Knowledge

ပါချုပ်ဆရာတော်ကြီး မိန့်ကြားသည့် အိပ်မက်မက် ရခြင်း နှင့် အိပ်မက် မှန်မမှန် စစ်ဆေးခြင်း

အိပ်မက်တစ်ခု မက်ရင် အိပ်မက်ရဲ့အချိန် ကာလနဲ့ ပတ်သက်ပြီး ပြောရမယ် ဆိုရင် ပထမ ညဥ့်ဦးယံ မှာ မက်တဲ့ အိပ်မက်၊ မဇ္ဈိမယံဆိုတဲ့ သန်းခေါင်ယံအချိန်မှာ မက်တဲ့အိပ်မက်၊ ပစ္ဆိမယံ လို့ဆိုတဲ့ မိုးသောက်ယံ မှာ မက်တဲ့ အိပ်မက်ရယ်လို့ရှိတယ်။ ညဥ့်ဦးယံ မှာ မက်တဲ့အိပ်မက် ဟာ မမှန်ဘူးတဲ့။ သန်းခေါင် ယံမှာ မက်တဲ့ အိပ်မက်ဟာ လည်း မှန်ကန်မှုမရှိပါ ဘူးတဲ့။ မှန်ကန်တဲ့ အိပ်မက်တစ်ခုဟာ နံနက်မိုး သောက် အလင်းရောက်ခါ နီးလေး မိုးသောက်ယံ အချိန်လေး မှာ မက်တဲ့ အိပ်မက်မျိုး ကတော့ မှန်တယ်လို့ စာပေကျမ်းဂန်မှာ ဆိုထားတယ်။ညဥ့်ဦးယံမှာဆိုရင် ညကအစာစားထားတာတွေ ဟာ မကျေတတ်သေးဘူး။ သန်းခေါင်ယံ မှာဆို လည်း အဆီသြဇာတွေက ခန္ဓာကိုယ် မပြန့် နှံ့ သေးဘူး။ နံနက်မိုးသောက် အလင်းရောက်ပြီဆို လို့ရှိရင် စားထားတဲ့ အစာတွေက အဆီသြဇာအဖြစ်ရောက်ပြီး ခန္ဓာကိုယ်ကို အကျိုး ပြုပြီးနေတဲ့အချိန် ဖြစ်လို့ မိုးသောက်ယံမှာ မက်တဲ့ အိပ်မက်ဟာ မှန်ကန်တယ် လို့ဆိုတယ်။မယ်တော်မာယာရဲ့အိပ်မက်၊ ဘုရား လောင်းရဲ့ အိပ်မက်နဲ့ ကောသလမင်း ရဲ့ အိပ်မက်တို့ဟာ ပုဗ္ဗနိမိတ် အနေနဲ့ မိုးသောက်ယံအချိန်မှာ မက်တဲ့ အိပ် မက်တွေဖြစ်တယ်လို့ ဆိုလိုပါတယ်။ဒီနေရာမှာ မှတ်သားစရာတစ်ခု ကတော့ ပုဗ္ဗနိမိတ် အနေနဲ့ မက်တဲ့ အိပ်မက်ဟာ အဆီ သြဇာဓါတ် အကျိုးပြုပြီးဖြစ်တဲ့ မိုးသောက်ယံ အချိန်မှာပဲ မက်တယ်လို့ စာပေကျမ်းဂန်မှာ ဆိုထားပါတယ်။

အိပ်မက်မက်ရခြင်းအကြောင်း တရား

အိပ်မက်မက်တယ်ဆိုတာ အကြောင်းမဲ့ ဖြစ်တာလား ဆိုတော့ လောကမှာ အကြောင်းမ ရှိပဲနဲ့ ဘာတစ်ခုမှ မဖြစ်ဘူး။ အိပ်မက်မက်တာ လည်း အကြောင်းရှိတယ်။ အိပ်မက်မက်ခြင်းရဲ့ အကြောင်း တရား လေးမျိုးရှိတယ်လို့ ပါဠိစာပေ ကျမ်းဂန်မှာ ဖော်ပြထားတယ်။

၁။ ဓါတုက္ခေဘ = ဓါတ်ကြီးလေးပါး မညီမမျှ ဖြစ်ပြီး မငြိမ်မသက် ဖြစ်နေတဲ့ အချိန်ခါမျိုးမှာ အိပ်ပျော်နေရင်း စိတ်ခံ စားမှုတွေ ဖြစ်ပေါ်လာပြီး အိပ်မက်မက် တတ်တယ်။ ခန္ဓာကိုယ်ကြီးဟာ မလှုပ် နိုင်၊ မယှက်နိုင်နဲ့ တောင့်တင်းနေတဲ့ အခါ မျိုးတွေ၊ ထလို့မရတဲ့အခါမျိုးတွေ ရှိတယ်။

