Celebrities

မှော်ဘီခြံထဲမှာ မီးပျက်နေတာတောင် နောက်ရိုက်မယ့်ဇာတ်ကားအတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်နေတဲ့ ခင်လှိုင်

ပရိသတ်တွေ ဘဝအမောတွေပြေပျောက်အောင် ဟာသပြက်လုံးလေးတွေနဲ့ ရယ်မောပျော်ရွှင်အောင် လုပ်ပေးသူကတော့ ဟာသ သရုပ်ဆောင် ခင်လှိုင်ပဲ ဖြစ်ပါတယ်။ ခင်လှိုင်ဟာ အနုပညာတက္ကသိုလ်ကျောင်းဆင်းတစ်ယောက်ဖြစ်ပြီး လူရွှင်တော်ဘဝနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်အလုပ်ကိုသာမကဘဲ ဒါရိုက်တာအဖြစ်နဲ့ပါ ရုပ်ရှင်ဇာတ်ကားကောင်းတွေ ရိုက်ကူးလျက်ရှိနေတာပဲ ဖြစ်ပါတယ်။

ခင်လှိုင်ဟာ မိသားစုတစ်ခုလုံးကို အမြဲပျော်ရွှင်ချမ်းမြေ့ရအောင် အိမ်ထောင်တစ်ခုလုံးကို ဦးစီးဦးဆောင်လုပ်နေတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူ့ရဲ့ မိသားစုဘဝလေးကိုကြည့်ပြီး ကြည်နူးအားကျနေကြတာပဲ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း သူပိုင်ဆိုင်တဲ့ မှော်ဘီခြံကြီးကို ရှင်းလင်းကာ စားပင်သီးပင်တွေ စိုက်ပျိုးရန် ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။


လတ်တလောမှာတော့ ဒီခြံကြီးထဲနေထိုင်ကာ ချစ်ဇနီးနဲ့အတူ ပကာသနကင်းစွာ နေထိုင်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။ အခုမှာလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ” ဆရာကြီး…

…ဇဝန…

…ရေသားခဲ့သော…

….ဆိုးပေ…

ဝတ္ထုကို..အကောင်းဆုံး ပုံဖေါ်နိုင်ဖို့အတွက်….

ဖိုးတေနှစ်ယောက် ..မီးပျက်လဲခရီးဆက်နေပါတယ်ဗျာ..

မှော်ဘီခြံ မီးပျက်သောည…” ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် မှော်ဘီခြံထဲမှာ မီးပျက်နေတာတောင် နောက်ရိုက်မယ့်ဇာတ်ကားအတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်နေတဲ့ ခင်လှိုင်ရဲ့ ပုံရိပ်လေးတွေ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Khin Hlaing’s Facebook Account
#CREDIT MYANMAR LOAD