Celebrities

ရွှေထူးသီချင်းနဲ့ တအားကိုလိုက်ဖက်နေတဲ့ မိုးဟေကိုရဲ့ အမိုက်စား Tik Tok

ပရိသတ်ကြီးရေ …. မော်ဒယ်လ် သရုပ်ဆောင်တစ်ယောက် အဖြစ် အနုပညာလောကမှာ အချိန်အတော်ကြာ ရပ်တည်နေခဲ့တဲ့ မင်းသမီးလေးကတော့ မိုးဟေကိုပါ ။ နန်းဆန်ပြီး ဆွဲဆောင်မှုရှိတဲ့ သူမရဲ့ အလှတရားတွေ နဲ့ အမိုက်စားဖက်ရှင်တွေကတော့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ အချက်လို့ဆိုရမှာပါ ။

လတ်တလောမှာတော့ ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ အဆိုတော် ရွှေထူးရဲ့ မကဆယ်လီသားကတစ်လီ ဆိုတဲ့ ခပ်မြူးမြူးသီချင်းလေး နဲ့ရိုက်ကူးထားတဲ့ သူမရဲ့ Tik Tok လေးက တော့ သူမရဲ့ ဟန်ပန်နဲ့ အရမ်းကို ကိုက်ညီမှုရှိပြီး လိုက်ဖက်လွန်းနေတာကြောင့် ပရိသတ်တွေ တော်တော်လေး အကြိုက်တွေ့နေကြတာပါ ။ သီချင်းထဲက ခပ်ချေချေ ဘာမထီမမ ရဲ့ ဟန်ပန်တွေကတော့ မိုးဟေကိုနဲ့ အရမ်းကိုလိုက်ဖက်နေတာပါ..။


သူမရဲ့ ဖက်ရှင်ကျကျနဲ့ အမိုက်စား ခပ်ချေချေ ပုံရိပ်တွေကတော့ ပုရိသ ပရိသတ်တွေအတွက် ရူးခါသွားလောက်ပါတယ် ပရိသတ်ကြီးရေ ..။ မိုးကိုချစ်တဲ့ Cele Gabar ပရိသတ်ကြီးအတွက် မိုးဟေကိုရဲ့ အမိုက်စား Tik tok လေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော် ။

Moe Hay Ko ❤
#credit celegabar