Celebrities

အချစ်နဲ့ပတ်သက်တဲ့ သူမရဲ့အမြင်လေးတွေကို ဖွင့်ဟလာခဲ့တဲ့ ခြူးလေး

ပရိသတ်ကြီးရေ … MRTV-4 မင်းသမီးလေး ခြူးလေးကတော့ ဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ ဝန်းရံအားပေးခဲ့ကြတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ် ။ မကြာသေးမီကမှ ပြီးဆုံးသွားခဲ့တဲ့ သူမရဲ့ အချစ်ရေးကြောင့် အတော်လေးခံစားခဲ့ရတာကို ပရိသတ်တွေအားလုံးသိပြီးဖြစ်မှာပါ ။

ပရိသတ်တွေကလည်း လက်ရှိ သူမရဲ့ အချစ်ရေးအခြေနေတွေကို စိတ်ဝင်စားနေကြပြီး ခြူးက သူမရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး အမြင်လေးတွေကို ဖွင့်ဟလာခဲ့ပါတယ် ။ အမေက ငယ်ငယ်က မုန့် ဝယ်မကျွေးဘူး မချစ်ဘူး ဒီလိုဘဲ အသေမှတ်ထားလိုက်တယ် ဒီလိုပါဘဲ အချစ်ဆိုတာ ကိုယ် ခံယူချင်တဲ့ ပေတံ နဲ့ တိုင်းနေသ၍ တော့ အချစ်နဲ့ ဝေး နေဦးမှာ ဘဲ…. ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့အချစ်ပေါ်ထားတဲ့အမြင်လေးကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။


ခြူးရဲ့ ပရိသတ်တွေကတော့ စာသားလေးကအရမ်းကိုထိမိလွန်းတယ်ဆိုတဲ့ မှတ်ချက်လေးတွေပေးထားကြပြီး သူတို့ရဲ့အချစ်နဲ့ပတ်သက်တဲ့ အမြင်လေးတွေကိုလည်း ပြန်လည်မှတ်ချက်တွေပေးထားကြတာတွေ့ရပါတယ် ။ ခြူးကိုချစ်တဲ့ Cele Gabar ပရိသတ်ကြီးရော ခြူးလေးရဲ့အမြင်နဲ့ထပ်တူကျရဲ့လားမှတ်ချက်ပေးခဲ့ပါဦးနော် ။

Source : Chue Lay
Emily (Cele Gabar)
#credit celegabar