Knowledge

အဆိပ်ရှိိိိိိသော ငှက်၄ မျိုး

ခေါင်းစဉ်ကြည့်ပြီး အနည်းငယ်တော့ အံသြသွားမယ်ထင်ပါတယ်။ ကျွန်တော်တို့ အများစုသိထားကြတာက ငှက်အများစုဟာ လှပပြီး တချို့ကြမ်းတမ်းတဲ့ သားရဲငှက်တွေဆိုရင် အလွန်ဆုံး နှုတ်သီးနဲ့ ထိုးမယ် ဆိတ်မယ် ၊ ကုတ်မယ် ဖဲ့မယ် ၊ အတောင်ပံနဲ့ တိုက်ခိုက်မယ် ဒီလောက်ပါပဲ။ ဒါပေမယ့် လူသိနည်းတာကတော့ အနည်းငယ်သော ငှက်တွေမှာလည်း အဆိပ်ရှိနေတယ် ဆိုတာပါ။

ဒါပေမယ့် သူတို့အဆိပ်ဟာ မြွေ နဲ့ အခြားအဆိပ်ရှိသတ္တဝါတွေလို ကိုက်တဲ့အဆိပ်မဟုတ်ပဲ သူတို့ရဲ့ခန္ဓာကိုယ်ကို ထိတွေ့ကိုင်တွယ်တာ နဲ့ သူတို့ကိုစားသုံးခြင်းတွေ ပြုလုပ်မှသာ မိတဲ့အဆိပ်ဖြစ်ပါတယ်။ ဒီတခါတော့ အဆိပ်ရှိတဲ့ ငှက် ၄ မျိုး အကြောင်းကို သုတဇုန် မိတ်ဆွေများအတွက် ဗဟုသုတ အနေနဲ့ ဝေမျှသွားပါမယ်။

၁။ The Little Shrikethrush

ဒီငှက်တွေကိုတော့ သြစတြေးလျ ၊ အင်ဒိုနီးရှား နဲ့ နယူးဂီနီ နိုင်ငံတွေမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ သိပ္ပံအမည် Colluricincla megarhyncha ဖြစ်တဲ့ ဒီငှက်တွေဟာ အပူးပိုင်းဒေသ သစ်တောတွေ နဲ့ မြေနိမ့်ဒေသတွေမှာ အများဆုံးနေထိုင်ကြပါတယ်။ ကျောဘက်က အညိုရောင်ရှိပြီး ရင်ဘတ်ကတော့ ဝါကျင့်ကျင့်အရောင်ရှိပါတယ်။ ခန္ဓာကိုယ်အလျားကတော့ ၇လက်မဝန်းကျင်ရှိပြီး အလေးချိန်ကတော့ ၄၀ ဂရမ်ခန့် ရှိတတ်ပါတယ်။
အထီး နဲ့ အမကိုတော့ မျက်စိကွင်းပါမပါ နဲ့ ခွဲခြားနိုင်ပါတယ်။ မျက်စိကွင်းပါရင် အမဖြစ်ပြီး မပါရင်တော့ အထီးဖြစ်ပါတယ်။ သူတို့ရဲ့အကျင်ကတော့ အစာရှာရင်ရှာ မရှာရင် သီချင်းဆိုနေတတ်လေ့ရှိပါတယ်။ အဆိပ်ကတော့ခန္ဓာကိုယ်အရေပြား နဲ့ အမွှေးအတောင်တွေမှာ ရှိနေပါတယ်။ အဓိကကတော့ အဆိပ်ရှိတဲ့ အင်းဆက်တွေကို စားသုံးမှုကြောင့်ဖြစ်ပါတယ်။
၂။ The Spur-Winged Goose

ငှက်ကြီးအမျိုးအစားဖြစ်ပြီး သူ့ရဲ့သိပ္ပံအမည်က Plectopterus gambiensis ဖြစ်ပါတယ်။ အာဖရိကတိုက် ဆာဟာရတောင်ပိုင်းက စွတ်စိုတဲ့ဒေသတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ ခန္ဓာကိုယ်အလျား ၃ပေခွဲခန့် ရှိတတ်ပြီး အလေးချိန်ကတော့ ၁၅ပေါင်ခန့် ရှိတတ်ပါတယ်။ သူတို့ဟာ အုပ်စုလိုက်နေတတ်လေ့ရှိပြီး တခါတရံ အကောင် ၅၀ လောက်အထိ စုနေတတ်ကြပါတယ်။

