Knowledge

မကောင်းသော အတတ် ပညာ အတိုက် အခိုက် များရန်များ မှ ကင်းဝေးရအောင် ပြုလုပ်နည်း

တစ်စုံတစ်ယောက်၏ ရည်ရွယ်ချက်မရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် နေအိမ် ၊ ခြံဝန်း ၊ တိုက်ခန်း ၊ ဈေးဆိုင် ၊ ရုံးခန်း ၊ လုပ်ငန်း ၊ အလုပ်ရုံ ၊ ယဉ်ကား များ မသန့်မရှင်းဖြစ်နေလျှင်သော်၎င်း … ။စုန်းတိုက် ၊ နတ်တိုက် ၊ အောက်လမ်းအတတ် ၊ အင်းအတတ် ၊ မှော်အတတ် စသည့် မကောင်းသောအတတ်ပညာများဖြင့် ပြုစားစီရင် တိုက်ခိုက်ခြင်းရန်မှ အကာအကွယ်ရစေရန်အတွက် … ။

တိုက်ခိုက်ခံနေရသော အတိုက်အခိုက်အန္တရာယ်များ ၊ မကောင်းသောအတတ်ပညာများ အာနိသင်ပျယ်သွားစေရန်အတွက်၎င်း ။ မိတ် ဆွေတို့ကိုသော်၎င်း ၊ မိတ်ဆွေတို့၏မိသားစုများကိုသော်၎င်း ၊ မိတ်ဆွေတို့၏ နေအိမ် ၊ ခြံဝန်း ၊ တိုက်ခန်း ၊ ဈေးဆိုင် ၊ ရုံးခန်း ၊ လုပ်ငန်း ၊ အလုပ်ရုံ ၊ ယဉ်ကား စသည်တို့ကို … ။အတိုက်အခံအပြိုင်အဆိုင်များကသော်၎င်း ၊ မနာလိုမုန်းတီးသူများကသော်၎င်း ။

မကောင်းသောအတတ်ပညာများနှင့် ပြုစားစီရင် နှောက်ယှက်ခံနေရလျှင်သော်၎င်း ၊ သံသယဖြစ်နေလျှင်သော်၎င်း …. ။အခြားသောပုံစံ အမျိုးမျိုးဖြင့် နှောက်ယှက်တိုက်ခိုက်နေလျှင် သော်၎င်း …. ။ကျွန်ုပ်တို့လက်တွေ့အသုံးချနေတဲ့ ၊ ရှေးဆရာအစဉ်အဆက် လက်ဆင့်ကမ်း အသုံးပြုလာခဲ့တဲ့ .. ဂမ္ဘီရယတြာနည်းတစ်ခု လက်ဆောင်ဖော်ပြပေးလိုက်ပါတယ် … ။

မြေစလောင်းဖုံး သန့်သန့် တစ်ချပ်ထဲကို ထုံးအနည်းငယ်ထည့်ပါ။မြေဖြင့်ပြုလုပ်သော စလောင်းဖုံးဖြစ်မည်။ ( တခြားသော စတီး ၊ သံ ၊ ဒန် စလောင်းဖုံးများမရပါ)သကြားအနည်းငယ်ထည့်ပါ။ရေအနည်းငယ် ထပ်ထည့်ပါ။လက်ခလယ်ဖြင့်မွှေပါ…။ အတွင်းဘက်တွေကို ပျံ့ သွား အောင် သုတ်ပါ။၎င်းမြေစလောင်းဖုံးကို ဧည့်ခန်း ၊ အလုပ်စားပွဲ ၊ ရုံးခန်းစားပွဲ ၊ ဆိုင်ကောင်တာပေါ်(မည်သည့်နေရာတွင်မဆို) တင်ပါ ….။

မြေစလောင်းဖုံး ခလယ်ကအခွက်ထဲတွင် ဖယောင်းတိုင်ထွန်းပေးခြင်းအားဖြင့် အတိုက်အခိုက်များရန်မှသော်၎င်း ၊ မကောင်းသောအတတ် ပညာများဖြင့် ပြုစားစီရင် နှောက်ယှက်ခြင်း ဘေးရန်မှေသော်၎င်း အကာအကွယ်ရစေပါတယ် … ။ တန်ပြန်ဖြစ်စေပါတယ်။ နှောက်ယှက် နေဆဲဖြစ်တဲ့ အတိုက်အခိုက်များလည်း အာနိသင် ပျယ်ပျက်သွားစေပါတယ် … ။

