Celebrities

ခါးလေးကိုလှုပ်ခါရမ်းကာ မြူးကြွတဲ့ သံစဉ်တွေနဲ့ အပြတ်ဒွန့်ပြလိုက်တဲ့ နေခြည်ဦးရဲ့ ဗီဒီယိုဖိုင်

မင်းသမီးချောလေး နေခြည်ဦးကတော့ Beauty Blogger အဖြစ် လူသိများအောင်မြင်လာခဲ့ပြီးနောက်ပိုင်းမှာ သရုပ်ဆောင်အဖြစ် အနုပညာလောကကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေ စတင်ရိုက်ကူးခဲ့တဲ့ နေခြည်ဦးက ပထမဆုံးရုံတင်ပြသတဲ့ “ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေရဲ့လက်ခံအားပေးမှုကို ပိုမိုရရှိခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ နေခြည်ဦးက ကြော်ငြာနဲ့ ဇာတ်ကားတွေအပြင် ဇာတ်လမ်းတွဲတွေပါ ရိုက်ကူးနေရတာ ဖြစ်ပါတယ်။
သွက်လက်ထက်မြက်တဲ့ နေခြည်ဦးက ခေတ်ရေစီးကြောင်းနဲ့ လိုက်လျောညီထွေစွာ နေထိုင်တတ်ပြီး ဖက်ရှင်တွေကအစ အမြဲတမ်းခေတ်မှီဆန်းသစ်နေတာ ဖြစ်ပါတယ်။ လူငယ်ပရိသတ်တွေရဲ့အားပေးမှုအများဆုံးရရှိနေသူလေးလည်းဆိုလည်းမမှားပါဘူးနော် ။အခုလည်း မြူးကြွတဲ့ သံစဉ်တွေနဲ့ အပြတ်ဒွန့်ပြထားတဲ့ ဗီဒီယိုလေးကို ဖော်ပြထားတာတွေ့ရပါတယ်။
ဗီဒီယိုလေးထဲမှာ ချီတစ်ယောက် ကသွားတာ အရမ်းလန်းပြီး ချစ်ဖို့အရမ်းကောင်းနေတာလည်းဖြစ်ပါတယ်။cele zone ပရိသတ်ကြီးလည်း ချီချီရဲ့ ဗီဒီယိုလေးကို ကြည့်ရှုနိုင်စေရန်မျှဝေပေးလိုက်ပါတယ်။ချီလည်းရှေ့ဆက်ပြီး ဒီထက်မကအောင်မြင်မှုတွေရရှိပါစေ ဆုတောင်းပေးလိုက်ပါတယ်။

#credit original poster