Celebrities

ကျက်သရေရှိတဲ့အလှတရားတွေနဲ့ ဖမ်းစားလိုက်ပြန်တဲ့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်

ဝတ်မှုန်ရွှေရည်ကတော့ ပြစ်မျိုးမှဲ့မထင်အလှတရားတွေကိုပိုင်ဆိုင်ထားတာ အခြားသူတွေအားမကျဘဲ မနေနိုင်လောက်အောင်ပါပဲ။ ပြည့်စုံတဲ့အလှတရားတွေအပြင် အနုပညာထူးချွန်မှုတွေကြောင့် အကယ်ဒမီဆုကြီး(၂)ဆုကိုလည်း ရရှိပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါ။

ဘယ်အချိန်မှာပဲဖြစ်ဖြစ် Photogenic ဖြစ်လွန်းတဲ့မင်းသမီးချောလေးကိုတော့ အမှတ်တံဆိပ်တော်တော်များများရဲ့ ကြော်ငြာတွေမှာတွေ့ရလေ့ရှိတာပါ။ အခုလည်း ဒီဇိုင်နာမိုးကုတ်ပေါက်ပေါက်ရဲ့တော်ဝင်ဆန်ဆန်လက်ရာတွေနဲ့အတူ နန်းတွင်းမင်းသမီးတစ်ပါးလို ဘုရင်မတစ်ပါးလို ကျက်သရေရှိကာကြွရွလှပနေတာပါ။ ဝတ်မှုန်ရွှေရည်ကတော့ ဘယ်လိုအပြင်အဆင်မျိုးနဲ့မဆိုလိုက်ဖက်လွန်းတာကတော့ ငြင်းမရအောင်ပါပဲနော်။

မကြာသေးခင်ကမှဘားအံကိုသွားခဲ့ပြီး ရိုက်ကူးခဲ့တဲ့ဓာတ်ပုံတွေဟာလည်း ပရိသတ်တွေကိုဖမ်းစားခဲ့ပါသေးတယ်။ အခုလည်း တော်ဝင်ဆန်ဆန်အလှတရားတွေနဲ့အတူ ပရိသတ်တွေကို ရင်သပ်ရှုမောဖြစ်စေခဲ့ပါပြီ။ တကယ့်ကိုလှရက်လွန်းတဲ့နတ်သမီးလေးလိုပါပဲ …


Source : WuttHmoneShweYi
#CREDIT ORIGINAL POSTER