Health & Knowledge

ဆေးဘဲဥ (CENTURY EGG)စားသုံးသူများအထူးဖတ်ရန်ဆိုတဲ့

စာဖတ်ပရိသတ်ကြီးကို ယခုတင်ဆက်မှကတောာ့ ဆေးဘဲဥ (CENTURY EGG)စားသုံးသူများအထူးဖတ်ရန်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးလိုက်တာဖြစ်ပါတယ် ။ဆေးဘဲဥကို (century egg,preserved egg,hundred year egg, thousand year egg, millennium egg ) ထုံးဘဲဥ , ဖီတန် ( တကယ်တော့ တရုပ်လို နာမည်ပါ pidan ) လို့လည်းခေါ်ကြပါတယ် ။ ဟိုတလောက (maggi)လို့ ခေါ်တဲ့လူကြိုက်များတဲ့ခေါက်ဆွဲခြောက် တွေထဲမှာ ခဲဓာတ်တွေ (lead) ပါတာများတာကို အိန္ဒိယမှာ ရှာဖွေတွေ့ရှိခဲ့ လို့ မက်ဂီး ခေါက်ဆွဲတင်သွင်းထုတ်လုပ်မှုကိုရပ်ဆိုင်းပြစ်လိုက်ပါတယ် ။တိုက်တိုက်ဆိုင်ဆိုင် ဆေးဘဲဥကို သတိရမိလို့ ဆေးဘဲဥအကြောင်းလေးမျှဝေဖြစ်တာပါ ။ဆေးဘဲဥကိုတရုတ်နိုင်ငံက နေပြီး စတင်ပေါ်ပေါက်လာတာဖြစ်ပြီး ရိုးရာအားဖြင့် ဘဲဥ ၊ ကြက်ဥ နဲ့ ငုံးဥတွေကို အသုံးပြုကြပါတယ် ။ ပါဝင်တဲ့ပစ္စည်းတွေကတော့ ရွံ့မြေ ၊ ဆား ၊ ထုံး ၊ ထမင်း ပျော့ စတာတွေကိုလိုအပ်သလိုထည့်ပြီးအသုံးပြုကြပါတယ် ။ ဖြစ်စဉ်အားဖြင့် ဘဲဥ အကာဟာ စိမ်းပုတ်ရောင်မှသည် မီးခိုးရောင် ၊ မီးခိုးရောင်မှသည် အညိုနက်ရောင်သို့ပြောင်းလဲသွားပြီး ပြစ်ခဲမှု မှာလည်း အရည်အဖြစ်မှ ဂျယ်လီအဖြစ်သို့ပြောင်းလဲသွားပါတယ် ။အနံ့ မှာလည်း ကန့်( sulphur )နှင့် အမိုးနီးယား (ကျင်ငယ်ရေနံ့ ) ဘက်သို့ ပြောင်းလဲသွားပါတယ် ။ PH level သည်လည်း( ၉ -၁၀) ကြားပြောင်းလဲပြီး ပြင်းအားများသော အယ်လ်ကာလိုင်း ဖြစ်သွားပါတယ် ။ ယနေ့ စားသုံးသူတို့ရဲ့ လိုအပ်ချက် များလားပြီးဝယ်လိုအားတိုးလာသောကြောင့် ထုတ်လုပ်သူတို့က လအနည်းငယ်ကြာ ပြုလုပ်ရသော ဆေးဘဲဥဖြစ်စဉ်ကို ရက်ပိုင်းနှင့်ပြုလုပ်နိုင်ရန် နည်းလမ်းများ ရှာဖွေ့ လာကြပ(calcium hydroxide) နှင့် (sodium carbonate) ပျော်ရည်တွင် ဘဲဥကိုစိမ်ခြင်းက ဆယ်ရက်အတွင်း ပုံမှန်ရိုးရာနည်း ဖြင့်ပြုလုပ်သော လအနည်းငယ်ကြာ ဆေးဘဲဥကို ပုံမှန်အရသာမပျက်ရရှိစေတာမို့ အချိန်ကုန်ခံထုတ်လုပ်မှုကို ကျော်ဖြတ်နိုင်ခဲ့ပါတယ် ။ ဆိုးကျိူး အနေနဲ့ကတော့ lead (ခဲ) ဓာတ်ပါဝင်မှုတွေတိုးလာတာပါဘဲ ။ ဘဲဥထဲသို့ မြန်မြန်ဆန်ဆန် (hydroxide and sodium) ကို ဝင်ရောက်စေခြင်းက ခဲဓာတ်ကိုတိုးပွားလာစေတာဖြစ်ပါတယ် ။ခဲဓာတ်များခန္ဓာကိုယ်ထဲဝင်ရောက်တာများလျှင် အသက်ဆုံးရံှုးသည်ထိဖြစ်နိုင်ပါတယ် ။ (Lead poisoning) ခဲဆိပ်သင့်ခြင်းရဲ့ဆိုးကျိူးတွေကတော့ – အော့အန်ခြင်း ၊ ဗိုက်နာခြင်း ၊ မောပန်းခြင်း ၊ ကြွက်သားများနာကျင်ခြင်း ၊ ဝမ်းလျောခြင်း ၊ ဝမ်းချူပ်ခြင်း ၊ သုတ်ကောင်များနည်းသွားခြင်း ၊ အာရုံစူးစိုက်မှု နည်းခြင်း ၊ ဦးနှောက်မြေး ရောင်ရမ်းခြင်း ၊ သွားပိုးစားခြင်း ၊ သွေးပေါင်တက်ခြင်း မှသည် အသက်သေဆုံးသည်ထိဖြစ်နိုင်ပါတယ် ။ခဲဆိပ်သင့် နေသလားဆိုတာကိုသိချင်ရင်တော့ သွေးဖောက်စစ်ဆေးရင်သိနိုင်ပါတယ် ။ သွေးထဲမှာ ခဲဓာတ် ပါဝင်မှု (၁၀) မိုက်ခရိုဂရမ် ပါ ဒက်ဆီလီတာ ထက်ကျော်နေဘီဆိုရင်တော့ ခဲဓာတ် အဆိပ်မသင့်သေးသည့်တိုင်အောင် ခဲဓာတ်များနေဘီလို့ သတ်မှတ်ပါတယ် ။ ဗာဟုသုတ အနေနဲ့မျှဝေချင်တာလေးကတော့ ခဲဆိပ်သင့်ခြင်းဟာ အစားအသောက်ခုတည်းကနေ နိုင်တာမဟုတ်ပါဘူး ။ခဲနဲ့ ထိတွေ့သော သူများအားလုံး ရနိုင်တာဖြစ်ပြီး ၊ ခုရေးသားသော အကြောင်းအရာလေးကတော့ လူအများစု သတိမထား နိုင်သော အကြောင်းအရာလေးတခုကိုသာ ဖော်ပြခြင်းဖြစ်ပါတယ် ။ အိမ်သုတ်ဆေး ကိုင်သူ ၊ ဘထ္ထရီ အိုးပြင်သူ ၊ ခဲဂဟေတို့သူ ၊ ဓာတ်ရောင်ခြည် ကာကွယ်သော ခဲအကျီၤဝတ်သူ ၊ မာကျူရီနှင့်ခဲဓာတ်ပါ သော ဓာတ်ခဲထုတ်လုပ်သော နေရာတွင်အလုပ်လုပ်သူ ၊ ခဲ ကျည်ဆန်ကိုင်သူ၊ စသောခဲနှင် ထိတွေ့သူတွေ မှာ ခဲဆိပ်သင့်ခြင်းဖြစ်နိုင်ပါတယ် ။
#CREDIT