ဒီငှက်ကတော့ အကောင်တိုင်း အဆိပ်ရှိနေတာမဟုတ်ပဲ အနည်းငယ်သော အကောင်တွေဟာမှာသာ အဆိပ်ရှိနေတတ်ပါတယ်။ အဓိကကတော့ စားသုံးတဲ့ အစားအစာပေါ်မှာ ကွာခြားသွားတာဖြစ်ပြီး အဆိပ်ရှိတဲ့အင်းဆက်တွေကို စားလေ့ရှိတဲ့ အကောင်တွေမှာသာ အဆိပ်ရှိနေတာပါ။ သူတို့ကို မဆင်မခြင်အမဲလိုက်ဖို့ တားမြစ်ထားပြီး နိုင်ဂျီးရီးယားရိုးရာဆေးပညာမှာ အထူးတန်ဖိုးထားခြင်းခံရတဲ့ အမျိုးအစားလည်းဖြစ်ပါတယ်။
၃။ The Common Quail

ငုံးငှက်အမျိုးအစားထဲမှာ ပါဝင်ပြီး သိပ္ပံနာမည်ကတော့ Coturnix coturnix ဖြစ်ပါတယ်။ မြေပြင်ပေါ်မှာ အသိုက်ဆောက်လုပ်နေထိုင်လေ့ရှိပြီး Phasianidae ငှက်မျိုးစိတ်ထဲမှာပါဝင်ပါတယ်။ ဥရောပ နဲ့ အာဖရိကမြောက်ပိုင်းဒေသတွေမှာ အများဆုံး တွေ့ရလေ့ရှိပါတယ်။ ခန္ဓာကိုယ်အရွယ်အစား ၈လက်မဝန်းကျင်ခန့်ရှိပြီး အလေးချိန် ၁၃၀ ဂရမ်ခန့်သာ ရှိတတ်ပါတယ်။
သေးငယ်ကာ လုံးဝန်းတဲ့သဏ္ဍာန်ရှိပြီး အရောင်အားဖြင့် အညိုရောင်ပေါ်မှာ အဖြူစင်းတွေရှိနေပါတယ်။ အထီးတွေရဲ့ မေးကတော့ အဖြူရောင်ဖြစ်ပါတယ်။ မြေပြင်ပေါ်မှာပဲ သွားလာနေထိုင်လေ့ရှိပြီး သူတို့ရဲ့အစာက အပင်ငယ် ၊ အစေ့အဆန်တွေ နဲ့ အင်းဆက်တွေဖြစ်ပါတယ်။ သူတို့အစာတွေထဲမှာ အဆိပ်ရှိတဲ့အပင်ငယ်တွေလည်း ပါဝင်လေ့ရှိပါတယ်။ ဒီလိုငုံးမျိုးကို စားမိရင်တော့ လူလေးယောက်မှာ ၁ယောက်ခန့်ဟာ ကြွက်သားနာကျင်ကိုက်ခဲပြီး နေမကောင်းဖြစ်လေ့ရှိပါတယ်။
၄။ Hooded Pitohui

အလွန်လှပတဲ့ ငှက်တမျိုးဖြစ်ပြီး သူတို့ရဲ့ မူရင်းဒေသကတော့ နယူးဂီနီနိုင်ငံဖြစ်ပါတယ်။ သူ့ရဲ့သိပ္ပံအမည်ကတော့ Pitohui dichrous ဖြစ်ပါတယ်။ ဒီငှက်တွေရဲ့ ခန္ဓာကိုယ်အလျားဟာ ဦးခေါင်းကနေ အမြီးအထိ ၉လက်မဝန်းကျင်ခန့်ရှိပြီး အလေးချိန်အားဖြင့် ၇၀ ဂရမ်လောက်ရှိတတ်ပါတယ်။ ဦးခေါင်းပိုင်းကတော့ အနက်ရောင်ဖြစ်ပြီး ဝမ်းဗိုက်ပိုင်းကတော့ လိမ္မော်ရောင်ဖြစ်ပါတယ်။

