Celebrities

မဟာမြိုင်ကိုသွားခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကို ပရိသတ်ကိုမျှဝေလာတဲ့ ပိုးကြာဖြူခင်

ဆိုင်းမိုင်လို့လည်း ပရိသတ်တွေချစ်စနိုးခေါ်တဲ့ ရုပ်သံဇာတ်လမ်းတွဲမင်းသမီးချောလေးကတော့ ပိုးကြာဖြူခင်ပါ။ ဆိုင်းမိုင်ကိုတော့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပရိသတ်တွေနှစ်ခြိုက်အားပေးကြသလို ပရိသတ်တွေအပေါ်မှာ ပွင့်ပွင့်လင်းလင်းနဲ့သူ့ရဲ့လှုပ်ရှားမှုတွေကိုချပြတတ်တာကြောင့်လည်း ပရိသတ်တွေနဲ့ကောင်းမွန်တဲ့ရင်းနှီးမှုလေးတွေရှိနေတာပါ။

အခုလည်း ကုသိုလ်အရေးခရီးတွေသွားခဲ့စဉ်က ပုံရိပ်တွေကို “မဟာမြိုင် ခရီးစဉ် အစအဆုံး အမှတ်တရ ပုံရိပ်လေးတွေပါ …သမီးတစ်ယောက်လို မိသားစုဝင်တစ်ယောက်လို ချစ်ခင် ဂရုစိုက်ပေးပြီး အကောင်းဆုံးအကြံဉာဏ်တွေပေးခဲ့တဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ် ကောင်းတဲ့အရပ် ကောင်းတဲ့ ဝန်းကျင်နဲ့ ခင်မင်ခွင့်ရခဲ့တာ ဘဝအတွက် ကံအကောင်းဆုံးပါပဲ ရှေ့ဆက်ပြီးလဲ ဘာသာ သာသနာအတွက် အကျိုးပြုနိုင်တဲ့ အကောင်းဆုံး ဓမ္မမိတ်ဆွေတွေနဲ့ အတူ မဟာမြိုင်ကို ထပ်သွားချင်ပါသေးတယ်ရှင် နယ်ပယ်အသီးသီးမှာ ကိုယ်စီအောင်မြင်မှု ထိပ်ဆုံးရနေကြတဲ့ မိတ်ဆွေတွေကိုကြည့်ပြီး အရမ်းအားကျခဲ့ရတယ် ရှေ့ဆက်ကြိုးစားဖို့အတွက်လဲ စိတ်ဓါတ်ခွန်အားတွေ အများကြီး ရခဲ့ပါတယ် အစစ အရာရာ အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင်” ဆိုပြီးတော့ ချပြလာခဲ့ပါတယ်။


#credit original poster