Health & Knowledge

တစ်ကိုယ်လုံး ဖောရာင်နေပါလျှင် အမြန်ဆုံးသက်သာပျောက်ကင်းစေသောနည်းလမ်း

စာဖတ်ပရိသတ်ကြီးကို ယခုတင်ဆက်မှကတောာ့ခန္ဒာကိုယ်တစ်ကိုယ်လုံး ဖောရာင်နေပါလျှင် အမြန်ဆုံးသက်သာပျောက်ကင်းစေသောနည်းလမ်း့အကြောင်းကို တင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်  ။

အဖောရောဂါမှာ အသားအရေ ပွရောင်းရောင်းရှိပြီး ၊ အရောင်မှာ အသားအရေလိုသည်ထက် ပိုတင်းနေခြင်းဖြစ်ပါသည် ။အဖောတွင် အရက်ဖော ၊ သွေးဖော ၊ လေဖောစသည်ဖြင့် အမျိုးမျိုး ရှိလေရာသည် ။ အရောင်မှာ ထိခိုက်ဒဏ်ရာကြောင့် ရောင်ခြင်း ၊ ဓာတ်ပျက်၍ ရောင်ခြင်း ၊ ဥတုအဟာရဓာတ်ကြောင့် ရောင်ခြင်းဟူ၍ အမျိုးမျိုးရှိပြန်သည် ။

တင်ပြလိုသည်မှာ အချို့အဖောအရောင်သမားများသည် ရောဂါဖြစ်သည်ကို သိလျှက်မိသားစုအခက်အခဲ ၊ ငွေကြေးအခက်အခဲ ၊ အမျိုးမျိုးသော အခက်အခဲအရအိပ်ရာထက် ပက်လက်လဲရင်း သေဆုံးရခြင်းမျိုး မကြာခဏ တွေ့ဖူးပါ၍ ငွေကြေးလည်းမကုန် လမ်းဘေးခြံစည်းရိုးများပေါ်တွင် အလေ့ကျပေါက်နေတတ်သော တောသပွတ်ခါးသီးအား သတိရစေရန်ရည်ရွယ်ရေးသားပါသည် ။

သပွတ်ခါးသီးကို သုံးပိုင်းပိုင်း၍ ရေဖြင့်(၃)ခွက်(၁)ခွက်တင် ကျိုပါ ။  ထမင်းစားဇွန်း(၁)ဇွန်းစာ ပမာဏဖြစ်အောင် ဆတူစပ်ပြီး နံနက်တစ်ဇွန်း ၊ ညနေတစ်ဇွန်း သောက်ပေးရန်ဖြစ်သည် ။ ဝမ်းသွားပါလိမ့်မည် ။ ဝမ်းသုံးကြိမ်လောက် သွားပြီးပါလျှင် ရေကိုဝအောင်ချိုးပြီး ထမင်းဖြူကို ဆီရွှဲရွဲဆမ်း၍ စားပေးခြင်းဖြင့် ဝမ်းလည်းရပ်သွားပြီး အဖောအရောင်လည်း သက်သာပျောက်ကင်းသွားမည်ဖြစ်ပါသည် ။ ဝမ်းတွင်းသားဟူသမျှ ရှောင်ကြဉ်ရမည်ဖြစ်ပါသည် ။

ဤဆေးမြီးတိုကို နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှ ဆောင်းပါးရှင် မောင်ခင်သက်လှိုင် ကရေးထားပြီး ဖောသလား ရောင်သလားမှ ကောက်နုတ်ဖေါ်ပြခြင်း ဖြစ်ပါသည် ။ ဖောရောင်သောဝေဒနာဖြင့် အကြောင်းကြောင်းကြောင့် ဆေးဝါးမကုသဘဲ ရှိနေသူများ အလွယ်တကူရရှိနိုင်သော သပွတ်ခါးသီးဆေးနည်းလေးဖြင့် စမ်းသပ်ကုသကြည့်ပါက အရှုံးမရှိနိုင်ပါ၍ ပြန်လည်ရေးသား ဝေငှမိပါသည် ။