Knowledge

ပိုတိုရှော့အလား ထင်မှတ်မှားရတဲ့ ဓာတ်ပုံ ၁၃ ပုံ

1.ဒိုင်နိုဆောကြီး မီးလောင်နေတာဟာ ပိုတိုရှော့မဟုတ်ပဲ အပြင်မှာ တကယ်ဖြစ်ခဲ့တာပါ။ ၂၀၁၈ ခုနှစ်က အမေရိကန် ကော်လိုရာဒိုပြည်နယ်က ဒိုင်နိုဆောပြတိုက်တခုမှာ tyrannosaurus ဒိုင်နိုဆောပုံစံတူဖန်တီးထားတဲ့ ဒိုင်နိုဆောရုပ်ကြီး မီးလောင်ခဲ့တာဖြစ်ပါတယ်။2.၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက ထိုင်ဝမ်မှာလှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆.၄ ပမာဏရှိ ငလျှင်ရဲ့ရလာဒ်တခုဖြစ်ပါတယ်။ ထိုင်ဝမ်နိုင်ငံ Hualien မြို့မှာ ဒီငလျှင်ကြောင့် လူ ၄ဦး သေဆုံးကာ လူပေါင်း ၂၀၀ကျော် ဒါဏ်ရာရခဲ့တဲ့အပြင် အဆောက်အအုံတွေလည်း ပြိုကျပျက်စီးခဲ့ရပါတယ်။ ဒီအထဲမှာ ပုံထဲက အထပ်မြင့်အဆောက်အအုံဟာလည်း ပြိုကျလုမတတ်စောင်းသွားတာကြောင့် သံမဏိယက်မကြီးတွေနဲ့ ထောက်ကန်ပေးထားခဲ့ရပါတယ်။3.အမှတ်တမဲ့ကြည့်လိုက်ရင် မိုးမျှော်တိုက်ကြီး မီးလောင်နေတယ်လို့ ထင်ရပါတယ်။ တကယ်တော့ မီးလောင်နေတာမဟုတ်ပဲ အဆောက်အဦးရဲ့ မှန်တွေကို နေအလင်းပြန်တာကနေ အခုလိုပုံဖြစ်သွားတာပါ။ သြစတြေးလျ မဲလ်ဘုန်းမြို့က ကာစီနိုတာဝါ အဆောက်အအုံဖြစ်ပါတယ်။4.ဒါကတော့ ငှက်အုပ်လေဆင်နှာမောင်းလို့ ခေါ်နိုင်ပါတယ်။ ငှက်တွေဟာ လေဆင်နှာမောင်းထဲ ပါသွားတာမဟုတ်ပဲ ကျွဲဆက်ရက်ငှက်ကလေးတွေ starlings ရဲ့ ထူးခြားတဲ့ သဘာဝဖြစ်စဉ်တခုဖြစ်တဲ့ Sort sol ဖြစ်စဉ်ပါ။ ဒီလိုအခါမျိုးမှာ တညတာအတွက် သူတို့အိပ်တန်းတက်မယ့်နေရာကို သွားဖို့ မဆုံးမဖြတ်ရသေးခင်အချိန်မှာ ဧရာမငှက်အုပ်ကြီးဟာ ပတ်လည်လှည့်ကာ ပုံသဏ္ဍာန်မျိုးစုံနဲ့ ပျံသန်းနေလေ့ရှိပါတယ်။5.တရုတ်နိုင်ငံ Tianjin မှာရှိတဲ့ Tianjin Binhai စာကြည့်တိုက်ဖြစ်ပါတယ်။ သူ့ကို The Eye လို့နာမည်ပြောင်ပေးထားပြီး စတုရန်းမီတာ 33,700 အကျယ်ရှိကာ ငါးထပ် အဆောက်အအုံဖြစ်ပါတယ်။ စာအုပ်ပေါင်း ၁.၂သန်းခန့်ရှိတဲ့ ဒီစာကြည့်တိုက်ကို ၂၀၁၇ ခုနှစ်ကမှ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ထူးခြားတဲ့ ဗိသုကာ ဒီဇိုင်းကြောင့် လူသိများတဲ့ စာကြည့်တိုက် တစ်ခုလည်းဖြစ်ပါတယ်။6.