အဲဒါ ပထဝီဓါတ် လွန်ကဲနေတာ။ ခန္ခာကိုယ်ဟာ ပူလောင်နေ တဲ့ အခါ၊ အေးစိမ့်နေတဲ့အခါ အိပ်မက်ထဲ မှာ မီးတွေ လောင်နေတယ်လို့ မြင်မက် တတ်ပါတယ်။ အဲဒါ တေဇောဓါတ် လွန်ကဲနေတာ။ အာပေါဓါတ်တွေ လွန်ကဲ နေပြီဆိုရင် ရေကူးနေရတဲ့ အိပ်မက်မျိုးတွေ မက်တတ်တယ်ပေါ့။ဝါယောဓါတ်တွေ လွန်ကဲ လာပြီဆိုရင် လည်း ခန္ဓာကိုယ်ဟာ ကောင်းကင် ပျံ တက်သွားရသလို အိပ်မက်မျိုးတွေ မက်တတ် တယ်ပေါ့။ အဲဒီလို ဓါတ်လေး ပါးချောက်ချားပြီး မညီညွတ်ရင်လည်း အိပ်မက်မက်တတ်တယ်။

၂။ အနူဘူတပုဗ္ဗ = လွန်ခဲ့သော အတိတ်က တွေ့ကြုံ ခံစားဖူးတဲ့ အတွေ့အကြုံတွေကို စွဲပြီးတော့ ညကျလို့ရှိရင် အိပ် မက်မက်လေ့ရှိကြ တယ်။

၃။ ဒေဝတောပသံဟာရ = နတ်တွေ အိပ်မက် ပေးလို့ မက်တဲ့ အိပ်မက်မျိုး လည်း ရှိတတ်တယ်။ သူတို့က အိပ်မက် မက်အောင်ပြတဲ့အခါမျိုးတွေ မှာ လူတွေဟာ အိပ်မက် မက်လေ့မက်ထ ရှိတယ်။

၄။ ပုဗ္ဗနိမိတ္တ = ပုဗ္ဗနိမိတ်ဆိုတာ မဖြစ် ခင်က ကြိုတင်ပြီး ဖြစ်မဲ့ အရာတွေကို ဖော်ညွှန်းတဲ့ အနေနဲ့ နိမိတ်ပြတဲ့အနေနဲ့ အိပ်မက်မက်တာ မျိုး တွေ ဖြစ်တတ်တယ်။ အဲဒါကျတော့ လောက လူသားတွေနဲ့ ဆက်စပ်နေတဲ့ ကုသိုလ်၊ အကု သိုလ် ကြောင့်လည်း ပုဂ္ဂိုလ်တစ်ဦး တစ် ယောက် မှာ အကြောင်းထင်ဟပ်လာပြီးတော့ မက်တာမျိုး လည်းရှိတယ်။ဗုဒ္ဓဘုရားရှင်ရဲ့မယ်တော် မာယာဒေဝီဟာ ဘုရားလောင်းလေး သန္ဓေခတော့ နတ်မင်းကြီးလေးပါးက မိမိအိပ်နေတဲ့ သလွန်ကို ထမ်းယူပြီး ဟိမဝန္တာတောင်က ငွေတောင်ဘက် ကို သယ်ဆောင်သွားတယ်။ လိုဏ်ဂူအတွင်းမှာ သလွန်ကို ထားပြီးတော့ ရေမိုးချိုး သန့်စင်ပြီး အိပ် နေရတယ်။အနီးမှာကျက်စားနေတဲ့ ဆွတ်ဆွတ် ဖြူတဲ့ ဆင်ဖြူတော်ကြီးဟာ ရွှေတောင်ကြီး ပေါ်ကဆင်းလာပြီး မယ်တော် မာယာလျောင်းစက်နေတဲ့ အခန်းထဲကို ဝင်လာ ပြီး လက်ယာရစ် လှည့်ကာ လက်ယာ နံပါးကို ဖောက်ထွင်းပြီး ဝမ်းထဲဝင် သွားတယ်လို့ မြင်မက် တယ်။ အဲဒါဘုရား လောင်းလေး သန္ဓေခတုန်းက မိုးသောက်ယံအချိန်မှာ မက်တဲ့အိပ်မက်။နောက်တစ်ခုက ဘုရားလောင်းဟာ ဘုရားဖြစ် ခါနီး ကဆုန်လပြည့် အဖိတ်နေ့ည မှာ တရားဓမ္မ ကျင့်ကြံ ကြိုးကုတ် အားထုတ်ရင်း နံနက် မိုး သောက်အချိန် မှေးခနဲအိပ်ပျော်သွားတော့ အိပ်မက် မက်ခဲ့ဖူးတယ်။ အဲဒါ “အိပ်မက်ကြီး ငါးမျိုး” လို့ခေါ်တယ်။

