Knowledge

အဆိပ်အပြင်းဆုံး မြွေပွေးကြီးနဲ့ ရေဘုရင် မိကျောင်း တို့ရဲ့ သတ္တိချင်းပြိုင် ဇီဝိန်ခြွေ ပွဲ

သိရိလင်္ကာနိုင်ငံရဲ့ သဘာဝတောနက်ထဲကို ရောက်ရှိနေတဲ့ Patent Technology Specialist တစ်ဦးဖြစ် တဲ့ Rishani Gunasinghe ဟာ အလွန်ရှားပါးတဲ့ အဖိုးတန်ဓာတ်ပုံတွေ ရယူနိုင်ခဲ့ပါတယ်။ အဲဒါကတော့ ကမ္ဘာ့အဆိပ်အပြင်ဆုံးမြွေတွေထဲမှာ အပါအဝင်ဖြစ်တဲ့ ရက်စ်ဆဲမြွေပွေးကြီးနဲ့ မိကျောင်းတို့ရဲ့ တိုက်ပွဲကို မှတ်တမ်း တင်နိုင်ခဲ့တာပါ။ရက်စ်ဆဲမြွေပွေးဟာ အကြမ်း ဖျဉ်းအားဖြင့် အရှည်လေးပေး ရှိပြီး၊ တုတ်ခိုင်တဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ တွားသွားသတ္တဝါပါ။ ခေါင်းမှာ ပြားချပ်ချပ်ဖြစ်ပြီး ခေါင်းအကျယ် (၂)လက်မလောက်အထိ ရှိတတ်ပါတယ်။ အလွန်ရန်လိုတဲ့သတ္တဝါတွေဖြစ်ပြီး သီရိလင်္ကာမှာတော့ လူအသေအပျောက်အများဆုံးဖြစ်စေတဲ့ တွားသွားသတ္တဝါ ဖြစ်ပါတယ်။ဒီအဖြစ် အပျက်ဟာ Yala National Park အတွင်းက ရေအိုင်ငယ်မှာ ဖြစ်ခဲ့တာပါ။ Rishani တို့အဖွဲ့ဟာ ရေအိုင်ဘေးကနေ ဂျစ်ကားလေးနဲ့ဖြတ်သန်းစဉ်မှာ မိကျောင်းတစ်ကောင်က သားကောင်ချောင်းနေတာကိုတွေ့လို့ ဘာလဲဆိုပြီး ဂျစ်ကားကို ရပ်ကြည့်ခဲ့ပါတယ်။ ထိုစဉ်မှာပဲ တောစစပ်စပ်မှာ နေရောင်နဲ့တူ ဖြူဖြူရှည်ရှည် သဏ္ဍာန် တစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ဒါနဲ့ ကင်မရာတွေကို ပြင်ဆင်ပြီး ကြည့်စဉ်မှာ စပါးအုံးမြွေတစ်ကောင် လို့ ကနဦး ယူဆခဲ့ပါတယ်။ တစ်ခါတလေ အဲဒီရေအိုင်လေးမှာ တစ်ခါတလေ စပါးအုံးမြွေတွေလာ လာပြီး ငါးရှာ ဖားရှာ လုပ်တတ်ကြပါတယ်။ ဒါပေမယ့် ရေအိုင်မှာ သူတို့ရန်သူ မိကျောင်းပေါလို့ နောက်ပိုင်းမှာ မြွေတွေ အရောက်အပေါက် နည်းတ ယ်လို့ Rishani က ဆိုပါတယ်။ဒီလိုနဲ့ မိကျောင်းဟာ သူ့ပိုင်နက်အတွင်း ကျူးကျော်လာတဲ့ မြွေကို လှမ်းဟပ်လိုက်ပါတယ်။ မိမိရရ ဟပ်မိသွားပါတယ်။ ဒါပေမယ့် မြွေက စပါးအုံးမြွေ မဟုတ်ပါဘူး။ ဒီဒေသမှာ နာမည်ကြီး အဆိပ်ပြင်းမြွေပွေးဖြစ်တဲ့ ရက်စ်ဆဲမြွေပွေးကြီး ဖြစ်ပါတယ်။ မိကျောင်းနဲ့တိုက်ခိုက်တဲ့ ဒီရက်စ်ဆဲမြွေပွေးကြီးဟာ အကြီးဆုံးအရွယ်အစားအဖြစ် စံချိန်တင်နိုင် ဖွယ်ရာတောင် ရှိတယ်လို့ Rishani က ဆိုပါတယ်။
မြွေပွေးက လည်း နဂိုကတည်းကမှ ရန်လိုသူပီပီ မိကျောင်းကို ချက်ချင်းအညံ့မခံပါဘူး။ သူ့ရဲ့အဆိပ် ၁၀၀ မီလီဂရမ်ဟာ ကျွဲအကောင်(၂၀)ကို တစ်ပြိုင်တည်း ဘုန်းဘုန်းလဲကျသေစေနိုင်တဲ့ အဆိပ်ကိုပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့်လည်း မိကျောင်းကို ချက်ချင်းတန်ပြန်တိုက်ခိုက်ခဲ့ပါတယ်။ သို့သော်လည်း မိကျောင်းဟာ သူ့လည်ပင်း ကို ပိုင်ပိုင်နိုင်နိုင် ခဲထာပြီမို့ မြွေပွေးအေ နနဲ့ ထိရောက်တဲ့ တိုက်ခိုက် မှု မလုပ်နိုင်ပါဘူး။မိကျောင်းဟာ သူ့ပိုင်နက်အတွင်းမှာ ဖြစ်သည့်အလျှောက် မြွေကိုကိုက်ခဲပြီး၊ ရေထဲမှာ လေးငါးဆယ်ပတ်လောက် အထိ ကိုယ်ကိုလှည့်ကာ မြွေပွေးရဲ့တစ်ဘဝဇာတ် ကို သိမ်းပေး လိုက်ပါတယ်။ မိကျောင်း အတွက်တော့ ဒီတိုက်ပွဲကနေ ခိုင်မာတဲ့နေ့လည်စာတစ်မယ်ကို စစ်နိုင်တဲ့အမြတ်အစွန်းအနေနဲ့ ရရှိခဲ့ပါတယ်။
Crd-thuthulay