Celebrities

ချစ်ရသူနဲ့ပျော်ရွှင်စွာ အတူတူအချိန်ဖြုန်းခဲ့တဲ့ ကြည်နူးစရာအမှတ်တရလေးတွေကို ထုတ်ပြလိုက်တဲ့ မအေးသောင်း

ပရိသတ်ကြီးရေ သရုပ်ဆောင်မင်းသမီးချော​ မအေးသောင်းကတော့ တခေတ်တခါထဲက အနုပညာလောကမှာ အောင်မြင်ကျော်ကြားမှုတွေများစွာရရှိထားသူပါ။ ဗီဒိယိုလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့တဲ့ မအေးသောင်းက ယခုထိတိုင်း အနုပညာလှုပ်ရှားမှုများစွာကို လုပ်ကိုင်နေဆဲဖြစ်ပါတယ်။ မအေးသောင်းက တောင့်တင်းလှပတဲ့ကိုယ်ခန္ဓာအချိုးအစားကို ပိုင်ဆိုင်ထားပြီး အသက်သုံးဆယ်ကျော် မိန်းမပျိုတစ်ယောက်လို့ ထင်ရက်စရာမရှိလောက်အောင် နုပျိုလှပနေတာပါနော်…။

တစ်နေ့တစ်ခြား အလှတွေပိုပိုတိုးလာတဲ့ မအေးသောင်းက အသက်အရွယ်နဲ့ မလိုက်အောင် ချစ်စရာကောင်းလွန်းနေတာပါ။ သူမက လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ ဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်ရိုက်ကူးနေတာပါ။ သူမရဲ့ လှုပ်ရှားမှုပုံရိပ်တိုင်းကို လူမှုကွန်ယက် ဆိုရှယ်မီဒီယာကတဆင့် ပရိသတ်တွေဆီကို မျှဝေပေးလျက်ရှိနေတဲ့ မအေးသောင်းက ယနေ့မှာတော့ ပရိသတ်တွေကို ရင်ခုန်အောင်လုပ်လိုက်ပြန်ပါပြီ…။



မအေးသောင်းက လူမှုကွန်ယက် Mydayက တဆင့် ချစ်ရတဲ့သူနဲ့အတူ ပျော်ရွှင်ကြည်နူးစွာအချိန်ဖြုန်းရင်း ကော်ဖီဒိတ်လုပ်နေတဲ့ ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။ မအေးသောင်းက ချစ်ရသူရဲ့ မျက်နှာလေးကို ကော်ဖီခွက်လေးနဲ့ကွယ်ကာ အသည်းယားဖွယ်ပုံလေးတွေကိုတင်ပေးလာပြီး ပရိသတ်တွေဆီ ထုတ်ပြလိုက်တာပါ။ ကဲ ပရိသတ်တွေလည်း မအေးသောင်းနဲ့အတူ သူမရဲ့ချစ်သူ ပုံလေးတွေကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်…။


#CREDIT MYANMARLOAD