Health & Knowledge

ရှားစောင်းလက်ပတ်ရဲ့ ဆေးအစွမ်း

စာဖတ်ပရိသတ်ကြီးကို ယခုတင်ဆက်မှကတောာ့ရှားစောင်းလက်ပတ်ရဲ့ ဆေးအစွမ်းးအကြောင်းကို တင်ဆက်ပေးလိုက်တာဖြစ်ပါတယ် ။

ရှားစောင်းလက်ပတ်က အစွမ်းထက်လှတဲ့ ဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးပါ ။ ရှားစောင်းလက်ပတ်က အိမ်တွင်းရော ၊ အိမ်အပြင်ရောပါ အလွယ်တကူစိုက်လို့ရတဲ့ အပင်မျိုးပါ ။ မြေကောင်းကောင်းနဲ့ နေရောင်ကောင်းကောင်းရရင် စိုက်လို့ရပါတယ် ။ အိမ်တိုင်းမှာ စိုက်ထားသင့်တဲ့ အပင်တစ်မျိုးပါ ။

ကျန်းမာရေး အကျိုးကျေးဇူးများ

ကိုယ်ခံအားကို မြှင့်တင်ပေး

ရှားစောင်းလက်ပတ်ကို စားပေးရင် ကိုယ်ခံအားစနစ်ကို ကောင်းစေပါတယ် ။ ခန္ဓာကိုယ်အတွင်းရှိ ဇီဝကမ္မဖြစ်စဉ်ကို ထိန်းညှိပေးပြီး အစွမ်းရှိတဲ့( Antioxidants) ဓာတ်တွေအများကြီးပါဝင်ပါတယ် ။ ဝမ်းချုပ်တတ်သူ ၊ အစာခြေစနစ်နဲ့ပတ်သက်ပြီး ပြဿနာရှိသူတွေအတွက်လည်း ရှားစောင်းလက်ပတ်ကို စားပေးသင့်ပါတယ် ။

အသားအရေကို ကောင်းစေ

နေ့စဉ် ရှားစောင်းလက်ပတ်ကို လိမ်းပြီး ခြောက်သွားရင် ရေနွေးနွေးနဲ့ဆေးပေးပါ ။ ရက်အနည်းငယ်အတွင်းမှာ အသားအရေတွေ ကြည်လင်လာတာကို တွေ့ရပါလိမ့်မယ် ။

ဆံပင်အရှည်ကို မြန်စေ

ဆံပင်ရှည်တာနှေးနေပါသလား ။  ရှားစောင်းလက်ပတ်အနှစ်ကို ထောင်းလိုက်ပြီးချေလိုက်ပါ ။ ပြီးရင် ဆံပင်မှာ လိမ်းပေးပြီး (၄၅ )မိနစ်ကြာမှ ခေါင်းလျှောက်ရည်နဲ့ လျှော်ပေးရင် ဆံပင်အရှည်မြန်စေပါတယ် ။

နေလောင်ဒဏ်ရာတွေကို သက်သာပျောက်ကင်းစေ

ရှားစောင်းလက်ပတ်အနှစ်ကို နေလောင်ဒဏ်ရာတွေမှာ လိမ်းပေးပြီး ခြောက်သွားတဲ့အထိ အကြာကြီးထားပါ ။ ပြီးရင်ရေဆေးချပါ ။ ဒါဆိုရင် တဖြည်းဖြည်း နေလောင်ဒဏ်ရာတွေပျောက်သွားပါလိမ့်မယ် ။ ဝက်ခြံ အမာရွတ်တွေကိုလည်း ဒီအတိုင်းလိမ်းပေးရင် တဖြည်းဖြည်းနဲ့ ပျောက်သွားပါလိမ့်မယ်။

ယခုပြောပြတဲ့ရှေားစောင်းလက်ပတ်ရဲ့ ဆေးအစွမ်းအကြောင်းကလည်း စာဖတ်ရင်း ရလာတဲ့ ဗဟုသုတပါ  ။ စာမဖတ်၊ ဗဟုသုတ မရှာခဲ့ရင် ခုလိုကူညီနိုင်မှာ မဟုတ်ပါဘူး ။