Celebrities

တလက်လက်တောက်ပနေတဲ့ ရတနာပစ္စည်းလေးတွေနဲ့ အရမ်းပဲလိုက်ဖက်ပြီး မျက်စိကျိန်းလောက်အောင်လှနေတဲ့ မေကဗျာ

မင်းသမီးချောလေး မေကဗျာကတော့ ချစ်မွှေးပါတဲ့ မင်းသမီးချောလေး တစ်ယောက်ဖြစ်ပြီး သူမရဲ့ဗီဒီယိုဇာတ်ကားအများအပြားကိုလည်း ပရိသတ်တွေက အားပေးကြပါတယ်နော်။မေကဗျာက သမီးတစ်ယောက်မွေးဖွားထားတဲ့ မိခင်တစ်ယောက်ဖြစ်ပေမယ့် ကလေးတစ်ယောက်အမေလို့ ထင်ရက်စရာမရှိလောက်အောင် လှပနုပျိုပြီး ချစ်စရာကောင်းနေတာဖြစ်ပါတယ်။မေကဗျာကတော့ လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပါတယ်နော်

မေကဗျာက ဒီဇိုင်းပိုင်းကို သေချာလေ့လာသင်ယူနေတာဖြစ်ပြီး အင်္ကျီလှလှလေးတွေချုပ်လုပ်နေတာဖြစ်ပါတယ်နော်။မေကဗျာက အခုလတ်တလောမှာဆိုရင် သူမရဲ့ကိုယ်ပိုင်စီးပွားရေးလေးဖြစ်တဲ့ စက်ရုံကိုလည်း ပုံမှန်လည်ပတ်အောင် လုပ်ဆောင်နေပြီး စက်ရုံကထွက်ရှိလာတဲ့ ချိတ်လေးတွေကိုလည်း လိုင်းပေါ်မှာ Live လွှင့်ပြီး ရောင်းချနေတာဖြစ်ပါတယ်။မေကဗျာက စိန်ရွှေရတနာတွေကိုလည်း Live လွှင့်ပြီး ရောင်းချနေတာဖြစ်ပြီး ပရိသတ်တွေကလည်း သူမကိုချစ်လို့အားပေးကြပါတယ်နော်။

မေကဗျာက ရိုးရိုးရှင်းရှင်းလေးနဲ့ ကျက်သရေရှိစွာလှပပြီး အသက်ကြီးလာတယ်လို့တောင်မထင်ရဘဲ ဟိုးတုန်းကအတိုင်းပါပဲနော်။အခုဆိုရင်လည်း စိန်နန်းတော်ရဲ့ အရမ်းလှတဲ့ ရတနာပစ္စည်းလေးတွေကို ဝတ်ဆင်ထားပြီး လူတောင်မှားရလောက်အောင် တလက်လက်တောက်ပပြီး လှနေတာဖြစ်ပါတယ်။သူမဝတ်ဆင်ထားတဲ့ ရတနာလေးတွေနဲ့ အရမ်းပဲလိုက်ဖက်ညီနေပြီး မျက်စိကျိန်းလောက်အောင် လှနေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။
#credit myanmarload