Celebrities

ဝါထပ်နှစ်မှာရေဘေးဖြစ်လာရင်ကူဖို့အတွက် ကိုယ်တိုင်ပြင်ဆင်နေတဲ့ ဝေဠုကျော်

တခေတ်တစ်ခါက ပရိသတ်တွေအသည်းစွဲ အားပေးခဲ့ကြတဲ့ သရုပ်ဆောင်ဝေဠုကျော်ကတော့ လက်ရှိမှာ အနုပညာခြေလှမ်းတွေ ကျဲနေပြီး ပရဟိတ အလုပ်တွေနဲ့ပျော်မွေ့နေတာကိုတော့ အထူးပြောစရာလိုမယ်မထင်ပါဘူးနော် ။ ပရဟိတ အလုပ်တွေကို ကိုယ်ကျိုးစွန့်ပြီး စွမ်းစွမ်းတမံဆောင်ရွက်တတ်တဲ့ သူဖြစ်လို့ ပရိသတ်တွေက ပိုပြီးချစ်ခင်လေးစားနေကြတာပါ ။


ဒီနေ့ ဇူလိုင်လ (၂၂) ရက်နေ့မှာတော့ ဒီနှစ်က ဝါထပ်တဲ့နှစ်ဖြစ်တဲ့အတွက် ရေဘေးဖြစ်လာရင် ကူဖို့အတွက် စပြီး ပြင်ဆင်ရပါပြီ ။ သန်လျင်ခြံ ဂိုဒေါင်ထဲက စပိဘုတ် ကိုထုတ် ရေဆေးပေါ့။ မန္တလေး တမံကျိုးတာလဲ သူ့နယ်က ပရဟိတအဖွဲ့တွေနဲ့ နိုင် နေပါသေးတယ်။ မနိုင်လာရင်တော့ ပြေးကူဖို့ အသင့်ပြင်ပါပြီ ဆိုတဲ့စာသားလေးနဲ့အတူ ရေဘေးဖြစ်လာရင် ကူဖို့အတွက် ကိုယ်တိုင်အပင်ပန်းခံကြိုးစားပြင်ဆင်နေတဲ့ ပုံရိပ်တွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။


COVID အတွက် လဲ ဆရာဦးကျော်ဇောက ဆက်ဦးဆောင်အုပ်ချုပ်ပြီး ကျိုက္ကဆံစခန်းကနေဆက်လက် လုပ်အားပေးသွားမှာ ဖြစ်တယ်လို့လည်း ပရိသတ်တွေကိုအသိပေးထားပါသေးတယ် ။ ဝေဠုကျော်ကို အားပေးကြတဲ့ Cele Gabar ပရိသတ်ကြီးအတွက် ကိုယ်တိုင်အပင်ပန်းခံပြင်ဆင်နေတဲ့ ပရဟိတမင်းသားကြီးရဲ့ ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Wai Lu Kyaw Foundation
Emily (Cele Gabar)
#CREDIT ORIGINAL POSTER