အိပ်မက်မှန်/မမှန်စစ်ဆေးခြင်း

အိပ်မက်မှန်/မမှန် စစ်ဆေးကြည့်မယ် ဆိုရင် ဓါတုက္ခော လို့ခေါ်တဲ့ ဓါတ်တွေ ချောက်ချား လို့ မက်တဲ့အိပ်မက်ရဲ့ အကျိုးဟာ မှန်ကန်မှု မရှိဘူး။ နောက် အနူဘူတပုဗ္ဗ လို့ခေါ်တဲ့ စွဲပြီးမက်တဲ့ အိပ်မက်ဟာလည်း မှန်ကန်မှုမရှိဘူးတဲ့။ ဒေဝတော ပသံဟာရ လို့ခေါ်တဲ့ နတ်တွေက ဖန်ဆင်းပြတဲ့ အိပ်မက်ကျတော့ မှန်တာလည်း ရှိတယ်၊ မမှန်တာလည်း ရှိတယ်။ဘာကြောင့်လဲ ဆိုတော့ တချို့ နတ်တွေက အကျိုးလိုလားလို့ ပေးတဲ့ အိပ်မက် ကျတော့ မှန်တယ်တဲ့။ တချို့ နတ်တွေက ချောက်တွန်းပြီး သွေးဆောင်မှုတွေ ပြတတ်တယ်။ အဲဒါကျတော့ မမှန်ဘူးလို့ဆို တယ်။ ပုဗ္ဗနိမိတ် အနေနဲ့ မက်တဲ့ အိပ်မက်ကျ တော့ မှန်ကန်တယ်လို့ ဆို လိုပါတယ်။

UNICODE

ပါချုပ်ဆရာတော်ကြီး မိန့်ကြားသည့် အိပ်မက်မက် ရခြင်း နှင့် အိပ်မက် မှန်မမှန် စစ်ဆေးခြင်း

အိပ်မက်တစ်ခု မက်ရင် အိပ်မက်ရဲ့အချိန် ကာလနဲ့ ပတ်သက်ပြီး ပြောရမယ် ဆိုရင် ပထမ ညဥ့်ဦးယံ မှာ မက်တဲ့ အိပ်မက်၊ မဇ္ဈိမယံဆိုတဲ့ သန်းခေါင်ယံအချိန်မှာ မက်တဲ့အိပ်မက်၊ ပစ္ဆိမယံ လို့ဆိုတဲ့ မိုးသောက်ယံ မှာ မက်တဲ့ အိပ်မက်ရယ်လို့ရှိတယ်။ ညဥ့်ဦးယံ မှာ မက်တဲ့အိပ်မက် ဟာ မမှန်ဘူးတဲ့။ သန်းခေါင် ယံမှာ မက်တဲ့ အိပ်မက်ဟာ လည်း မှန်ကန်မှုမရှိပါ ဘူးတဲ့။ မှန်ကန်တဲ့ အိပ်မက်တစ်ခုဟာ နံနက်မိုး သောက် အလင်းရောက်ခါ နီးလေး မိုးသောက်ယံ အချိန်လေး မှာ မက်တဲ့ အိပ်မက်မျိုး ကတော့ မှန်တယ်လို့ စာပေကျမ်းဂန်မှာ ဆိုထားတယ်။ညဥ့်ဦးယံမှာဆိုရင် ညကအစာစားထားတာတွေ ဟာ မကျေတတ်သေးဘူး။ သန်းခေါင်ယံ မှာဆို လည်း အဆီသြဇာတွေက ခန္ဓာကိုယ် မပြန့် နှံ့ သေးဘူး။ နံနက်မိုးသောက် အလင်းရောက်ပြီဆို လို့ရှိရင် စားထားတဲ့ အစာတွေက အဆီသြဇာအဖြစ်ရောက်ပြီး ခန္ဓာကိုယ်ကို အကျိုး ပြုပြီးနေတဲ့အချိန် ဖြစ်လို့ မိုးသောက်ယံမှာ မက်တဲ့ အိပ်မက်ဟာ မှန်ကန်တယ် လို့ဆိုတယ်။မယ်တော်မာယာရဲ့အိပ်မက်၊ ဘုရား လောင်းရဲ့ အိပ်မက်နဲ့ ကောသလမင်း ရဲ့ အိပ်မက်တို့ဟာ ပုဗ္ဗနိမိတ် အနေနဲ့ မိုးသောက်ယံအချိန်မှာ မက်တဲ့ အိပ် မက်တွေဖြစ်တယ်လို့ ဆိုလိုပါတယ်။ဒီနေရာမှာ မှတ်သားစရာတစ်ခု ကတော့ ပုဗ္ဗနိမိတ် အနေနဲ့ မက်တဲ့ အိပ်မက်ဟာ အဆီ သြဇာဓါတ် အကျိုးပြုပြီးဖြစ်တဲ့ မိုးသောက်ယံ အချိန်မှာပဲ မက်တယ်လို့ စာပေကျမ်းဂန်မှာ ဆိုထားပါတယ်။

