Local News

ခင်ဦးမြို့နယ်စက်မှုလယ်ယာဦးစီးဌာရုံးရှေ့ ရေဆိုးမြောင်းထဲ၌ ရေနစ်သေဆုံးနေသော အမျိုးသားအလောင်း ၁လောင်း တွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်စက်မှုလယ်ယာဦးစီးဌာနရုံး(ခွဲ)ရှေ့ ရေဆိုးမြောင်းထဲ၌ ရေနစ်သေဆုံးနေသော အမျိုးသားအလောင်း ၁ လောင်းတွေ့ရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် ထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ခင်ဦး-ရေဦးကားလမ်းဘေး မြို့နယ်စက်မှုလယ်ယာဦးစီးဌာနရုံး(ခွဲ)ရှေ့ရှိ အကျယ် ၁၅ ပေခန့်၊ အနက် ၃ ပေကျော်ရှိ ရေဆိုးမြောင်းအိုင်ထဲတွင် လူ ၁ ဦး သေဆုံးနေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် က ဖုန်းနှင့် အကြောင်းကြားသဖြင့် မြို့မရဲစခန်းမှ ခေတ္တစခန်းမှူးရဲအုပ်အောင်အောင် နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ကျော်ကျော်ဦး ၃၅ နှစ် (ဘ)ဦး….. အောင်ချမ်းသာရပ်ကွက်၊ ခင်ဦးမြို့နေသူဖြစ်ပြီး၊ ၎င်းမှာ ဇူလိုင် ၁၉ ရက်နေ့က အရက်ဖြတ်ရန် ခင်ဦးပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသနေစဉ် ဇူလိုင် ၂၀ ရက်နေ့က ဆေးရုံမှပျောက်ဆုံးသွားသဖြင့် မိဘဆွေမျိုးများက လိုက်လန်ရှာဖွေနေသူဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူ ကျော်ကျော်ဦး ၃၅ နှစ်မှာ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် ရဲဆေးစာဖြင့် ခင်ဦးပြည်သူ့ဆေးရုံသို့ “သုခစေတနာ” နာရေးကူညီမှုအသင်းကားဖြင့်ပို့ဆောင်ပြီး ခင်ဦးမြို့မရဲစခန်းမှ သေမှု၊သေခင်းအမှတ်စဉ်-၅/၂၀၂၀ ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း သိရသည်။
ဦးဝိလာသ(S/Hသတင်းဌာန)စစ်ကိုင်းတိုင်း
ရှု့ထောင့်မှု့ခင်းနှင့်အမှန်တရားသတင်းဂျာနယ်
#credit original poster