အမေရိကန် ကန်ဆန်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ mammatus တိမ်တိုက်တွေဖြစ်ပါတယ်။ လူသိများတာကတော့ mammatocumulus ဆိုတဲ့အမည်ဖြစ်ပြီးမိုးကြိုးမုန်တိုင်းဖြစ်စဉ်တွေနဲ့အတူ ရံဖန်ရံခါကောင်းကင်ထက်မှာပေါ်လာလေ့ရှိပါတယ်။ ယင်းတိမ် တောင်တွေဟာ ပုံမှန်လိုမဟုတ်ပဲ ပူးပေါင်းတွေကိုအောက်ကနေမြင်နေရသလို အစုစည်းလိုက်ကြီးတွေဖြစ်နေတတ်ပြီး တခါတရံ လေဆင်နှာမောင်းတွေပါ ဖြစ်ပေါ်လေ့ရှိပါတယ်။7.ရုရှားနိုင်ငံ Kirovsky တံငါးကျေးရွာ ပင်လယ်ကမ်းစပ်က စွန့်ပစ်အဆောက်အဦးတလုံးဖြစ်ပါတယ်။ နှစ်ကာလရှည်ကြာ စွန့်ပစ်ထားမှုကြောင့် အဆောက်အဦးတဝက်နီးပါး ပြိုကျနေခဲ့ပြီဖြစ်ပါတယ်။8.အဆောက်အဦး ၂ ခုကြားမှာရှိနေတဲ့ ဒီဘောလုံးကြီးကတော့ မီယာမီမြို့ South Beach မှာ တည်ရှိပါတယ်။ သမိုင်းဝင်ဟိုတယ်နှစ်လုံးဖြစ်တဲ့ The Betsy နဲ့ The Carlton အဆောက်အအုံတွေကို ဆက်စပ်ပေးထားတာဖြစ်ပြီး ဗိသုကာပညာရှင် Allan Shulman ရဲ့ ဒီဇိုင်းဖြစ်ပါတယ်။ အတွင်းဘက်မှာတော့ တခု နဲ့ တခုကို ကူးသွားနိုင်တဲ့ လျှောက်လမ်းပါရှိပါတယ်။9.ပင်စည်ကို မိုးကြိုးအပစ်ခံထားရတဲ့သစ်ပင်ကို အပစ်ခံရပြီး ၃နာရီအကြာမှာ မြင်ရတဲ့ပုံ10.အင်္ဂလန် အရှေ့တောင်ပိုင်း Sussex မှာ တည်ရှိနေတဲ့ တံတားတစင်းရဲ့ အောက်ဘက်ဖြစ်ပါတယ်။ Ouse တောင်ကြား သံလမ်းတံတားလို့ခေါ်ပြီး အောက်ခြေကနေ တည့်တည့်ရိုက်တဲ့အခါမှာတော့ အခုလိုပုံဖြစ်လာပါတယ်။ ဒီနေရာဟာ အဲဒီဒေသက ဓာတ်ပုံရိုက်အများဆုံး နေရာလည်းဖြစ်ပါတယ်။11.အမေရိကန်ပြည်နယ် Wisconsin ရဲ့ အနောက်မြောက်ပိုင်းဒေသမှာ တွေ့ရှိခဲ့တဲ့ albino သမင်တကောင်12.ပုံမှန်ဆိုရင်တော့ နှံကောင်တွေဟာ အစိမ်းရောင်ပဲရှိရမှာဖြစ်ပေမယ့် ပန်းရောင်နှံကောင်တွေကိုလည်း ရှားရှားပါးပါးတွေ့ရတတ်ပါတယ်။ အဓိကအကြောင်းရင်းကတော့ erythrism လို့ခေါ်တဲ့ ပုံမမှန် အပေါ်ယံ ရောင်ခြယ်ပစ္စည်း မှားယွင်းမှုကြောင့်လို့ ဆိုပါတယ်။13.Morchella ခေါ် Morel မှိုတွေဟာ ကြီးမားတဲ့အရွယ်အစား မှိုတွေဖြစ်ပါတယ်။ ပုံထဲကမှိုကိုတော့ Missouri က မိုင်းတွင်းဟောင်းတခုထဲကနေ တွေ့ရှိခဲ့တာဖြစ်ပြီး အမြင့် ၁၂လက်မ နဲ့ အဝန်း ၁၃လက်မ ရှိပါတယ်။
#credit thutazone