အိပ်မက်မက်ရခြင်းအကြောင်း တရား

အိပ်မက်မက်တယ်ဆိုတာ အကြောင်းမဲ့ ဖြစ်တာလား ဆိုတော့ လောကမှာ အကြောင်းမ ရှိပဲနဲ့ ဘာတစ်ခုမှ မဖြစ်ဘူး။ အိပ်မက်မက်တာ လည်း အကြောင်းရှိတယ်။ အိပ်မက်မက်ခြင်းရဲ့ အကြောင်း တရား လေးမျိုးရှိတယ်လို့ ပါဠိစာပေ ကျမ်းဂန်မှာ ဖော်ပြထားတယ်။

၁။ ဓါတုက္ခေဘ = ဓါတ်ကြီးလေးပါး မညီမမျှ ဖြစ်ပြီး မငြိမ်မသက် ဖြစ်နေတဲ့ အချိန်ခါမျိုးမှာ အိပ်ပျော်နေရင်း စိတ်ခံ စားမှုတွေ ဖြစ်ပေါ်လာပြီး အိပ်မက်မက် တတ်တယ်။ ခန္ဓာကိုယ်ကြီးဟာ မလှုပ် နိုင်၊ မယှက်နိုင်နဲ့ တောင့်တင်းနေတဲ့ အခါ မျိုးတွေ၊ ထလို့မရတဲ့အခါမျိုးတွေ ရှိတယ်။အဲဒါ ပထဝီဓါတ် လွန်ကဲနေတာ။ ခန္ခာကိုယ်ဟာ ပူလောင်နေ တဲ့ အခါ၊ အေးစိမ့်နေတဲ့အခါ အိပ်မက်ထဲ မှာ မီးတွေ လောင်နေတယ်လို့ မြင်မက် တတ်ပါတယ်။ အဲဒါ တေဇောဓါတ် လွန်ကဲနေတာ။ အာပေါဓါတ်တွေ လွန်ကဲ နေပြီဆိုရင် ရေကူးနေရတဲ့ အိပ်မက်မျိုးတွေ မက်တတ်တယ်ပေါ့။ဝါယောဓါတ်တွေ လွန်ကဲ လာပြီဆိုရင် လည်း ခန္ဓာကိုယ်ဟာ ကောင်းကင် ပျံ တက်သွားရသလို အိပ်မက်မျိုးတွေ မက်တတ် တယ်ပေါ့။ အဲဒီလို ဓါတ်လေး ပါးချောက်ချားပြီး မညီညွတ်ရင်လည်း အိပ်မက်မက်တတ်တယ်။

၂။ အနူဘူတပုဗ္ဗ = လွန်ခဲ့သော အတိတ်က တွေ့ကြုံ ခံစားဖူးတဲ့ အတွေ့အကြုံတွေကို စွဲပြီးတော့ ညကျလို့ရှိရင် အိပ် မက်မက်လေ့ရှိကြ တယ်။

၃။ ဒေဝတောပသံဟာရ = နတ်တွေ အိပ်မက် ပေးလို့ မက်တဲ့ အိပ်မက်မျိုး လည်း ရှိတတ်တယ်။ သူတို့က အိပ်မက် မက်အောင်ပြတဲ့အခါမျိုးတွေ မှာ လူတွေဟာ အိပ်မက် မက်လေ့မက်ထ ရှိတယ်။

