Celebrities

သမီးတစ်ယောက်မွေးထားတဲ့ ခေးမေမေဖြစ်ပေမယ့်လည်း လူတိုင်းအားကျရပြီးအပျိုရှုံးအောင်နုပျိုလှပနေတဲ့ မြတ်ရတနာကျော်

ချစ်ပရိသတ်ကြီးရေ music videoလေးတွေကတစ်ဆင့် နာမည်ကျော်ကြားလာခဲ့ပြီး ချစ်စရာကောင်းတဲ့တိုင်းရင်းသူမလေး မြတ်ရတနာကျော်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ချစ်စဖွယ်အမူအရာလေးတွေနဲ့ ကလေးတစ်ယောက်လိုချစ်စရာကောင်းတဲ့သူလေးဖြစ်ပြီး ယခုဆိုရင်သာယာပျော်ရွှင်ဖွယ်အိမ်ထောင်တစ်ခုကို အာဘွိုင်းနဲ့အတူတည်ထောင်ထားတာဖြစ်ပြီး ချစ်စရာသမီးလေးscarlettကိုလည်း ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

သရုပ်ဆောင်မင်းသမီးချောလေး မြတ်ရတနာကျော်ကတော့ အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားတာပါနော်။ မြတ်ရတနာကျော်တို့မိသားစုလေးဟာ ချစ်ခင်ကြည်နူးစွာနဲ့ ပျော်စရာကောင်းတဲ့မိသားစုလေးဖြစ်ပြီး ခင်ပွန်းဖြစ်သူအာဘွိုင်းဟာလည်း အလိုက်သိပြီးromanticဆန်တဲ့သူပါနော်။ ဒါ့ပြင် မြတ်ရတနာကျော်ဟာလည်း ကလေးအမေလို့ထင်မှတ်စရာမရှိအောင်ကို တစ်သားမွေးတစ်သွေးလှနေတာဖြစ်ပါတယ်။


မြတ်ရတနာကျော်က ကိုရီးယား မင်းသမီးလေးလို နုဖတ်လှပနေပြီး ကလေးအမေလို့ ထင်ရက်စရာမရှိလောက်အောင် ချောမောနေတာပါ။ ယနေ့မှာတော့ မြတ်ရတနာကျော်က အိမ်နေရင်း ပုံစံလေးနဲ့ မြင်သူငေးရလောက်အောင် အလှတွေပိုနေတဲ့ ပုံလေးတွေကို တင်ပေးလါတာပါ။ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိ လှနေတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ပြီး အချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်…. ။

#credit myanmarload