ဒီငှက်တွေဟာ Raven ၊ Crow တို့နဲ့ မျိုးနွယ်တူဖြစ်တာကြောင့် ကျီးကန်းနဲ့ ခပ်ဆင်ဆင်တူသလို အသံသာတဲ့ တေးသီငှက်တမျိုးလည်းဖြစ်ပါတယ်။ လှတယ် ၊ အသံသာပေမယ့် ကြောက်ဖို့ကောင်းတာကတော့ အဆိပ်ရှိနေတာပါ။ ၁၉၉၀ ခုနှစ်လောက်က သုတေသနပညာရှင်တယောက်ဟာ ဒီငှက်ရဲ့ အရေပြားကို ကိုင်မိပြီးတဲ့နောက် လက်အပူလောင်သွားခဲ့ပါတယ်။ လေ့လာကြည့်ကြတဲ့အခါမှာတော့ ဒီငှက်မှာ neurotoxin ဆိုတဲ့ အဆိပ်တမျိုးပါဝင်နေတာကို သိခဲ့ရပါတယ်

သူတို့ရဲ့ အဆိပ်ဟာ ကိုလံဘီယာ အဆိပ်ဖားတွေရဲ့ အဆိပ်နဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဒီဖြစ်ရပ်ကို စတင်သိရှိတဲ့ သုတေသနပညာရှင်ဟာ လက်အပူလောင်တဲ့အပြင် ပါးစပ်ပါထုံသွားတဲ့အတွက် ဒေသခံတွေကိုမေးကြည့်တဲ့အခါမှာတော့ ဒီငှက်အမျိုးအစားတွေနဲ့ ဝေးဝေးနေဖို့ပြောကြပါတယ်။ သုတေသနပညာရှင်ဟာ ဒီငှက်ရဲ့ အဆိပ်အနည်းငယ်ကို ရယူပြီး ကြွက်တကောင်ကို ထိုးသွင်းစမ်းသပ်တဲ့အခါ အကြောတချို့သေသွားခဲ့ပြီး အဆိပ်များများထိုးသွင်းတဲ့အခါမှာတော့ အထိုးခံရတဲ့ကြွက်ဟာ တက်ပြီး သေသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒီငှက်တွေဟာ နယူးဂီနီပိုးတောင်မာ (အဆိပ်ရှိ) တွေကို အဓိကစားသောက်ရာကနေ ဒီလိုအဆိပ်ဗီဇ ရရှိခဲ့တယ်ဆိုတာ စစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။
zawgyi
အဆိပ်ရှိသော ငှက် ၄ မျိုး
ခေါင်းစဉ်ကြည့်ပြီး အနည်းငယ်တော့ အံသြသွားမယ်ထင်ပါတယ်။ ကျွန်တော်တို့ အများစုသိထားကြတာက ငှက်အများစုဟာ လှပပြီး တချို့ကြမ်းတမ်းတဲ့ သားရဲငှက်တွေဆိုရင် အလွန်ဆုံး နှုတ်သီးနဲ့ ထိုးမယ် ဆိတ်မယ် ၊ ကုတ်မယ် ဖဲ့မယ် ၊ အတောင်ပံနဲ့ တိုက်ခိုက်မယ် ဒီလောက်ပါပဲ။ ဒါပေမယ့် လူသိနည်းတာကတော့ အနည်းငယ်သော ငှက်တွေမှာလည်း အဆိပ်ရှိနေတယ် ဆိုတာပါ။
ဒါပေမယ့် သူတို့အဆိပ်ဟာ မြွေ နဲ့ အခြားအဆိပ်ရှိသတ္တဝါတွေလို ကိုက်တဲ့အဆိပ်မဟုတ်ပဲ သူတို့ရဲ့ခန္ဓာကိုယ်ကို ထိတွေ့ကိုင်တွယ်တာ နဲ့ သူတို့ကိုစားသုံးခြင်းတွေ ပြုလုပ်မှသာ မိတဲ့အဆိပ်ဖြစ်ပါတယ်။ ဒီတခါတော့ အဆိပ်ရှိတဲ့ ငှက် ၄ မျိုး အကြောင်းကို သုတဇုန် မိတ်ဆွေများအတွက် ဗဟုသုတ အနေနဲ့ ဝေမျှသွားပါမယ်။