၄။ ပုဗ္ဗနိမိတ္တ = ပုဗ္ဗနိမိတ်ဆိုတာ မဖြစ် ခင်က ကြိုတင်ပြီး ဖြစ်မဲ့ အရာတွေကို ဖော်ညွှန်းတဲ့ အနေနဲ့ နိမိတ်ပြတဲ့အနေနဲ့ အိပ်မက်မက်တာ မျိုး တွေ ဖြစ်တတ်တယ်။ အဲဒါကျတော့ လောက လူသားတွေနဲ့ ဆက်စပ်နေတဲ့ ကုသိုလ်၊ အကု သိုလ် ကြောင့်လည်း ပုဂ္ဂိုလ်တစ်ဦး တစ် ယောက် မှာ အကြောင်းထင်ဟပ်လာပြီးတော့ မက်တာမျိုး လည်းရှိတယ်။ဗုဒ္ဓဘုရားရှင်ရဲ့မယ်တော် မာယာဒေဝီဟာ ဘုရားလောင်းလေး သန္ဓေခတော့ နတ်မင်းကြီးလေးပါးက မိမိအိပ်နေတဲ့ သလွန်ကို ထမ်းယူပြီး ဟိမဝန္တာတောင်က ငွေတောင်ဘက် ကို သယ်ဆောင်သွားတယ်။ လိုဏ်ဂူအတွင်းမှာ သလွန်ကို ထားပြီးတော့ ရေမိုးချိုး သန့်စင်ပြီး အိပ် နေရတယ်။အနီးမှာကျက်စားနေတဲ့ ဆွတ်ဆွတ် ဖြူတဲ့ ဆင်ဖြူတော်ကြီးဟာ ရွှေတောင်ကြီး ပေါ်ကဆင်းလာပြီး မယ်တော် မာယာလျောင်းစက်နေတဲ့ အခန်းထဲကို ဝင်လာ ပြီး လက်ယာရစ် လှည့်ကာ လက်ယာ နံပါးကို ဖောက်ထွင်းပြီး ဝမ်းထဲဝင် သွားတယ်လို့ မြင်မက် တယ်။ အဲဒါဘုရား လောင်းလေး သန္ဓေခတုန်းက မိုးသောက်ယံအချိန်မှာ မက်တဲ့အိပ်မက်။နောက်တစ်ခုက ဘုရားလောင်းဟာ ဘုရားဖြစ် ခါနီး ကဆုန်လပြည့် အဖိတ်နေ့ည မှာ တရားဓမ္မ ကျင့်ကြံ ကြိုးကုတ် အားထုတ်ရင်း နံနက် မိုး သောက်အချိန် မှေးခနဲအိပ်ပျော်သွားတော့ အိပ်မက် မက်ခဲ့ဖူးတယ်။ အဲဒါ “အိပ်မက်ကြီး ငါးမျိုး” လို့ခေါ်တယ်။

အိပ်မက်မှန်/မမှန်စစ်ဆေးခြင်း

အိပ်မက်မှန်/မမှန် စစ်ဆေးကြည့်မယ် ဆိုရင် ဓါတုက္ခော လို့ခေါ်တဲ့ ဓါတ်တွေ ချောက်ချား လို့ မက်တဲ့အိပ်မက်ရဲ့ အကျိုးဟာ မှန်ကန်မှု မရှိဘူး။ နောက် အနူဘူတပုဗ္ဗ လို့ခေါ်တဲ့ စွဲပြီးမက်တဲ့ အိပ်မက်ဟာလည်း မှန်ကန်မှုမရှိဘူးတဲ့။ ဒေဝတော ပသံဟာရ လို့ခေါ်တဲ့ နတ်တွေက ဖန်ဆင်းပြတဲ့ အိပ်မက်ကျတော့ မှန်တာလည်း ရှိတယ်၊ မမှန်တာလည်း ရှိတယ်။ဘာကြောင့်လဲ ဆိုတော့ တချို့ နတ်တွေက အကျိုးလိုလားလို့ ပေးတဲ့ အိပ်မက် ကျတော့ မှန်တယ်တဲ့။ တချို့ နတ်တွေက ချောက်တွန်းပြီး သွေးဆောင်မှုတွေ ပြတတ်တယ်။ အဲဒါကျတော့ မမှန်ဘူးလို့ဆို တယ်။ ပုဗ္ဗနိမိတ် အနေနဲ့ မက်တဲ့ အိပ်မက်ကျ တော့ မှန်ကန်တယ်လို့ ဆို လိုပါတယ်။

ပါ/ချုပ်ဆရာတော်

ဒေါက်တာနန္ဒမာလာဘိဝံသ