ဂျမေကာကျွန်းရှိ အမျိုးသားတစ်ဦးသည် ဒေါ်လာ ၆၀၀၀၀၀ တန်ထီပေါက်ခဲ့သော်လည်း ၎င်းထီပေါက်သည်ကို အခြားလူများသိရှိပြီး ငွေချေးကြမည်ကိုစိုးသောကြောင့် Star Wars ရုပ်ရှင်များရှိ နာမည်ကျော်လူကြမ်းသရုပ်ဆောင် Darth Vader ပုံစံဝတ်စုံကြီးဝတ်ကာ ငွေလာထုတ်ခဲ့သည်။
ဒဗလျူ ဘရောင်း ဟုသာ သိကြသည့် အဆိုပါအမျိုးသားသည် ဂျမေကာ၌ ထီဆုချီးမြှင့်ရေးကို တာဝန်ယူထားသည့် Supreme Ventures သို့ လာရောက်ခဲ့သည်။ ကံကောင်းသည့် အကြောင်းကို မည်သူ့မျှ မပြောရသေးကြောင်း ဘရောင်းကပြောဆိုခဲ့သည်။ ဘဝသည် ခက်ခဲကြမ်းတမ်းခဲ့ပြီး မိဘများ မချမ်းသာသောကြောင့် ယခုထီဆုငွေဖြင့် မိဘများကို ကူညီနိုင်တော့မည်ဖြစ်ကြောင်း ဘရောင်းကပြောဆိုခဲ့သည်။
ဘတ်စ်ကားနှင့် နေအိမ်တစ်လုံးကို ဝယ်ယူလိုပြီး ရင်းနှီးမြှုပ်နှံမှုတချို့ပြုလုပ်မည်ဖြစ်ကြောင်း ဘရောင်းကပြောဆိုခဲ့သည်။ ငွေချေးမည့်သူများကိုလည်း ရှောင်လိုကြောင်း ၎င်းကပြောဆိုခဲ့သည်။
#credit original poster