခဲ့ကြပါသေးတယ်။

ဒီနောက်ပိုင်းမှာမှ ယဉ်လတ်က ကိုကျော်ကြီးနဲ့ သူနဲ့က မောင်နှမဝမ်းကွဲတွေဖြစ်ကြောင်း အသိပေးလိုက်တဲ့အချိန်ကျမှ အားလုံးက သဘောပေါက်သွားခဲ့ကြပါတယ်။ နန်းသူဇာနဲ့ အတူဓာတ်ဖမ်းထားတဲ့ပုံလေးက ညီမနှစ်ယောက်လို့ထင်ချင်စရာပါပဲ။ မြန်မာဝတ်စုံလေး တွေနဲ့ အရမ်းကိုချစ်ဖို့ကောင်းနေကြတဲ့ နှစ်ယောက်သားရဲ့ပုံရိပ်လေးတွေက ကြည့်လိုက်တိုင်း အေးချမ်းနေခဲ့ပါတယ်။

နှစ်ယောက်သားရဲ့ ချစ်စရာပုံရိပ်လေးတွေကို ” ယောင်းယောင်း ယဉ်လက်လေးနဲ့ ” ဆိုပြီး နန်းသူဇာက လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ အချွဲလေးယဉ်လတ်ကလည်း သူမ ဖျားနေတဲ့အကြောင်းလေးကို နန်းသူဇာကို ခပ်ချွဲချွဲလေးပြောခဲ့ပါသေးတယ်။ ပရိသတ်တွေက သူမကို ကလေးလို့သဘောထားသလို ကိုယ်တိုင်ကလည်း ကလေးလေးလိုနေတတ်တဲ့ ယဉ်လတ်ကို နန်းသူဇာကလည်း ညီမလေးလို အချစ်ပိုခဲ့ ပါတယ်။

( ဇော်ဂျီဖြင့်ဖတ်ရန် )

ယောင်းမလေးယဉ်လတ်နဲ့အတူ ချစ်စဖွယ်ပုံလေးတွေ ဓာတ်ဖမ်းခဲ့တဲ့ နန်းသူဇာ

ချစ်စရာအပြုံးလေးတွေ ကိုယ်စီပိုင်ဆိုင်ထားကြတဲ့ ယဉ်လတ်နဲ့ နန်းသူဇာတို့နှစ်ယောက်သား မန္တလေးက ကုသိုလ်တော်ဘုရားမှာ မြန်မာဝတ်စုံလေးနဲ့ အမှတ်တရပုံရိပ်လေးတွေ ရိုက်ကူးခဲ့ကြ ပါတယ်။ ချစ်သူလေးကျော်ထွဋ်ဆွေရဲ့ ညီမလေးဆိုတော့ နန်းသူဇာရဲ့ ယောင်းမလောင်းလေး ပေါ့နော်။ ကျော်ထွဋ်ဆွေရဲ့ ညီမလေးမှန်းမသိခင်တုန်းက ယဉ်လတ်နဲ့ ကိုကျော်ြ ကီးကို ပရိသတ်တွေက သို့သော သို့သော ထင်ခဲ့ကြပါသေးတယ်။

ဒီနောက်ပိုင်းမှာမှ ယဉ်လတ်က ကိုကျော်ကြီးနဲ့ သူနဲ့က မောင်နှမဝမ်းကွဲတွေဖြစ်ကြောင်း အသိပေးလိုက်တဲ့အချိန်ကျမှ အားလုံးက သဘောပေါက်သွားခဲ့ကြပါတယ်။ နန်းသူဇာနဲ့ အတူဓာတ်ဖမ်းထားတဲ့ပုံလေးက ညီမနှစ်ယောက်လို့ထင်ချင်စရာပါပဲ။ မြန်မာဝတ်စုံလေးတွေနဲ့ အရမ်းကိုချစ်ဖို့ကောင်းနေကြတဲ့ နှစ်ယောက်သားရဲ့ပုံရိပ်လေးတွေက ကြည့်လိုက်တိုင်း အေးချမ်းနေခဲ့ပါတယ်။

နှစ်ယောက်သားရဲ့ ချစ်စရာပုံရိပ်လေးတွေကို ” ယောင်းယောင်း ယဉ်လက်လေးနဲ့ ” ဆိုပြီး နန်းသူဇာက လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ အချွဲလေးယဉ်လတ်ကလည်း သူမ ဖျားနေတဲ့အကြောင်းလေးကို နန်းသူဇာကို ခပ်ချွဲချွဲလေးပြောခဲ့ပါသေး တယ်။ ပရိသတ်တွေက သူမကို ကလေးလို့သဘောထားသလို ကိုယ်တိုင်ကလည်း ကလေးလေးလိုနေတတ်တဲ့ ယဉ်လတ်ကို နန်းသူဇာက လည်း ညီမလေးလို အချစ်ပိုခဲ့ပါတယ်။

Happy – Cele Zone
Photo – Nann Thuzar
#credit cele zone