Celebrities

သားလေးကို ကိုယ်တိုင်ကိုယ်ကျ ဆံပင်ညှပ်ပေးနေတဲ့ ဖေဖေနိုင်းနိုင်း

မိဘတွေဟာ သားသမီးတွေအတွက်တော့ စွယ်စုံရ ပညာရှင်တွေပါပဲ။ ဒီတစ်ခေါက်မှာလည်း သရုပ်ဆောင်နိုင်းနိုင်းက ရိုက်ကွင်းပေါ်မှာသာ စတိုင်အပြည့်နဲ့မင်းသားဖြစ်နေပေမယ့် သားသမီးတွေအတွက်ဆိုရင်တော့ လိုအပ်တဲ့နေရာတိုင်းမှာ ဇာတ်လိုက်တစ်ယောက်အဖြစ် မားမားမတ်မတ် ရပ်တည်ပေးနေသူတစ်ယောက်ပါ။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကတည်းက ကလေးတွေပျော်သွားအောင် ပြန်လာတာကိုမပြောဘဲ Surprise လုပ်ခဲ့ပါသေး တယ်။

ချစ်စရာကောင်းတဲ့ သားသမီးလေးယောက်လုံးဟာ ဖခင်ကိုတွေ့တော့ ပျော်ရွှင်ပြီး ပြေးဖက်ကြတာ တကယ်ကိုကြည်နူးစရာကောင်းလွန်းပါတယ်။ ဒီနေ့မှာလည်း သားလေးကို ဆံပင်ညှပ်ပေးနေတဲ့ ပုံရိပ်လေးတွေကို ဝေမျှခဲ့ပါသေးတယ်။ အမေရိကမှာ ဆံပင်ညှပ်ခဟာ အတော်လေးကို စားရိတ်စက မြင့်တာကြောင့် တော်တော်များများကတော့ အိမ်မှာပဲ အဆင်ပြေသလို ပြုပြင်တတ်ကြပါတယ်။

သားလေးကိုဆံပင်ညှပ်ပေးနေတဲ့ ပုံလေးတွေကို ” ဆံသဆရာလဲဖြစ်တယ်နော် အိမ်အရောက် လိုက်ညှပ်ပေးသည် ” ဆိုပြီး ခပ်နောက်နောက်လေး တင်ခဲ့ပါသေးတယ်။ အဖေကိုယ်တိုင် ဆံပင်ညှပ်ပေးနေတော့ သားဖြစ်သူက ပြုံးနေပျော်နေတာများ တကယ်ကိုကြည်နူးစရာပါ။ မိဘမေတ္တာဟာ သားသမီးတွေအတွက်တော့ အကောင်းဆုံးအားဆေးတစ်ခုပါပဲ။

(ဇော်ဂျီဖြင့်ဖတ်ရန်)

သားလေးကို ကိုယ်တိုင်ကိုယ်ကျ ဆံပင်ညှပ်ပေးနေတဲ့ ဖေဖေနိုင်းနိုင်း


မိဘတွေဟာ သားသမီးတွေအတွက်တော့ စွယ်စုံရ ပညာရှင်တွေပါပဲ။ ဒီတစ်ခေါက်မှာလည်း သရုပ်ဆောင်နိုင်းနိုင်းက ရိုက်ကွင်း ပေါ်မှာသာ စတိုင်အပြည့်နဲ့မင်းသားဖြစ်နေပေမယ့် သားသမီးတွေအတွက်ဆိုရင်တော့ လိုအပ်တဲ့နေရာတိုင်းမှာ ဇာတ်လိုက်တစ်ယောက်အဖြစ် မားမားမတ်မတ်ရပ်တည်ပေးနေသူတစ်ယောက်ပါ။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကတည်းက ကလေးတွေပျော်သွားအောင် ပြန်လာတာကိုမပြောဘဲ Surprise လုပ်ခဲ့ပါသေးတယ်။

ချစ်စရာကောင်းတဲ့ သားသမီးလေးယောက်လုံးဟာ ဖခင်ကိုတွေ့တော့ ပျော်ရွှင်ပြီး ပြေးဖက်ကြတာ တကယ်ကိုကြည်နူးစရာ ကောင်းလွန်းပါတယ်။ ဒီနေ့မှာလည်း သားလေးကို ဆံပင်ညှပ်ပေးနေတဲ့ ပုံရိပ်လေးတွေကို ဝေမျှခဲ့ပါသေးတယ်။ အမေရိကမှာ ဆံပင်ညှပ်ခဟာ အတော်လေးကိုစားရိတ်စကမြင့်တာကြောင့် တော်တော်များများကတော့ အိမ်မှာပဲ အဆင်ပြေသလို ပြုပြင်တတ်ကြပါ တယ်။

သားလေးကိုဆံပင်ညှပ်ပေးနေတဲ့ ပုံလေးတွေကို ” ဆံသဆရာလဲဖြစ်တယ်နော် အိမ်အရောက် လိုက်ညှပ်ပေးသည် ” ဆိုပြီး ခပ်နောက် နောက်လေး တင်ခဲ့ပါသေးတယ်။ အဖေကိုယ်တိုင် ဆံပင်ညှပ်ပေးနေတော့ သားဖြစ်သူက ပြုံးနေပျော်နေတာများ တကယ်ကိုကြည်နူး စရာပါ။ မိဘမေတ္တာဟာ သားသမီးတွေအတွက်တော့ အကောင်းဆုံးအားဆေးတစ်ခုပါပဲ။

Happy – Cele Zone
Photo – Actor 99
#CREDIT ORIGINAL POSTER