News

နောက်လင်က မကြည်ဖြူလို့ သမီးအရင်းကို မိဘမဲ့ဂေဟာမှာ လာစွန့်ပစ်တဲ့ မိခင်

ခင်ဖြစ်သူက 2နှစ်အရွယ်သမီးလေးကို ထပ်ပြီးကျွေးမွေးမစောင့်ရှောက်နိုင်တော့လို့ မိဘမဲ့ဂေဟာမှာကိုယ်တိုင်လာရောက်စွန့်ပစ်ခဲ့ကြောင်းကို ထိုင်းနိုင်ငံမှာရှိတဲ့ လူမူဖူလုံရေးဝန်ထမ်းတစ်ဦးက Facebook စာမျက်နှာပေါ်မှာ ဝေမျှသွာခဲ့ပါတယ် ။းထိုင်းရဲအရာရှိတစ်ဦး၏ပြောကြားချက်အရ ဆိုင်ကယ်ဦးထုပ်ဆောင်ထားသောအမျိုးသမီးတစ်ဦးဟာ ပြီးခဲ့တဲ့ 12 ရက်နေ့ ညနေ 3:45 အချိန်ခန့်မှာ သူမရဲ့သမီးလေးကို မိဘမဲ့ဂေဟာရဲ့တံခါးနားမှာရှိတဲ့ bell ကိုနှိပ်ခိုင်းခဲ့ပါတယ် ။ထို့နောက် မိဘမဲ့ဂေဟာက ဝန်ထမ်းများက တံခါးကိုဖွင့်လိုက်ချိန်မှာတော့ အဝတ်ထုပ်တွေကိုင်ဆောင်ထားခဲ့တဲ့ ကလေးမလေးဟာ တံခါးပေါက်မှာရပ်နေခဲ့ပြီး ၊ အမျိုးသမီးမှာတော့ ဆိုင်ကယ်မောင်းပြီး ထွက်ခွာသွားပါတယ် ။ထို့အပြင် ကလေးငယ်ကို စာတစ်စောင်နှင့်အတူထားရစ်ခဲ့ပြီး စာထဲမှာတော့ မိခင်ဖြစ်သူက သူမရဲ့သမီးကို မိဘမဲ့ဂေဟာမှာထားခဲ့လိုက်ရတဲ့အဖြစ်က သမီးလေးကို ဆက်လက်မစောင့်ရှောက်နိုင်တော့တဲ့အပြင် သူမတွက်ကောင်းမွန်တဲ့အနာဂတ်မျိုး ဖန်တီးမပေးနိုင်၍ဖြစ်ကြောင်း ၊ ထို့အပြင် သူမကဆင်းရဲတဲ့အတွက် သူမကယခုချိန်မှာ မိသားစုအသစ် နေရာအသစ်ရရှိနေပြီဖြစ်တဲ့အတွက် သူမရဲ့ယခုခင်ပွန်းက သမီးလေးကိုကျွေးမွေးဖို့ငြင်းဆိုခဲ့တဲ့အတွက် အကောင်းဆုံးဆုံးဖြတ်ချက်အနေနဲ့ ယခုလိုပြုလုပ်ခဲ့ရတာဖြစ်ကြောင်း သမီးလေးကိုချစ်ပေမဲ့သူမကလည်းလိုအပ်ချက်တွေရှိတွေကြောင်း ရေးသားထားခဲ့ပါတယ် ။ကလေးငယ်မှာတော့ သူမရဲ့အဝတ်အစားတွေ ၊အရုပ်တွေ နဲ့အခြားပစ္စည်းတွေပါဝင်တဲ့ အထုပ်တွေကို သယ်ဆောင်လာခဲ့တာပါ ။ ထို့အပြင် ကလေးငယ်ရဲ့ခန္ဓာယ်ကိုယ်အနှံ့ ရိုက်နှက်နှိပ်စက်ဒဏ်ရာတွေလည်း တွေ့ရှိထားခဲ့တဲ့အတွက် ကလေးငယ်မှာနှိပ်စက်ခံထားခဲ့ရကြောင်း သိသာလွန်းလှပါတယ် ။ ထို့ကြောင့် ကလေးငယ်ကို ဆေးရုံသို့ခေါ်ဆောင်သွားပြီး ကုသမှုများပြုလုပ်ပေးနေလျက်ရှိကြောင်း သိရှိရပါတယ် ။
#credit original poster