Celebrities

အဖေ က အနုပညာအလုပ်တွေ လုပ် ဖို့ ခွင့်ပြုလိုက်ပြီဆို တဲ့ မုံနံ့သာကျော် ရဲအောင်

အဖေ က အနုပညာအလုပ်တွေ လုပ် ဖို့ ခွင့်ပြုလိုက်ပြီဆို တဲ့ မုံနံ့သာကျော် ရဲအောင်

ရုပ်သံဇာ တ်လမ်းတွဲရိုက်တော့မယ်လို့ သိရပါတယ်။ မှုံနံ့သာကျော်ရဲအောင်ဟာ ဖခင်ဖြစ်သူ ကျော်ရဲအောင်ရဲ့ ခွင့်ပြုချက်နဲ့ အနုပညာအလုပ်တွေ လုပ်လာရပြီဖြစ်လို့ ဝမ်းသာနေပါတယ်။

အခုဆိုရင်တော့ သရုပ်ဆောင် သက်မွန်မြင့်၊ ကောင်းပြည့်၊ ထွန်းကိုကို တို့နဲ့ ဇာတ်လမ်းတွဲရိုက်တော့မယ်လို့ သိရပါတယ်။

သရုပ်ဆောင် ကျော်ရဲအောင်ကတော့ သမီးဖြစ်သူ မှုံနံ့သာကျော်ရဲအောင်ကို အနုပညာအလုပ်တွေ လုပ်ဖို့ ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။ အရမ်းဖြစ်ချင်နေတဲ့အရာတစ်ခု ဖြစ်မြောက်သွားလို့ ဝမ်းသာနေတယ်လို့လည်း မှုံနံ့သာကျော်ရဲအောင်က မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။“ဖေကြီးကတော့ ဒီအလုပ်လုပ်မယ်ဆိုရင် အဓိက ကတော့ စိတ်ပေါ့နော်။ဘယ်လောက်အထိ Mood သွင်းနိုင်မလဲ၊ အိမ်မှာဆိုလည်း ဖေကြီး သင်ပြပေးတာတွေရှိတယ်။ ညီမက အခု ၁၀ တန်းပြီးသွားပြီဆိုတော့ သရုပ်ဆောင်အလုပ်လုပ်ဖို့ ခွင့်ပြုသွားပါပြီ။ အရင်တုန်းကဆို ဇာတ်ကားအရမ်းရိုက်ချင်တာ အခုတော့ ညီမရဲ့ ဆန္ဒတွေ ပြည့်ဝသွားတာပေါ့” လို့ဆိုပါတယ်။

အနုပညာနဲ့ ပတ်သက်လာရင် ငယ်ငယ်ကတည်းက လေ့လာမှုတွေရှိခဲ့တယ်ဆိုတဲ့ မှုံနံ့သာကျော်ရဲအောင်ဟာ အဖေ့ရဲ့ ဇာတ်ကားတွေမှာလည်း တစ်စွန်းတစ ပါဝင်ခဲ့ဖူးသေးတယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ “ရခဲ့သမျှ အရာရာ” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်တော့မယ်လို့ သိရပါတယ်။

“ငယ်ငယ်တုန်းကဆို ဖေကြီး ဇာတ်ကားရိုက်ပြီဆိုရင် ဖြတ်လျှောက်လိုက်၊ ဟိုနား ဒီနားဆိုလည်း ပါတာပဲ၊ အခုတော့ ဇာတ်လမ်းတွဲရိုက်ရတော့မှာဖြစ်တဲ့အတွက် အရမ်းပီတိဖြစ်ရပါတယ်။ဒီဇာတ်ကားရိုက်ဖို့ အတွက်လည်း ဖေကြီးကို လာပြောကြတယ်၊ ညီမကိုယ်တိုင်ကလည်း ဇာတ်လမ်းတွဲ တစ်ခါမှ မရိုက်ဖူးဘူး။

ကာရိုက်တာကတော့ အပြင်ပုံစံနဲ့ ကွာတယ်လေ” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၇ ရက်နေ့မနက်ပိုင်းက “ရခဲ့သမျှ အရာရာ” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွု ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။မှုံနံ့သာကျော်ရဲအောင်ဟာ သူမရဲ့ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး ဖခင်ဖြစ်သူ ကျော်ရဲအောင်ဆီက လေ့လာသင်ကြားမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ အရင်တုန်းက ဇာတ်ကားတွေရိုက်ပြီဆိုရင် ဖေကြီးရှေ့မှာ သရုပ်ဆောင်ပြရတယ်။ ဒီဇာတ်ကားထဲက ကာရိုက်တာကိုတော့ သရုပ်မဆောင်ပြရသေးဘူး။ ဒါပေမယ့်လည်း ဖေကြီးက ပြောပြတာ၊ သင်ပြတာတွေတော့ ရှိပါတယ်။

ကိုယ့်ရဲ့ အရည်အချင်းတွေအပေါ် သုံးသပ်တာမျိုးတွေတော့ မရှိပါဘူး”လို့ ဆက်လက် ပြောပြလာပါတယ်။

မှုံနံ့သာကျော်ရဲအောင် (Mhone Nanthar Kyaw Ye Aung)ကိုတော့ ‘’ဆယ်လီ’’ရုပ်ရှင်ဇာတ်ကားကြီးကနေ စပြီး ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။

