Knowledge

Batman ဖြစ်ချင်တဲ့ ကင်ဆာရောဂါသည့ ၅ နှစ်အရွယ်ကလေးငယ်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ကြတဲ့ ထောင်နဲ့ချီသော Volunteer များ

ကျွန်တော်တို့တွေဟာ ငယ်ငယ်တုန်းက ဖြစ်ချင်တဲ့ဆန္ဒ ကိုယ်စီရှိကြပါတယ်။ ကာတွန်းကားထဲက ဇာတ်ကောင်တွေ၊Super heroes တွေ ဖြစ်ချင်ခဲ့ကြပါတယ်။ အလားတူ Miles Scott ဆိုတဲ့ အသက် 5 နှစ်အရွယ် ကလေးငယ်လေးကလည်း Batman ဖြစ်ချင်ခဲ့ပါတယ်။ Miles ဟာ အသက်တစ်နှစ် အရွယ်ကတည်းက leukemia ဆိုတဲ့ရောဂါကို ခံစားနေရသူလည်း ဖြစ်ပါတယ်။

Lymphoblastic leukemia ဆိုတာကတော့ သွေးဖြူဥကင်ဆာ‌ ရောဂါတစ်မျိုးဘဲ ဖြစ်ပါတယ်။ Miles ဟာ သူ့အသက်နဲ့မှမမျှ ဓာတုကုထုံးများစွာကို ဆောင်ရွက်ထားရတာဖြစ်ပြီး မိခင်ဖြစ်သူဟာဆိုရင်လည်း ဒီလို အန္တရာယ်များတဲ့ ဓာတုပစ္စည်းတွေကို နုနယ်လွန်းလှတဲ့ သားဖြစ်သူရဲ့ ခန္ဓာကိုယ်ထဲ ထည့်သွင်းနေရတာတွေကို မမြင်ချင်တော့တဲ့ထိပါပဲ။ Miles Scott လို ငယ်ငယ်ရွယ်ရွယ်နဲ့ ရောဂါသည်ဖြစ်နေရတဲ့ ကလေးတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ တည်ထောင်ထားတဲ့ Make A Wish Foundation က Miles Scott ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ လုပ်ခဲ့ပါတယ်။

Miles Scott ကို ဘာဖြစ်ချင်လည်းလို့ မေးမြန်းတဲ့အခါမှာတော့ Batman ဖြစ်ချင်တယ်လို့ ပြန်ဖြေခဲ့ပါတယ်။ ဒါနဲ့ Make A Wish က San Francisco ရဲ့ မြို့တော်ဝန်နဲ့ ရဲတပ်ဖွဲ့ အပါအဝင် ထောင်ချီတဲ့ Volunteer တွေ အကူအညီနဲ့ 2013 ခုနှစ် November လထဲမှာ San Francisco ကို Gotham အဖြစ်ပြောင်းလဲ ပစ်ခဲ့ပါတယ်။ ဒီ Project က Make A Wish ရဲ့ အကြီးမားဆုံး project တွေထဲက တစ်ခုဘဲ ဖြစ်ပါတယ်။ Miles ကို Batman ကဲ့သို့ ဝတ်ဆင်စေပြီး ထိုနေ့ရဲ့ သူရဲကောင်းအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။

ဒါအပြင် Miles အကြောင်းကိုဖော်ပြမယ့် သတင်းစာဖြစ်တဲ့ San Francisco Chronicle ကလည်း ထိုနေ့အတွက် သတင်းစာကို Gotham City Chronicle အမည်ဖြင့် ထုတ်ဝေခဲ့ပြီး သတင်းစာ ခေါင်းစည်းပိုင်းမှာ “Batkid Saves City: Hooded hero nabs Riddler, rescues damsel in distress” ရယ်လို့ ဖော်ပြခဲ့ပါတယ်။ Miles အကြောင်းဟာ တစ်ကမ္ဘာလုံးအတိုင်းတာထိ ရေပန်းစားခဲ့ပါတယ်။ ထိုစဉ်က တာဝန်ထမ်းဆောင်နေတဲ့ သမ္မတဟောင်း Barack Obama ကလည်း Video တစ်ခုမှာ “Way to go, Miles! Way to save Gotham!” လို့ ပြောခဲ့ပါတယ်။

2018 ခုနှစ်မှာတော့ Miles အတွက် သတင်းကောင်းထွက်လာပါတယ်။ Batkid လေး Miles Scott ဟာ သူ့ရဲ့ ရောဂါတွေကို အမြစ်ပြတ် ရှင်းထုတ်နိုင်ခဲ့ပြီး သာမန်ကလေးတွေလို နေထိုင်နိုင်သွားပြီ ဖြစ်ပါတယ်။ တကယ်ကို ဝမ်းသာစရာသတင်းကောင်းပါ။ ပြီးတော့ ကျွန်တော်တို့နိုင်ငံမှာလည်း အလားတူ က‌လေးတွေကို တန်ဖိုးထားသင့်ပါတယ်။ ကဲ ပရိတ်သတ်ကြီးလည်း ဝမ်းသာစရာသတင်းကို အားလုံးသိအောင် ဝေမျှပေးပါဦးနော်။


#credit original postetr