၁။ The Little Shrikethrush
ဒီငှက်တွေကိုတော့ သြစတြေးလျ ၊ အင်ဒိုနီးရှား နဲ့ နယူးဂီနီ နိုင်ငံတွေမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ သိပ္ပံအမည် Colluricincla megarhyncha ဖြစ်တဲ့ ဒီငှက်တွေဟာ အပူးပိုင်းဒေသ သစ်တောတွေ နဲ့ မြေနိမ့်ဒေသတွေမှာ အများဆုံးနေထိုင်ကြပါတယ်။ ကျောဘက်က အညိုရောင်ရှိပြီး ရင်ဘတ်ကတော့ ဝါကျင့်ကျင့်အရောင်ရှိပါတယ်။ ခန္ဓာကိုယ်အလျားကတော့ ၇လက်မဝန်းကျင်ရှိပြီး အလေးချိန်ကတော့ ၄၀ ဂရမ်ခန့် ရှိတတ်ပါတယ်။
အထီး နဲ့ အမကိုတော့ မျက်စိကွင်းပါမပါ နဲ့ ခွဲခြားနိုင်ပါတယ်။ မျက်စိကွင်းပါရင် အမဖြစ်ပြီး မပါရင်တော့ အထီးဖြစ်ပါတယ်။ သူတို့ရဲ့အကျင်ကတော့ အစာရှာရင်ရှာ မရှာရင် သီချင်းဆိုနေတတ်လေ့ရှိပါတယ်။ အဆိပ်ကတော့ခန္ဓာကိုယ်အရေပြား နဲ့ အမွှေးအတောင်တွေမှာ ရှိနေပါတယ်။ အဓိကကတော့ အဆိပ်ရှိတဲ့ အင်းဆက်တွေကို စားသုံးမှုကြောင့်ဖြစ်ပါတယ်။
၂။ The Spur-Winged Goose
ငှက်ကြီးအမျိုးအစားဖြစ်ပြီး သူ့ရဲ့သိပ္ပံအမည်က Plectopterus gambiensis ဖြစ်ပါတယ်။ အာဖရိကတိုက် ဆာဟာရတောင်ပိုင်းက စွတ်စိုတဲ့ဒေသတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ ခန္ဓာကိုယ်အလျား ၃ပေခွဲခန့် ရှိတတ်ပြီး အလေးချိန်ကတော့ ၁၅ပေါင်ခန့် ရှိတတ်ပါတယ်။ သူတို့ဟာ အုပ်စုလိုက်နေတတ်လေ့ရှိပြီး တခါတရံ အကောင် ၅၀ လောက်အထိ စုနေတတ်ကြပါတယ်။
ဒီငှက်ကတော့ အကောင်တိုင်း အဆိပ်ရှိနေတာမဟုတ်ပဲ အနည်းငယ်သော အကောင်တွေဟာမှာသာ အဆိပ်ရှိနေတတ်ပါတယ်။ အဓိကကတော့ စားသုံးတဲ့ အစားအစာပေါ်မှာ ကွာခြားသွားတာဖြစ်ပြီး အဆိပ်ရှိတဲ့အင်းဆက်တွေကို စားလေ့ရှိတဲ့ အကောင်တွေမှာသာ အဆိပ်ရှိနေတာပါ။ သူတို့ကို မဆင်မခြင်အမဲလိုက်ဖို့ တားမြစ်ထားပြီး နိုင်ဂျီးရီးယားရိုးရာဆေးပညာမှာ အထူးတန်ဖိုးထားခြင်းခံရတဲ့ အမျိုးအစားလည်းဖြစ်ပါတယ်။
