Knowledge

ဖုန်းအရမ်းဆော့လွန်းတဲ့ကလေးကို ပညာပေးလိုက်တဲ့ မိခင်ရဲ့လုပ်ရပ် လူမှုကွန်ယက်မှာရေပန်းစား

ကလေးမိဘများ ဖုန်းဆော့လွန်းတဲ့ မိမိရဲ့ သားသားမီးမီးလေးတွေကို တကယ်ချစ်တယ်ဆိုရင် ဒီနည်းလမ်းလေးကို သုံးလိုက်ကြပါလို့ ချစ်ပရိသတ်ကြီးကို အကြံကောင်းလေးပေးလိုက်ပါရစေ။

ဖုန်း အရမ်းဆော့တဲ့ ကလေးကို ဖုန်းမဆော့နဲ့လို့ ပြောလို့ ပြောမရခဲ့ရင် ကလေး အိပ်ချိန်မှာ Eyeshadow ကို အခုလို ပုံပါတိုင်း လိမ်းပေးလိုက်ပါ..။ ကလေးနိုးလာချိန်မှာ ကလေးရဲ့ မျက်လုံးကိုမြင်တော့ လန့်ပြီးငိုပြ ပြာယာခတ်ပြလိုက်ပါ။ ဒါဆိုရင်ကလေးလည်း ကြောက်ပြီးနောက်ဆော့ရဲတော့မှာ မဟုတ်တော့ပါဘူး..။

ခဏလောက်တော့ ကလေးစိတ်ဆင်းရဲသွားမှာတော့ အမှန်ပါပဲ..။ ဒါပေမယ့် မိမိရဲ့ ရင်သွေးငယ်လေး ဖုန်းဆော့တာများလွန်းလို့ ဦးနောက်၊ မျက်လုံး နှင့် အာရုံကြောများ တစ်ခုခု ပျက်စီး ဆုံးရှုံးလိုက်ရမှာနဲ့ စာရင် တခဏတာ စိတ်ဆင်းရဲစေလိုက်တာ မပြောပလောက်ဘူးလို့ မြင်ပါတယ်။
#credit original poster