Celebrities

ဦးမန်း ဝင်း ကွယ်လွန်ပြီးမှ ထူးထူး ခြားခြား အိပ်မက်ပေးတဲ့အကြောင်းဇနီးဖြစ်သူမှ ပြောပြလာ

ဦးမန်း ဝင်း ကွယ်လွန်ပြီးမှ ထူးထူး ခြားခြား အိပ်မက်ပေးတဲ့အကြောင်းဇနီးဖြစ်သူမှ ပြောပြလာ
ကျန်ရစ်သူမိသားစုအနေနဲ့ ဦးမန်းဝင်းအတွက် ဘုရားတစ်ဆူ တည်ထားပေးဖို့ အစီအစဉ်ရှိပြီးတော့ ထိုဘုရားတည်ဖို့အတွက် နာရေးကူငွေ ထောက်ပံ့ငွေများအားလုံးကို အသုံးပြုသွားမယ်လို့လည်းပြောကြားသွားခဲ့တာပါ။ဖခင်ဦးမန်းဝင်းကို သားသမီးတွေအမြဲ သာဓုခေါ် ကောင်း မှုကုသိုလ်ပေးနိုင်အောင်နဲ့ ဦးမန်းဝင်းအတွက် ကူငွေထည့်ခဲ့ကြသူတွေပါ ကုသိုလ်ကောင်းမှုရရှိစေဖို့ရည်ရွယ်တယ်လို့လည်း ဒေါ်ခင်အေးက ပြောဆိုသွားခဲ့တာပါ။သမီးဖြစ်သူရဲ့ အိပ်မက်အရကတော့ ဟာသလူရွှင်တော်ကြီးဦးမန်းဝင်းတစ်ယောက် ကောင်းရာ မွန်ရာသို့ရောက်ရှိသွားလောက်ပြီ လို့ ယူ ဆရပါတယ်နော်။ ကျွန်တော်တို့ ရွှေရောင်မြန်မာ အဖွဲ့သားများကလည်းဦးမန်းဝင်းတစ်ယောက် ကောင်းရာမွန်ရာ သို့ အမြန်ဆုံးရောက်ရှိ နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်။လူအများ ကို နှစ်ပေါင်းများစွာ ပျော်ရွှင်ရအောင် ဖျော်ဖြေပေးခဲ့တဲ့ ဟာသအနုပညာရှင်ကြီး တစ်ဦး ဖြစ်တဲ့ ဦးမန်းဝင်းကတော့ သူချစ်တဲ့ မိ သားစုနဲ့ ပရိသတ်ကြီးကို စွန့်ခွာကာဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ဦးမန်းဝင်းရဲ့ အသုဘကို အနုပညာရှင် ပေါင်းများစွာ ဟာသလူရွှင်တော်တပည့်တပန်းများစွာတို့ လိုက်ပါပို့ဆောင် ခဲ့ကြတာကိုလည်းတွေ့ရပါတယ်။ဦးမန်းဝင်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်အေး က တော့ ဦးမန်းဝင်းကွယ်လွန်သွားပြီးနောက် အိပ်မက်ပေးမှုတွေရှိတယ်ဆိုတဲ့ အကြောင်း အင်တာဗျူးတစ်ခုမှာပြောကြား ခဲ့ပါတယ်။ဒေါ်ခင်အေးက “၁၄ရက်နေ့မှာ သမီးကို အိပ်မက်ပေးတယ် အမိုးအကာပါတဲ့ ကွတ်ပျစ်လေးမှာ ယောဂီ ဝတ်စုံလေးနဲ့ အိပ်နေတယ် သူ့အ တွက် နေစရာ ခိုစရာအရိပ်လေးနဲ့ ယောဂီဝတ်စုံဆိုတော့ အေးအေးချမ်းချမ်းလေး ဖြစ်သွားပြီထင်တယ်…..လို့ ဦးမန်းဝင်း အိပ်မက်ပေးတဲ့ အကြောင်း ဖွင့်ဟလာခဲ့တာပါ။အခုချိန်ထိ ထူးထူးခြားခြား အသံပေးတာ အနံ့ပေးတာမျိုးမရှိသလို သူခရီးထွက်သွားသလိုပဲ ခံစားရပါတယ် လို့ လည်းဆိုပါတယ်။

#credit original poster