Celebrities

ဒါရိုက်တာနဲ့စာရေးဆရာတစ်ယောက်အဖြစ်အနုပညာလှုပ်ရှားမှုတွေလုပ်တော့မယ့်အကြောင်း အသိပေးလာတဲ့ Goo Hye Sun

တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Goo Hye Sun ကတော့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး စိတ်ထိခိုက်မှုတွေများခဲ့သူပါ။ ခင်ပွန်းဖြစ်သူနဲ့ ပြသနာတွေဖြစ်ခဲ့ကြပြီး သိပ်မကြာသေးခင်ရက်ပိုင်းကတော့ အတိအလင်းကွာရှင်းပြတ်စဲခဲ့ကြတာပါ။ စိတ်ထိခိုင်မှုတွေကြုံခဲ့ရပေမဲ့ အခုအခါမှာတော့ Goo Hye Sunတစ်ယောက်ကို အနုပညာခြေလှမ်းအသစ်တွေနဲ့မြင်တွေ့ရတော့မှာပါ။

Goo Hye Sunကတော့ အေဂျင်စီအသစ်ဖြစ်တဲ့ MIMI Entertainment နဲ့လက်တွဲခဲ့တာပါ။ သူကတော့ ဇူလိုင်(၂၀)ရက်နေ့က ” ရုပ်ရှင်ဒါရိုက်တာနဲ့စာရေးဆရာတစ်ယောက်အဖြစ် လှုပ်ရှားတော့မှာပါ။ ရုပ်သံဇာတ်လမ်းတွေထုတ်လုပ်မှုအတွက် MIMI Entertainment နဲ့အတူတွဲပြီး လုပ်ဆောင်သွားပါမယ်။” ဆိုပြီးတေ့ာ သူ့ရဲ့အင်စတာဂရမ်ကနေပြီး ပရိသတ်တွေအသိပေးလာခဲ့တာပါ။MIMI Entertainment ကတော့ တောင်ကိုရီးယားနိုင်ငံရဲ့အေဂျင်စီတစ်ခုဖြစ်ပြီး Goo Hye Sun ရဲ့မန်နေဂျာဟောင်းဖြစ်သူရဲ့ကုမ္ပဏီလည်းဖြစ်ပါတယ်။



Goo Hye Sun ကတော့ သရုပ်ဆောင်အနေနဲ့သာမက စာရေးတာ ပန်းချီဆွဲတာ စတာတွေလည်း ထူးချွန်တဲ့သူတစ်ယောက်ဆိုတာပရိသတ်တွေအသိပါပဲ။ အခုလည်း အနုပညာခြေလှမ်းအသစ်တွေကို တက်တက်ကြွကြွလုပ်ဆောင်နေပြီလို့ ဆိုရမှာပါ။
Source : kstarlive
#credit original poster