Celebrities

သားအကြီးလေးရဲ့ (၁၁) နှစ်ပြည့်မွေးနေ့ကို ပျော်ပျော်ရွှင်ရွှင်ကျင်းပခဲ့ကြတဲ့ အာဇာနည်တို့ မိသားစု

ဖစ်ဖစ်တုန်၊ ချစ်ချစ်တုန်နဲ့ သဲသဲတုန်တို့ မောင်နှမသုံးယောက်ကို ပိုင်ဆိုင်ထားတဲ့ အာဇာနည်တို့ ဇနီးမောင်နှံဟာ ပျော်စရာမိသားစုဘဝလေးကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့ပါ တယ်။ မိသားစုကိုသိပ်ချစ်တဲ့ ဖခင်ဖြစ်သူနဲ့ မိခင်တာဝန်ရော ဇနီးဝတ္တရားပါ ကျေပွန်တဲ့ မိခင်ဖြစ်သူတို့ ကြောင့် သားသမီးလေးတွေဟာ အပြည့်အဝပျော်ရွှင်အေးချမ်းနေခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်က ကျင်းပခဲ့တဲ့ ဖစ်ဖစ်တုန်လေးရဲ့ (၁၁) နှစ်ပြည့်မွေးနေ့မှာ မိသားစုတွေအတူတူ ပျော်ပျော်ရွှင်ရွှင်ကျင်းပခဲ့ကြပြီး ကြည်နူးစရာအခိုက် အတန့်လေးတွေကို အတူတူကုန်ဆုံးခဲ့ကြ ပါတယ်။ ဖေဖေ့ခြေရာနင်းမယ့်သားလေးကလည်း အခုကတည်းက Drum တီးနည်းသင်တန်းကို တက်ရောက်နေတာမို့ ဖေဖေတစ်ယောက် ကျေနပ်နေခဲ့ပါသေးတယ်။ချစ်ရတဲ့သားကြီးအတွက် မွေးနေ့ဆုတောင်းလေးကို ” ဒီနေ့က သားကြီးရဲ့ မွေးနေ့ မွေးရက် မွေးလ တိုက်တဲ့ နှစ်လေးပေါ့ သားကြီး ဘဝထဲကို ရောက်လာခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီ အလုပ်များများစားစားရှုပ်မနေပေမယ့် မွေးနေ့ မှာ လူကြီးတွေ အလုပ်နည်းနည်းရှုပ်ရှာတယ် ဒါပေမဲ့မအားတဲ့ကြားကနေ birthday လေး လုပ်ဖြစ် တယ်ပေါ့ သားကြီးကျန်းမာပြီးပျော်ရွှင်ဖို့ပဲ ပါပါးမာမားတို့ အရေးကြီးပါတယ် ဘဝမှာ အရေးကြီး တဲ့ အဓိကနဲ့သာမည ခွဲခြားတတ်ပြီး သင့်တင့်လျှောက်ပတ်အောင်နေထိုင်နိုင်ပါစေ သား I wish you all the best my lovely son ကြီး ” ဆိုပြီး ဖေဖေက ဆုတောင်းပေးခဲ့ပါတယ်။
(ဇော်ဂျီဖြင့်ဖတ်ရန်)
သားအကြီးလေးရဲ့ (၁၁) နှစ်ပြည့်မွေးနေ့ကို ပျော်ပျော်ရွှင်ရွှင်ကျင်းပခဲ့ကြတဲ့ အာဇာနည်တို့ မိသားစု

ဖစ်ဖစ်တုန်၊ ချစ်ချစ်တုန်နဲ့ သဲသဲတုန်တို့ မောင်နှမသုံးယောက်ကို ပိုင်ဆိုင်ထားတဲ့ အာဇာနည်တို့ ဇနီးမောင်နှံဟာ ပျော်စရာမိသားစုဘဝလေးကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့ပါ တယ်။ မိသားစုကိုသိပ်ချစ်တဲ့ ဖခင်ဖြစ်သူနဲ့ မိခင်တာဝန်ရော ဇနီးဝတ္တရားပါ ကျေပွန်တဲ့ မိခင်ဖြစ်သူတို့ကြောင့် သားသမီးလေးတွေဟာ အပြည့်အဝပျော်ရွှင်အေးချမ်းနေခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်က ကျင်းပခဲ့တဲ့ ဖစ်ဖစ်တုန်လေးရဲ့ (၁၁) နှစ်ပြည့်မွေးနေ့မှာ မိသားစုတွေအတူတူ ပျော်ပျော်ရွှင်ရွှင်ကျင်းပခဲ့ကြပြီး ကြည်နူးစရာအခိုက်အတန့်လေးတွေကို အတူတူကုန်ဆုံးခဲ့ကြ ပါတယ်။ ဖေဖေ့ခြေရာနင်းမယ့်သားလေးကလည်း အခုကတည်းက Drum တီးနည်းသင်တန်းကို တက်ရောက်နေတာမို့ ဖေဖေတစ်ယောက် ကျေနပ်နေခဲ့ပါသေးတယ်။ချစ်ရတဲ့သားကြီးအတွက် မွေးနေ့ဆုတောင်းလေးကို ” ဒီနေ့က သားကြီးရဲ့ မွေးနေ့ မွေးရက် မွေးလ တိုက်တဲ့ နှစ်လေးပေါ့ သားကြီး ဘဝထဲကို ရောက်လာခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီ အလုပ်များများစားစားရှုပ်မနေပေမယ့် မွေးနေ့ မှာ လူကြီးတွေ အလုပ်နည်းနည်းရှုပ်ရှာတယ် ဒါပေမဲ့မအားတဲ့ကြားကနေ birthday လေး လုပ်ဖြစ် တယ်ပေါ့ သားကြီးကျန်းမာပြီး ပျော်ရွှင်ဖို့ပဲ ပါပါးမာမားတို့ အရေးကြီးပါတယ် ဘဝမှာ အရေးကြီးတဲ့ အဓိကနဲ့သာမည ခွဲခြားတတ်ပြီး သင့်တင့်လျှော က်ပတ်အောင်နေထိုင်နိုင်ပါစေ သား I wish you all the best my lovely son ကြီး ” ဆိုပြီး ဖေဖေက ဆုတောင်းပေးခဲ့ပါတယ်။
Happy – Cele Zone
Photo – Zarni Myonyunt
#credit original poster