Celebrities

ပေါ့ပါးလွတ်လပ်တဲ့ဖက်ရှင်ဒီဇိုင်းလေးနဲ့ အထာကျကျလေး ဂေါက်ရိုက်နေတဲ့သင်ဇာလေးရဲ့ ဗီဒီယိုဖိုင်

ပရိတ်သတ်ကြီးရေ….ပုရိသတွေရဲ့အသည်းကျော် မင်းသမီးချောလေးဖြစ်တဲ့ သင်ဇာ၀င့်ကျော်ကိုအားလုံးသိကြမယ်ထင်ပါတယ်နော်။ သူမဟာ အမြဲမိမိုက်နေတဲ့ ဖက်ရှင်ဒီဇိုင်းတွေနဲ့ပွဲအခမ်းအနားတက်ရောက်လေ့ရှိတာကြောင့် ပရိတ်သတ်တွေကြားရေပန်းစား‌တဲ့ မင်းသမီးတစ်လက်ဆိုလည်း မှားမယ်မထင်ပါဘူး။ သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇာတ်ရုပ်ကို အကောင်းဆုံးပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့် ရုပ်ရှင်ကားကြီးတွေလည်းအောင်မြင်အောင် ရိုက်ကူးထားနိုင်သူလေးပါ။


သင်ဇာ၀င့်ကျော်ဟာ ကျစ်လျစ်လှပတဲ့ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားသူဖြစ်ပြီး မိန်းကလေးချင်းပါ‌အရမ်းကြွေရတဲ့ သူလေးပါ။ သူမဟာ ခန္ဓာကိုယ်လှပဖို့အတွက်လည်း လေ့ကျင့်ခန်းတွေကိုအပြင်းအထန်ကြိုးစားလုပ်လေ့ရှိတဲ့သူလည်းဖြစ်ပါတယ်။ တစ်နေ့တစ်ခြားပိုပိုမိုက်လာတဲ့ သင်ဇာ့ရဲ့ဘော်ဒီလေးကိုကြည့်ပြီး အရမ်းကိုအားကျနေရပါပြီနော်။


သင်ဇာ၀င့်ကျော်ဟာ မိတ်ဆွေအပေါင်းအသင်းတွေနဲ့လည်း ပျော်ပျော်နေတတ်တဲ့သူဖြစ်ပြီး ပကာသနမရှိပဲလွတ်လပ်ပေါ့ပါးစွာနဲ့ သာမန်လူငယ်တစ်ယောက်လိုနေထိုင်လေ့ရှိသူပါနော်။ မကြာသေးမီကလည်းသူမရဲ့ Facebook my dayလေးမှာ‌ golfရိုက်နေတဲ့ပုံလေးတွေကိုတင်ပေးလာပြီး သူမရဲ့မိတ်ကပ်ဆရာမတွေနဲ့အတူ အခွီစနောက်ကြရင်းရိုက်နေတာဖြစ်ပါတယ်။ ကဲ….ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

#credit myanmarload