Celebrities

ဒီးဒုတ်ရေတံခွန်မှာ ပျော်ပျော်ပါးပါးရေကစားရင်း ရေစိုစိုအလှတရားတွေနဲ့ ရင်ခုန်ချင်စရာကောင်းအောင်လှနေတဲ့ ပွင့်နဒီမောင်

ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချော ပွင့်နဒီမောင်ကတော့ ပရိသတ်တွေအားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဝါရင့်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ပွင့်နဒီမောင်က သရုပ်ဆောင်ပိုင်းမှာ သူမတူအောင်ထူးချွန်ပြီး ကျရာဇာတ်ရုပ်မရွေး သဘာဝကျပီပြင်အောင် သရုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။ တစ်ချိန်က ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတွေများစွာ ရိုက်ကူးခဲ့ရတဲ့ ပွင့်နဒီမောင်က ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပွင့်နဒီမောင်က ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ် သရုပ်ဆောင်ထူးခြားနဲ့အတူ ဝက်နံရိုးမီးတောက်ဟင်းလျာကို ချက်ပြုတ်ရောင်းချပြီး အောင်မြင်နေတာ ဖြစ်ပါတယ်။ နှစ်တွေပြောင်းလဲသွားပေမယ့် မပြောင်းလဲတဲ့အလှတွေနဲ့ နုပျိုနေဆဲဖြစ်တဲ့ ပွင့်နဒီမောင်ကတော့ အခုချိန်အထိ အချိုးအစားပြေပြစ်တဲ့ ခန္ဓာကိုယ်လေးကို ထိန်းသိမ်းထားနိုင်တာ ဖြစ်ပါတယ်။ အခုတော့ ပွင့်နဒီမောင်က ချစ်ရတဲ့သူတွေနဲ့အတူ ပျော်ရွှင်စွာခရီးထွက်နေတာ ဖြစ်ပါတယ်။

ပွင့်နဒီမောင်က ချစ်ရတဲ့သူငယ်ချင်းတစ်စုနဲ့အတူ ဒီးဒုတ်ရေတံခွန်ကိုသွားရောက်လည်ပတ်ပြီး ပျော်ပျော်ပါးပါး ရေဆော့ကစားခဲ့တာ ဖြစ်ပါတယ်။ လူငယ်လေးတစ်ယောက်လို အပြတ်လန်းနေတဲ့ ပွင့်နဒီမောင်ကတော့ ရေစိုစိုအလှတရားတွေနဲ့ ဆွဲဆောင်မှုရှိနေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ပွင့်နဒီမောင်ရဲ့အမိုက်စားအလှပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
#credit myanmarload