Celebrities

ဆံပင်လေးကို ရှေ့ဆံမြိတ်လေးညှပ်ကာပြောင်းလဲထားလို့ လူငယ်လေးပိုဆန်သွားပြီး ချစ်စရာကောင်းနေတဲ့ စိုးမြတ်နန္ဒာ

အကယ်ဒမီစိုးမြတ်နန္ဒာကတော့ လက်ရှိမှာဆိုရင် အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေတာဖြစ်ပြီး ချစ်ရတဲ့မိဘနှစ်ပါးကို ပြုစုစောင့်ရှောက်ကာ “မင်းသမီး ပိုးထည်တိုက်”ကိုလည်း တိုးတက်အောင် ဦးဆောင်ပေးနေတာဖြစ်ပါတယ်။မကြီးစိုး၊စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ ညီအစ်မတွေကတော့ အားတဲ့အချိန်တိုင်းမှာ မင်းသမီးပိုးထည်တိုက်ကို လာရောက်ပြီး ဈေးကူရောင်းပေးပါတယ်နော်။စိုးမြတ်နန္ဒာကတော့ ဆိုင်မှာပဲ ပင်တိုင်ထိုင်ပြီး သေချာစီမံခန့်ခွဲတာကြောင့် အခုဆိုရင် ဆိုင်လေးကလည်း ပိုပြီးအောင်မြင်လာပါတယ်။

ပရိသတ်တွေကတော့ စိုးမြတ်နန္ဒာကို အနုပညာအလုပ်တွေမလုပ်ပေမယ့်လည်း အားပေးနေကြဆဲဖြစ်ပြီး တစ်နေ့တစ်ခြားပိုပိုပြီးချစ်နေရတာဖြစ်ပါတယ်။စိုးမြတ်နန္ဒာကလည်း သဘောကောင်းမနောကောင်းပြီး ဖော်ရွေတတ်သူလေးဖြစ်လို့ လူချစ်လူခင်ပေါများကာ သူမတို့ မင်းသမီးပိုးထည်တိုက် ကလည်း အရမ်းရောင်းရနေတာဖြစ်ပါတယ်နော်။ဒါဒါက ဆယ်ကျော်သက်အရွယ် သားလေးကိုလည်း သေချာဂရုစိုက်ပေးပြီး မိခင်မေတ္တာတွေအပြည့်အဝပေးတဲ့ မိခင်ကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။

ကလေးတစ်ယောက်အမေဖြစ်ပေမယ့် နုငယ်ပျိုမျစ်နေတဲ့ အလှအပတွေက အပျိုတုန်းကလိုပဲ လှပနေတာကြောင့် ယနေ့အချိန်ထိတိုင် အရွယ်တင်နေတာဖြစ်ပါတယ်။အခုဆိုရင်လည်း ရှေ့ဆံမြိတ်လေးကို ညှပ်ထားပြီး လူငယ်လေးပိုဆန်ကာ ပိုပြီးချစ်စရာကောင်းသွားပါတယ်နော်။ဘယ်လိုနေနေ အမြဲလှပနေတဲ့ ဒါဒါကတော့ ဒီဆံပင်ကေလေးနဲ့လည်း အရမ်းလိုက်ဖက်နေပြီး ပိုပြီးနုပျိုသွားတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။
#credit myanmarload