Celebrities

ဂျီဟောသူ ရိုက်ကွင်းကအမှတ်တရတွေကို ဗီဒီယိုလေးနဲ့ ဖော်ပြလာတဲ့ မေမီကိုကို

ပရိသတ်ကြီးရေ မေမီကိုကိုကတော့ MRTV -4 ရုပ်သံဇာတ်လမ်းတွဲတွေကနေတစ်ဆင့်ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း ပရိသတ်အချစ်တော် မေမီကိုကိုပါဝင်သရုပ်ဆောင်ထားတဲ့ “ဂျီဟောသူ” ဇာတ်လမ်းတွဲကလည်း MRTV – 4ရုပ်သံလိုင်းကနေ ပြသနေပါသေးတယ်။ဒီနေ့မှာတော့ မေမီကိုကိုသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဂျီဟောသူ ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးခဲ့စဉ်က ရိုက်ကွင်းနောက်ကွယ်က အမှတ်တရလေးတွေကို ဗီဒီယိုလေးနဲ့ ပရိသတ်တွေအတွက် တင်ဆက်ပေးခဲ့ပါတယ်။ မေမီကိုကိုကလည်း ဗီဒီယိုလေးနဲ့အတူ “ဂျီဟောသူ အဖွဲ့ရဲ့အမှတ်တရလေးတွေ ရှိသလောက်စုစည်းထားပါတယ်” လို့လည်း ဖော်ပြထားပါသေးတယ်။ပရိသတ်တွေကတော့ မေမီကိုကိုတင်ဆက်ပေးခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ရှု့ပြီး သဘောကျနှစ်သက်ပြီး သဘောကျကြောင်းမှတ်ချက်ပေးပြောဆိုနေကြပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း ဂျီဟောသူ ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးချိန်က အမှတ်တရလေးတွေကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုလေးကို ကြည့်ရှုလို့ရအောင် မျှဝေဖော်ပြလိုက်ပါတယ်။

#credit crle gabar