Celebrities

ပိုသူလှူ လိုသူကူ အစီအစဉ်မှာ တတ်နိုင်သလောက် ပါဝင်လှူဒါန်းပေးလိုက်တဲ့ ရဲလေး

ရဲလေးကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ဆယ်စုနှစ် နှစ်ခုကျော်လောက်ထိန်းသိမ်းထားနိုင်တဲ့ ပရိသတ်အချစ်တော် အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ ရဲလေးကတော့ လက်ရှိအချိထိကို ပရိသတ်တွေရဲ့ ရင်ထဲရောက်အောင်အမိုက်စားသီချင်းတွေကို ရေဖွဲ့သီဆိုပြီး အနုပညာလောကမှာ နေရာတစ်နေရာအခိုင်အမာရရှိထားတာပါ။

လတ်တလောမှာတော့ရဲလေးက ပိုသူလှူ လိုသူကူ အစီအစဉ်လေးမှာ တတ်နိုင်သလောက် (၁)သိန်းကျပ်ကို ပါဝင်လှူဒါန်းပေးခဲ့ပါတယ်။အခုလို လှူဒါန်းဖြစ်ခဲ့တဲ့ အကြောင်းကို ရဲလေးက သူ့ရဲ့ My Day ကနေပြီးတော့ သူ့ရဲ့ပရိသတ်တွေ သာဓုခေါ်ဆိုလို့ရအောင် ပြန်လည်မျှဝေဖော်ပြလာတာပဲဖြစ်ပါတယ်။ အခုလို လှူဒါန်းရတဲ့ အကျိုးကျေးဇူးကြောင့် အောင်မြင်မှုတွေဒီထက်မကရရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

CeleGabar ပရိသတ်ကြီးတွေလည်း ရဲလေးရဲ့ အလှူလေးကို ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုလို့ရအောင် CeleGabar ကနေ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်။ ပရိသတ်ကြီးတွေလည်း ရဲလေးရဲ့ အလှူလေးကို သာဓုခေါ်ဆိုပြီး ရဲလေးအတွက် ဆုမွန်ကောင်းလေးတွေတောင်းပေးခဲ့ကြပါဦး ပရိသတ်ကြီးရေ။

Chilli – CeleGabar
Source – Ye Tun Min

#credit original poster