Celebrities

သူမတို့ ညီမနှစ်ယောက်လုံးရဲ့နာမည်တွေကို အသုံးချပြီး ငွေတွေလိုက်လိမ်နေတဲ့သူတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်နေတဲ့ ပိုင်ဖြိုးသု

အနုပညာရှင်တွေနာမည်နဲ့ အကောင့်အတုတွေဖွင့်ပြီး ဟန်ဆောင်တာထက်ပိုဆိုးတဲ့ အခြေအနေ တွေ အခုနောက်ပိုင်း အဖြစ်များလာခဲ့ပါတယ်။ ငွေကြေးလှူတန်းတဲ့ အနုပညာရှင်တွေရဲ့ နာမည်တွေကို အသုံးချပြီး ဂရုတွေအပ်ခိုင်းကာ ငွေလွှဲဟန်ဆောင်ပြီး အမျိုးမျိုးလိမ်လည်မှုတွေ ဖြစ်ပွားနေခဲ့ တာ ပရိသတ်ကြီးလည်း မျက်မြင်ပါပဲ။

ဒီတစ်ခေါက်မှာလည်း ပိုင်ဖြိုးသုရဲ့နာမည်ကို အသုံးချပြီး လိမ်နေသူတစ်ဦးကို ” ရော် ခက်ပြီ ငရဲမကြောက်လို့လိမ်စားချင်တယ်ဆို ကိုယ့်ဖာသာကိုယ် လွတ်လွတ်ကျွတ်ကျွတ်လိမ်စားလေ ကွယ် ဘယ့်နှယ်ကြောင့် ပိုင်ဖြိုးသု နာမည်ကြီးထည့်ထည့်လိမ်နေတာတုန်း ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်ကနေတဆင့် စကားပါးလိုက်ပါတယ်။

ခင်မင်သူတစ်ယောက်က ဖြစ်ကြောင်းကုန်စင်မေးတဲ့အခါမှာ ” ဟိုတလောကလည်း မန္တလေးနဲ့ ပြင်ဦးလွင်တဝိုက်မှာ မသုကားလာရိုက်မှာမို့ location sponsor ပေးမလား ကြော်ငြာရိုက်ချင်ရင် ပိုင်ဖြိုးသုကအလကားရိုက်ပေးလိမ့်မယ် သူ့ကိုပဲစီစဥ်ခပေးပါဆိုပြီး လိုက်လိမ်နေတယ်ဆိုပြီး မသုကို ပြန်လာပြောပြကြတယ် အခုလည်းလူတစ်ယောက် facebook က online shop တွေ restaurant page တွေမှာ သူကမသုနဲ့မဥသူငယ်ချင်းပါဆိုပြီး စာတွေလိုက်ပို့နေတယ် ” ဆိုပြီး သုသုက ရှင်းပြခဲ့ပါတယ်။ ပရိသတ်ကြီးလည်း ကြုံလာခဲ့ရင် ကြိုတင်ပြီးရှောင်ရှားနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ် နော်။

(ဇော်ဂျီဖြင့်ဖတ်ရန်)

သူမတို့ ညီမနှစ်ယောက်လုံးရဲ့နာမည်တွေကို အသုံးချပြီး ငွေတွေလိုက်လိမ်နေတဲ့သူတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်နေတဲ့ ပိုင်ဖြိုးသု


အနုပညာရှင်တွေနာမည်နဲ့ အကောင့်အတုတွေဖွင့်ပြီး ဟန်ဆောင်တာထက်ပိုဆိုးတဲ့ အခြေအနေ တွေ အခုနောက်ပိုင်း အဖြစ်များလာခဲ့ပါ တယ်။ ငွေကြေးလှူတန်းတဲ့ အနုပညာရှင်တွေရဲ့ နာမည်တွေကို အသုံးချပြီး ဂရုတွေအပ်ခိုင်းကာ ငွေလွှဲဟန်ဆောင်ပြီး အမျိုးမျိုးလိမ်လည်မှုတွေ ဖြစ်ပွားနေခဲ့တာ ပရိသတ်ကြီးလည်း မျက်မြင်ပါပဲ။

ဒီတစ်ခေါက်မှာလည်း ပိုင်ဖြိုးသုရဲ့နာမည်ကို အသုံးချပြီး လိမ်နေသူတစ်ဦးကို ” ရော် ခက်ပြီ ငရဲမကြောက်လို့လိမ်စားချင်တယ်ဆို ကိုယ့်ဖာသာ ကိုယ်လွတ်လွတ်ကျွတ်ကျွတ်လိမ်စားလေ ကွယ် ဘယ့်နှယ်ကြောင့် ပိုင်ဖြိုးသု နာမည်ကြီးထည့်ထည့်လိမ်နေတာတုန်း ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်ကနေတဆင့် စကားပါးလိုက်ပါတယ်။

ခင်မင်သူတစ်ယောက်က ဖြစ်ကြောင်းကုန်စင်မေးတဲ့အခါမှာ ” ဟိုတလောကလည်း မန္တလေးနဲ့ ပြင်ဦးလွင်တဝိုက်မှာ မသုကားလာရိုက် မှာမို့ location sponsor ပေးမလား ကြော်ငြာရိုက်ချင်ရင် ပိုင်ဖြိုးသုကအလကားရိုက်ပေးလိမ့်မယ် သူ့ကိုပဲစီစဉ်ခပေးပါ ဆိုပြီး လိုက်လိမ်နေတယ်ဆိုပြီး မသုကိုပြန်လာပြောပြကြတယ် အခုလည်းလူတစ်ယောက် facebook က online shop တွေ restaurant page တွေမှာ သူကမသုနဲ့မဥသူငယ်ချင်းပါဆိုပြီး စာတွေလိုက်ပို့နေတယ် ” ဆိုပြီး သုသုက ရှင်းပြခဲ့ပါတယ်။ ပရိသတ်ကြီးလည်း ကြုံလာခဲ့ရင် ကြိုတင်ပြီးရှောင်ရှားနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်နော်။

Happy – Cele Zone
Photo – Paing Phyoe Thu
#credit original poster