Knowledge

ကန်စွန်းရွက် စားသုံးခြင်းရဲ့ကောင်းကျိုးများ

စာဖတ်ပရိသတ်ကြီးကို ယခုတင်ဆက်မှကတောာ့ ကန်စွန်းရွက် စားသုံးခြင်းရဲ့ကောင်းကျိုးများအကြောင်းတင်ဆက်ပေးလိုက်တာဖြစ်ပါတယ် ။
ကျန်းမာရေး ကောင်းမွန်ဖို့အတွက် အစားအစာတွေကရရှိတဲ့ အာဟာရဓါတ်တွေ ၊ အကျိုးအာနိသင် ကောင်းမွန်တဲ့ ဗီတာမင်ဓါတ်တွေ ရရှိဖို့ လိုအပ်ပါတယ် ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ ဖြစ်ဖို့အတွက်တော့ သန့်ရှင်းလတ်ဆတ်ခြင်း ၊ ဓါတုဆိုးဆေးတွေ မပါဝင်ခြင်းနဲ့ သင်တင့်မျှတတဲ့ အရသာနဲ့ ချက်ပြုတ်ထားတဲ့ ဟင်းလျာဖြစ်ဖို့တော့လိုပါတယ် ။ ကျန်းမာရေးကောင်းမွန်စေတဲ့ အစားအစာတွေထဲမှာ ကန်စွန်းရွက်လည်း ပါဝင်ပါတယ် ။ ကြော်စား ၊ ချဉ်ရည်ဟင်းချက်စားခြင်းလိုမျိုး အစရှိသလို လုပ်စားလို့ရတဲ့ ကန်စွန်းရွက်က ကျန်းမာရေးအတွက် ဘာတွေကောင်းစေသလဲ ဖတ်ကြည့်ပေးပါဦး ။ကန်စွန်းရွက်က ကိုလက်စထရော ကျစေခြင်းနဲ့ ခန္ဓာကိုယ်အလေးချိန်ကျစေဖို့ အထောက်အကူပြုပါတယ် ။ ကန်စွန်းရွက် စားပေးတာက (Triglycoside) လိုမျိုး ကိုလက်စထရောတွေကို လျော့ကျစေတာပါ ။ အသီးအရွက်တွေရဲ့ အဓိက လုပ်ငန်းဆောင်တာကလည်း ကိုလက်စထရောတွေကို လျော့ကျစေဖို့ပါပဲ ။သံဓါတ်လုံလုံလောက်လောက် ရရှိမယ်ဆိုရင် သွေးအားနည်းရောဂါတွေ မဖြစ်စေနိုင်ပါဘူး ။ သံဓါတ်က ကိုယ်ဝန်ဆောင်ချိန်မှာ အရေးတကြီးလိုအပ်ပါတယ် ။ သံဓါတ်ပြည့်ဝနေမယ်ဆိုရင် သွေးနီဥဆဲလ်တွေကောင်းမွန်စွာ လည်ပတ်ဖို့ အထောက်အကူပြုပါတယ် ။ ကန်စွန်းရွက်မှာ ပါဝင်မှုအများဆုံးကတော့ သံဓါတ်ပါပဲ ။ကန်စွန်းရွက်မှာ အမျှင်ဓါတ်တွေ ပါဝင်ပြီး အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အပြင် အစာအိမ်လမ်းကြောင်းမှာ ပြဿနာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ် ။ နောက်တစ်ခုကတော့ ဝမ်းချုပ်တာကို ပျောက်ကင်းစေပါတယ် ။ ဝမ်းချုပ်တဲ့အခါမှာ ကန်စွန်းရွက်ကို ကြော်စားတာနဲ့ ရေလုံပြုတ်စားတာမျိုး ပြုလုပ်ပေးပါ ။မျက်စိအားကောင်းဖို့ ကြိုးစားနေတယ်ဆိုရင်လည်း ကန်စွန်းရွက်လေး စားပေးပါ ။ ကန်စွန်းရွက်မှာ ဗီတာမင် အေ ပါဝင်ပြီး ဗီတာမင် အေက မျက်စိအာရုံကို ကောင်းမွန်စေပါတယ် ။ ကန်စွန်းရွက်မှာ ဗီတာမင် စီ လည်း များများပါဝင်တာကြောင့် နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါသေးတယ် ။ ကန်စွန်းရွက်က ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ (free radicals) တွေကို လျှော့ချပေးတဲ့ ဓါတ်တိုးဆန့်ကျင်မှုအဖြစ် အာဟာရတွေ ပေးစွမ်းနိုင်ပါတယ် ။ ကိုလက်စထရော တိုးတာကို လျှော့ချပေးတဲ့အတွက် သွေးကြော ပိတ်ဆို့တာတွေ မဖြစ်စေတော့ဘဲ နှလုံးနဲ့ လေဖြတ်တာတွေ လျှော့ကျစေပါတယ် ။ မဂ္ဂနီစီယမ်ကတော့ နှလုံးထဖောက်ခြင်းတွေ မဖြစ်စေဖို့ သွေးဖိအား အတက်အကျကို ထိန်းထားပေးနိုင်ပါတယ် ။ကျောက်ကပ်ရောဂါ ရှိလို့ ဆီးသွားခြင်းမှာ ပြဿနာတွေ ရှိနေတယ်ဆိုရင်လည်း ကန်စွန်းရွက် စားပေးဖို့လိုပါတယ် ။ ကန်စွန်းရွက်မှာ ရေဓါတ်များများ ပါဝင်တာကြောင့် ဆီးသွားစေဖို့ အထောက်အကူပြုတာပါ ။ (၁၀၀) ဂရမ်မှာ ရေဓါတ်က (၈၂) ဂရမ်လောက် ပါဝင်ပါတယ် ။ ဒါဆိုရင် ကျော်ကပ်ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ ကူညီပေးပါတယ် ။ကန်စွန်းရွက်မှာ ပါဝင်တဲ့ အာဟာရဓါတ်တွေဟာ အရေပြားဆဲလ်တွေ အသစ်ပြန်လည်ဖြစ်ပေါ်ဖို့အတွက် ကူညီပေးပါတယ် ။ အရေပြားမှာ အမာရွတ်ဖြစ်ပေါ်ခြင်း ၊ အနီစက်တွေ ဖြစ်ပေါ်စေခြင်းကို သက်သာစေနိုင်ပါတယ် ။ အင်းဆက်ကိုက်တာကြောင့် အမာရွတ်ကျန်ခြင်းကို သက်သာစေချင်တယ်ဆိုရင် အနာပေါ် ကန်စွန်းရွက် အေးအေးလေး ကပ်ပေးတာမျိုး လုပ်ပေးပါ ။ခုဆိုရင်တော့ ကန်စွန်းရွက်က ပေးစွမ်းနိုင်တဲ့ အာဟာရတွေကို သိရပြီဆိုတော့ ကန်စွန်းပလိန်း ၊ ကန်စွန်းရွက်ချဉ်ဟင်း ၊ ကန်စွန်းရွက်ပြုတ်ကို တို့စရာအဖြစ် စားပေးလို့ရတယ်နော် ။
#credit original poster