Celebrities

ပလိုင်းလေးကို လွယ်ပြီး အိမ်ခြံဝန်းထဲက မေမေစိုက်ပျိုးထားတဲ့ စိုက်ခင်းထဲမှာ အမွှေစိန်လေးလုပ်နေတဲ့ စိုးပြည့်သဇင်

ပရိသတ်ကြီးရေ ယနေ့ချိန်ထိတိုင် လုံလုံခြုံခြုံဖက်ရှင်တွေကိုသာ အမြဲဝတ်ဆင်လေ့ရှိပြီး မျက်နှာလေးက ရိုးရှင်းအေးချမ်းကာ ကျက်သရေရှိတဲ့ အလှကို ပိုင်ဆိုင်ထားတဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး စိုးပြည့်သဇင်ပဲဖြစ်ပါတယ်။ စိုးပြည့်က အနုပညာလောကထဲကို ဆယ်ကျော်သက်အရွယ်ထဲက ဝင်ရောက်လာခဲ့ပြီး အမတွေဖြစ်တဲ့ စိုးမြတ်သူဇာ ၊ စိုးမြတ်နန္ဒာတို့ရဲ့ လမ်းပြမှုတွေကြောင့် အချိန်တိုလေးအတွင်း ပရိသတ်ရင်ထဲ နေရာတစ်ခုကို အခိုင်အမာရရှိခဲ့တာလည်းဖြစ်ပါတယ်။

စိုးပြည့်က ဗီဒီယိုဇာတ်ကားတွေထဲမှာ ပီပြင်လှတဲ့ အိုက်တင်တွေကြောင့် အကယ်ဒမီရွှေစင်ရုပ်ထုကိုလည်း ထိုက်တန်စွာရရှိထားတာပါ။ အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေကာ မိဘအပေါ်မှာလည်း သိတက်လွန်းတဲ့ စိုးပြည့်ကို ပရိသတ်တွေသာမကပဲ အနုပညာရှင်အချင်းချင်းကပါ အားပေးချစ်ခင်နေတာလည်းဖြစ်ပါတယ်။ စိုးပြည့်က ယနေ့မှာတော့ အနုပညာလှုပ်ရှားမှုတွေ အားလပ်တဲ့အချိန် အိမ်မှာနေရင်း ပရိသတ်တွေအတွက် ပုံ​လေးတွေတင်ပေးလာခဲ့ပါတယ်။

စိုးပြည့်က ပလိုင်းလေးကို လွယ်ပြီး အိမ်ခြံဝန်းထဲက မေမေရဲ့ စိုက်ခင်းထဲမှာ ဝင်ရောက်ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလာတာပါ။ စိုးပြည့်ရဲ့ ပုံလေးတွေတိုင်းက အိမ်မှာနေရင်း ရိုးရှင်းလှပတဲ့ ဖက်ရှင်လေးနဲ့ မျက်နှာလေးကလည်း ကြည်လင်ဝင်းပနေကာ ချစ်စရာကောင်းနေတာကြောင့် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ ပုံလေးတွေအပြင် ” မေမေ့စိုက်ခင်းထဲ..ဓါတ်ပုံဝင်ရိုက်တာ ” ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာကြောင့် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်…။


Photo credit – Soe Pyae Thazin’s FB page
Source – Soe Pyae Thazin’s FB page
#CREDIT ORIGINAL POSTER