မိတ်ဆွေကိုယ်တိုင် တိုက်ခိုက်ခံရေလျှင် မြေစလောင်းဖုံး၏အောက်၌ မိတ်ဆွေ၏ဓာတ်ပုံ ခံပြီး ထွန်းပါ။ ိသားစုလိုက် တိုက်ခိုက်ခံနေရလျှင် မြေစလောင်းဖုံးအောက်တွင် မိသားစုဓာတ်ပုံခံထွန်းပါ ။မိတ်ဆွေများ အရေးကြုံလျှင် သုံးနိုင်ကြပါစေသော်ဝ်။ မိတ်ဆွေတို့၏ ကောင်းကျိုး များကို အစဉ်လိုလားသော။

မင်းသိမ်းခိုင် – ရွှေရမ်းထူးလင်း

UNICODE

တစ်စုံတစ်ယောက်၏ ရည်ရွယ်ချက်မရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် နေအိမ် ၊ ခြံဝန်း ၊ တိုက်ခန်း ၊ ဈေးဆိုင် ၊ ရုံးခန်း ၊ လုပ်ငန်း ၊ အလုပ်ရုံ ၊ ယဉ်ကား များ မသန့်မရှင်းဖြစ်နေလျှင်သော်၎င်း … ။စုန်းတိုက် ၊ နတ်တိုက် ၊ အောက်လမ်းအတတ် ၊ အင်းအတတ် ၊ မှော်အတတ် စသည့် မကောင်းသောအတတ်ပညာများဖြင့် ပြုစားစီရင် တိုက်ခိုက်ခြင်းရန်မှ အကာအကွယ်ရစေရန်အတွက် … ။

တိုက်ခိုက်ခံနေရသော အတိုက်အခိုက်အန္တရာယ်များ ၊ မကောင်းသောအတတ်ပညာများ အာနိသင်ပျယ်သွားစေရန်အတွက်၎င်း  ။ မိတ် ဆွေတို့ကိုသော်၎င်း ၊ မိတ်ဆွေတို့၏မိသားစုများကိုသော်၎င်း ၊ မိတ်ဆွေတို့၏ နေအိမ် ၊ ခြံဝန်း ၊ တိုက်ခန်း ၊ ဈေးဆိုင် ၊ ရုံးခန်း ၊ လုပ်ငန်း ၊ အလုပ်ရုံ ၊ ယဉ်ကား စသည်တို့ကို … ။အတိုက်အခံအပြိုင်အဆိုင်များကသော်၎င်း ၊ မနာလိုမုန်းတီးသူများကသော်၎င်း ။

မကောင်းသောအတတ်ပညာများနှင့် ပြုစားစီရင် နှောက်ယှက်ခံနေရလျှင်သော်၎င်း ၊ သံသယဖြစ်နေလျှင်သော်၎င်း …. ။အခြားသောပုံစံ အမျိုးမျိုးဖြင့် နှောက်ယှက်တိုက်ခိုက်နေလျှင် သော်၎င်း …. ။ကျွန်ုပ်တု့ိလက်တွေ့အသုံးချနေတဲ့ ၊ ရှေးဆရာအစဉ်အဆက် လက်ဆင့်ကမ်း အသုံးပြုလာခဲ့တဲ့ .. ဂမ္ဘီရယတြာနည်းတစ်ခု လက်ဆောင်ဖော်ပြပေးလိုက်ပါတယ် … ။

မြေစလောင်းဖုံး သန့်သန့် တစ်ချပ်ထဲကို ထုံးအနည်းငယ်ထည့်ပါ။မြေဖြင့်ပြုလုပ်သော စလောင်းဖုံးဖြစ်မည်။ ( တခြားသော စတီး ၊ သံ ၊ ဒန် စလောင်းဖုံးများမရပါ)သကြားအနည်းငယ်ထည့်ပါ။ရေအနည်းငယ် ထပ်ထည့်ပါ။လက်ခလယ်ဖြင့်မွှေပါ…။ အတွင်းဘက်တွေကို ပျံ့ သွား အောင် သုတ်ပါ။၎င်းမြေစလောင်းဖုံးကို ဧည့်ခန်း ၊ အလုပ်စားပွဲ ၊ ရုံးခန်းစားပွဲ ၊ ဆိုင်ကောင်တာပေါ်(မည်သည့်နေရာတွင်မဆို) တင်ပါ …