Celebrities

မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်ခရီးထွက်နေတဲ့အကြောင်း မျှဝေလာတဲ့အိမ့်ချစ်

အိမ့်ချစ်ကတော့ ပရိသတ်အချစ်တော်တစ်ယောက်လည်းဖြစ်သလို အချစ်သီချင်းချိုချိုလေးတွေနဲ့ ပရိသတ်ကိုဖမ်းစားနိုင်လွန်းသူပါ။ အခုဆိုရင်တော့ အိမ်ထောင်ပြုလိုက်ပြီးဖြစ်ပြီး မိသားစုနဲ့အချိန်တွေကုန်နေတာလည်း ဖြစ်ပါတယ်။ သူကတော့ သူ့ရဲ့လှုပ်ရှားမှုတွေကို မကြာခဏဆိုသလို ပရိသတ်ကိုအသိပေးတာပါ။

မကြာသေးခင်ကလည်း ဘုရားမှာဒုတိယမြောက်ရွှေဆွဲကုံးလှူဖြစ်ခဲ့တဲ့အတွက် ဝမ်းသာပီတိဖြစ်နေခဲ့ပါသေးတယ်။ အခုလည်း မိသားစုဝင်တွေနဲ့အတူ မေမြို့ကိုရောက်ရှိနေတာဖြစ်ပါတယ်။ မေမြို့ကိုရောက်ရှိနေတဲ့ပုံရိပ်တွေကိုတော့ အိမ့်ချစ်ကပရိသတ်တွေကို ပြန်လည်မျှဝေလာတာပါ။ အခုအချိန်ကတော့ လူတော်တော်များများက အလည်အပတ်ခရီးတွေထွက်နေကြတာလည်း ဖြစ်ပါတယ်။

အိမ့်ချစ်ကတော့ မိသားစုနဲ့အတူ ပြင်ဦးလွင်ကိုရောက်ရှိနေခဲ့ပြီး ပျော်ရွှင်နေတာပဲဖြစ်ပါတယ်။ အိမ့်ချစ်ကတော့ မကြာသေးခင်ကပဲ “နှမြောတယ်” ဆိုတဲ့ သီချင်းလေးထွက်ရှိထားတာပါ။ နောက်ထပ်ဂီတခြေလှမ်းတွေကို မျှော်လင့်နေကြပြီလား ပရိသတ်ကြီးရေ…
Source : EintChit

#credit original poster