၃။ The Common Quail
ငုံးငှက်အမျိုးအစားထဲမှာ ပါဝင်ပြီး သိပ္ပံနာမည်ကတော့ Coturnix coturnix ဖြစ်ပါတယ်။ မြေပြင်ပေါ်မှာ အသိုက်ဆောက်လုပ်နေထိုင်လေ့ရှိပြီး Phasianidae ငှက်မျိုးစိတ်ထဲမှာပါဝင်ပါတယ်။ ဥရောပ နဲ့ အာဖရိကမြောက်ပိုင်းဒေသတွေမှာ အများဆုံး တွေ့ရလေ့ရှိပါတယ်။ ခန္ဓာကိုယ်အရွယ်အစား ၈လက်မဝန်းကျင်ခန့်ရှိပြီး အလေးချိန် ၁၃၀ ဂရမ်ခန့်သာ ရှိတတ်ပါတယ်။
သေးငယ်ကာ လုံးဝန်းတဲ့သဏ္ဍာန်ရှိပြီး အရောင်အားဖြင့် အညိုရောင်ပေါ်မှာ အဖြူစင်းတွေရှိနေပါတယ်။ အထီးတွေရဲ့ မေးကတော့ အဖြူရောင်ဖြစ်ပါတယ်။ မြေပြင်ပေါ်မှာပဲ သွားလာနေထိုင်လေ့ရှိပြီး သူတို့ရဲ့အစာက အပင်ငယ် ၊ အစေ့အဆန်တွေ နဲ့ အင်းဆက်တွေဖြစ်ပါတယ်။ သူတို့အစာတွေထဲမှာ အဆိပ်ရှိတဲ့အပင်ငယ်တွေလည်း ပါဝင်လေ့ရှိပါတယ်။ ဒီလိုငုံးမျိုးကို စားမိရင်တော့ လူလေးယောက်မှာ ၁ယောက်ခန့်ဟာ ကြွက်သားနာကျင်ကိုက်ခဲပြီး နေမကောင်းဖြစ်လေ့ရှိပါတယ်။
၄။ Hooded Pitohui
အလွန်လှပတဲ့ ငှက်တမျိုးဖြစ်ပြီး သူတို့ရဲ့ မူရင်းဒေသကတော့ နယူးဂီနီနိုင်ငံဖြစ်ပါတယ်။ သူ့ရဲ့သိပ္ပံအမည်ကတော့ Pitohui dichrous ဖြစ်ပါတယ်။ ဒီငှက်တွေရဲ့ ခန္ဓာကိုယ်အလျားဟာ ဦးခေါင်းကနေ အမြီးအထိ ၉လက်မဝန်းကျင်ခန့်ရှိပြီး အလေးချိန်အားဖြင့် ၇၀ ဂရမ်လောက်ရှိတတ်ပါတယ်။ ဦးခေါင်းပိုင်းကတော့ အနက်ရောင်ဖြစ်ပြီး ဝမ်းဗိုက်ပိုင်းကတော့ လိမ္မော်ရောင်ဖြစ်ပါတယ်။
ဒီငှက်တွေဟာ Raven ၊ Crow တို့နဲ့ မျိုးနွယ်တူဖြစ်တာကြောင့် ကျီးကန်းနဲ့ ခပ်ဆင်ဆင်တူသလို အသံသာတဲ့ တေးသီငှက်တမျိုးလည်းဖြစ်ပါတယ်။ လှတယ် ၊ အသံသာပေမယ့် ကြောက်ဖို့ကောင်းတာကတော့ အဆိပ်ရှိနေတာပါ။ ၁၉၉၀ ခုနှစ်လောက်က သုတေသနပညာရှင်တယောက်ဟာ ဒီငှက်ရဲ့ အရေပြားကို ကိုင်မိပြီးတဲ့နောက် လက်အပူလောင်သွားခဲ့ပါတယ်။ လေ့လာကြည့်ကြတဲ့အခါမှာတော့ ဒီငှက်မှာ neurotoxin ဆိုတဲ့ အဆိပ်တမျိုးပါဝင်နေတာကို သိခဲ့ရပါတယ်။