Celebrities

လက်ရှိနေထိုင်နေတဲ့ ရုံးနဲ့အိမ်တွဲလျက်လေးကို ပရိသတ်ကြီးကို မိတ်ဆက်ပေးလိုက်တဲ့ နေခြည်ဦ

နေခြည်ဦးကတော့ Beauty by Naychi Page လေးကနေတဆင့် ပရိသတ်သတိထားမိလာသူတစ်ယောက်ဖြစ်ပြီး အခုဆိုရင်တော့ အချိန်တိုအတွင်းမှာ ပရိသတ်အားပေးတဲ့အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်လာနိုင်ခဲ့သူပါ။

ကိုယ်ပိုင်အရည်အချင်းအပြည့်နဲ့ အဆင့်ဆင့်ကြိုးစားခဲ့သူဖြစ်သလို ဘာပဲလုပ်လုပ် စနစ်တကျနဲ့ လုပ်တတ်သူမို့ အချိန်ခဏလေးအတွင်းမှာ ပရိသတ်သတိထားမိခဲ့သူပါ။ ပြည့်စုံပြီး ဘာပဲလိုလို ထောက်ပံ့ပေးဖို့ အဆင့်သင့်ဖြစ်နေတဲ့မိဘတွေကို ပိုင်ဆိုင်ထားတာကလည်း နေခြည်ဦးရဲ့ကောင်းမွန်တဲ့အတိတ်ကံလို့ ဆိုရမှာပါ။ နေခြည်ကတော့ အရင်တုန်းက မိဘအိမ်မှာအတူနေပြီး အခုဆိုရင်တော့ ရုံးနဲ့အိမ်တွဲလျက်ဖွဲ့စည်းထားတဲ့ အိမ်လေးမှာ ပြောင်းနေနေပါတယ်တဲ့။ အိမ်သစ်လေးကို ရောက်နေတာကြာပြီဖြစ်ပေမယ့် ပြင်ဆင်မှုတချို့မပြီးသေးတဲ့အတွက် ပရိသတ်တွေကို မချပြခဲ့သေးဘဲ ဒီနေ့မှာတော့ သူကိုယ်တိုင်စိတ်ကြိုက်ဖန်တီးထားတဲ့ ကိုယ်ပိုင်ကမ္ဘာလေးကို မိတ်ဆက်ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံက အနုပညာရှင်တွေထဲမှာ Team နဲ့စနစ်တကျ လုပ်တဲ့အနုပညာရှင်တွေ သိပ်မရှိသေးပေမယ့် နေခြည်ကတော့ သူ့ရဲ့ Team ကိုစနစ်တကျ ဖွဲ့စည်းထားကာ သူ့ရဲ့အနုပညာအလုပ်တွေနဲ့ပတ်သက်ပြီး သေချာလုပ်နေတာကို ဒီဗွီဒီယိုလေးထဲမှာ တွေ့မြင်ရမှာပါနော်။ စိတ်တိုင်းကျဖွဲ့စည်းထားတဲ့ နေခြည့်ရဲ့ ရုံးနဲ့ အိမ်အသစ်လေးကို စိတ်ဝင်စားနေမယ့် ပရိသတ်ကြီးအတွက် ချီချီရိုက်ကူးထားတဲ့ ဗွီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
#credit original poster

https://www.facebook.com/watch/?v=2664328927175952