Celebrities

ဟဲလေးနဲ့အတူတူ သီချင်းနောက်ထပ် အသစ်တစ်ပုဒ်ဖန်တီးသွားမယ့် ချမ်းမြေ့မောင်ချို

မြန်မာအိုင်ဒေါ Season-3 ပြိုင်ပွဲကြီးကနေတဆင့် ပရိသတ်အသိမှတ်ပြုအားပေးတဲ့ အဆိုတော်တစ်ယောက်ဖြစ်လာခဲ့သူ မောင်ချိုကတော့ ပရိသတ်ရင်ထဲထိတဲ့ သီချင်းကောင်းတွေ ဆက်တိုက်ဆိုသလို သီဆိုနေသူပါ။ မကြာသေးခင်ကမှ Ah Boy နဲ့အတူတူ “အငွေ့အသက်များ” ဆိုတဲ့သီချင်းအသစ်လေးကို သီဆိုခဲ့ပြီး ပရိသတ်အားပေးမှုအခိုင်အမာ ရရှိခဲ့ပါသေးတယ်။

ဒီနေ့မှာတော့ အဆိုတော်ဟဲလေးနဲ့အတူတူ နောက်ထပ်တစ်ပုဒ်ထပ်မံဖန်တီးနေပြီဖြစ်ကြောင်း သတင်းကောင်းလေးကို မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ… ဟဲလေးကတော့ ပရိသတ်ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ သီချင်းပေါင်းမြောက်များစွာကို ဖန်တီးသီဆိုလေ့ရှိသူပါ။ ဒီတစ်ခေါက်မှာရော မောင်ချိုနဲ့အတူတူ ဘယ်လိုသီချင်းတွေ ဖန်တီးနေသလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲနော်။

ပရိသတ်ကြီးရေ မောင်ချိုကတော့ သီချင်းအမျိုးအစားတော်တော်များများနဲ့ လိုက်ဖက်သူတစ်ယောက်မို့ ဟဲလေးနဲ့အတူတူ ဖန်တီးထားတဲ့ သီချင်းသစ်လေးနဲ့လည်း လိုက်ဖက်နေဦးမှာ အမှန်ပါပဲ။ မောင်ချိုရဲ့ ဟဲလေးနဲ့အတူ ဖန်တီးထားတဲ့ သီချင်းအသစ်လေးထွက်လာရင်ရော အားပေးကြမှာမလား ပရိသတ်ကြီးရေ..

Source – Chanmyae MgCho
Rainbow- Cele Gabar
#credit original poster