အဲဒီနောက် သရုပ်ဆောင် ကျော်ရဲအောင်ရဲ့ သမီးလို့ သိလိုက်ရတဲ့အချိန်မှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ပိုမိုရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ ဖခင်ဖြစ်သူရဲ့ အနုပညာအလုပ်တွေကို လေ့လာနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

unicode

အဖေ က အနုပညာအလုပ်တွေ လုပ် ဖို့ ခွင့်ပြုလိုက်ပြီဆို တဲ့ မုံနံ့သာကျော် ရဲအောင်

ရုပ်သံဇာ တ်လမ်းတွဲရိုက်တော့မယ်လို့ သိရပါတယ်။ မှုံနံ့သာကျော်ရဲအောင်ဟာ ဖခင်ဖြစ်သူ ကျော်ရဲအောင်ရဲ့ ခွင့်ပြုချက်နဲ့ အနုပညာအလုပ်တွေ လုပ်လာရပြီဖြစ်လို့ ဝမ်းသာနေပါတယ်။

အခုဆိုရင်တော့ သရုပ်ဆောင် သက်မွန်မြင့်၊ ကောင်းပြည့်၊ ထွန်းကိုကို တို့နဲ့ ဇာတ်လမ်းတွဲရိုက်တော့မယ်လို့ သိရပါတယ်။

သရုပ်ဆောင် ကျော်ရဲအောင်ကတော့ သမီးဖြစ်သူ မှုံနံ့သာကျော်ရဲအောင်ကို အနုပညာအလုပ်တွေ လုပ်ဖို့ ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။ အရမ်းဖြစ်ချင်နေတဲ့အရာတစ်ခု ဖြစ်မြောက်သွားလို့ ဝမ်းသာနေတယ်လို့လည်း မှုံနံ့သာကျော်ရဲအောင်က မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ဖေကြီးကတော့ ဒီအလုပ်လုပ်မယ်ဆိုရင် အဓိက ကတော့ စိတ်ပေါ့နော်။ဘယ်လောက်အထိ Mood သွင်းနိုင်မလဲ၊ အိမ်မှာဆိုလည်း ဖေကြီး သင်ပြပေးတာတွေရှိတယ်။ ညီမက အခု ၁၀ တန်းပြီးသွားပြီဆိုတော့ သရုပ်ဆောင်အလုပ်လုပ်ဖို့ ခွင့်ပြုသွားပါပြီ။ အရင်တုန်းကဆို ဇာတ်ကားအရမ်းရိုက်ချင်တာ အခုတော့ ညီမရဲ့ ဆန္ဒတွေ ပြည့်ဝသွားတာပေါ့” လို့ဆိုပါတယ်။

အနုပညာနဲ့ ပတ်သက်လာရင် ငယ်ငယ်ကတည်းက လေ့လာမှုတွေရှိခဲ့တယ်ဆိုတဲ့ မှုံနံ့သာကျော်ရဲအောင်ဟာ အဖေ့ရဲ့ ဇာတ်ကားတွေမှာလည်း တစ်စွန်းတစ ပါဝင်ခဲ့ဖူးသေးတယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ “ရခဲ့သမျှ အရာရာ” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်တော့မယ်လို့ သိရပါတယ်။

“ငယ်ငယ်တုန်းကဆို ဖေကြီး ဇာတ်ကားရိုက်ပြီဆိုရင် ဖြတ်လျှောက်လိုက်၊ ဟိုနား ဒီနားဆိုလည်း ပါတာပဲ၊ အခုတော့ ဇာတ်လမ်းတွဲရိုက်ရတော့မှာဖြစ်တဲ့အတွက် အရမ်းပီတိဖြစ်ရပါတယ်။

ဒီဇာတ်ကားရိုက်ဖို့ အတွက်လည်း ဖေကြီးကို လာပြောကြတယ်၊ ညီမကိုယ်တိုင်ကလည်း ဇာတ်လမ်းတွဲ တစ်ခါမှ မရိုက်ဖူးဘူး။

ကာရိုက်တာကတော့ အပြင်ပုံစံနဲ့ ကွာတယ်လေ” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၇ ရက်နေ့မနက်ပိုင်းက “ရခဲ့သမျှ အရာရာ” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွု ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

မှုံနံ့သာကျော်ရဲအောင်ဟာ သူမရဲ့ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး ဖခင်ဖြစ်သူ ကျော်ရဲအောင်ဆီက လေ့လာသင်ကြားမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ အရင်တုန်းက ဇာတ်ကားတွေရိုက်ပြီဆိုရင် ဖေကြီးရှေ့မှာ သရုပ်ဆောင်ပြရတယ်။ ဒီဇာတ်ကားထဲက ကာရိုက်တာကိုတော့ သရုပ်မဆောင်ပြရသေးဘူး။ ဒါပေမယ့်လည်း ဖေကြီးက ပြောပြတာ၊ သင်ပြတာတွေတော့ ရှိပါတယ်။

ကိုယ့်ရဲ့ အရည်အချင်းတွေအပေါ် သုံးသပ်တာမျိုးတွေတော့ မရှိပါဘူး”လို့ ဆက်လက် ပြောပြလာပါတယ်။

မှုံနံ့သာကျော်ရဲအောင် (Mhone Nanthar Kyaw Ye Aung)ကိုတော့ ‘’ဆယ်လီ’’ရုပ်ရှင်ဇာတ်ကားကြီးကနေ စပြီး ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။

အဲဒီနောက် သရုပ်ဆောင် ကျော်ရဲအောင်ရဲ့ သမီးလို့ သိလိုက်ရတဲ့အချိန်မှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ပိုမိုရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ ဖခင်ဖြစ်သူရဲ့ အနုပညာအလုပ်တွေကို လေ့လာနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
#credit original poster