Celebrities

ဘာမှမပြင်ဆင်ထားတဲ့ ကပိုကရိုပုံစံလေးနဲ့တောင်လှနေတဲ့ ချစ်ဇနီးချောလေးကိုကြည့်ကာ ချစ်မဝဖြစ်နေရတဲ့ ရွှေထူး

အနုပညာလောကမှာ အောင်မြင်မှုကိုယ်စီနဲ့ရပ်တည်နေကြတဲ့ ပရိသတ်အချစ်တော်လေးတွေထဲမှာတော့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ဇနီးမောင်နှံကလည်း အပါအဝင်ဖြစ်ပါတယ်နော်။ ရွှေရွှေတို့စုံတွဲလို့ အားလုံးကချစ်စနိုးခေါ်ဝေါ်ကြတဲ့ သူတို့ဇနီးမောင်နှံကတော့ အများကအားကျရလောက်အောင်ကို ချစ်တတ်ကြတာ ဖြစ်ပါတယ်။ ရွှေထူးကလည်း သူ့ဇနီးလေးကိုအရမ်းကြင်နာတတ်သလို ရွှေမှုံကလည်း ခင်ပွန်းကိုဂရုစိုက်တတ်တာ ဖြစ်ပါတယ်။

ချစ်သူဘဝကနေ လက်ထပ်ထိမ်းမြားပြီး အိမ်ထောင်သည်ဘဝကိုပြောင်းလဲခဲ့တဲ့ ရွှေရွှေတို့စုံတွဲလေးကတော့ မျက်စိအောက်ကအပျောက်မခံနိုင်လောက်အောင် ချစ်နေကြတာ ဖြစ်ပါတယ်။ အိမ်ထောင်သက်တမ်းတစ်နှစ်ကျော်လာခဲ့ပြီဖြစ်တဲ့ ရွှေထူးတို့ဇနီးမောင်နှံက သာယာပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးကိုအတူတည်ဆောက်ထားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရွှေထူးတို့စုံတွဲလေးက ပျော်ပျော်ရွှင်ရွှင် ခရီးထွက်နေကြတာ ဖြစ်ပါတယ်။

အခုလည်း ရွှေထူးက ဟဲဟိုးကိုရောက်ရှိပြီဖြစ်ကြောင်း ပုံလေးနဲ့တကွတင်ထားသလို သူအရမ်းချစ်ရတဲ့ဇနီးချောလေးရဲ့ပုံရိပ်တွေကိုလည်း မျှဝေထားတာ ဖြစ်ပါတယ်။ ဘာမှမပြင်ဆင်ထားရင်တောင် သဘာဝအတိုင်းလှနေတဲ့ ဇနီးချောလေးကို ရွှေထူးတစ်ယောက် ချစ်မဝဖြစ်ကာ ပုံလေးတွေရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရွှေထူးနဲ့ ရွှေမှုံရတီတို့ဇနီးမောင်နှံရဲ့ခရီးသွားပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


#CREDIT ORIGINAL POSTER