Celebrities

အနုပညာရှင်အချင်းချင်း စာနာဖေးမမှုနဲ့ ” ပိုသူလှူ လိုသူကူ ” အစီအစဉ်မှာ အလှူငွေတွေ ထည့်ဝင်လှူတန်းခဲ့တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်

သဘင်ပညာရှင်တွေရဲ့ ” ပိုသူလှူ လိုသူကူ ” အွန်လိုင်းဈေးရောင်းပွဲတော်ကြီးဟာ ပရိသတ်တွေကြားမှာရော အနုပညာရှင်တွေကြားမှာပါ ရေပန်းစားတဲ့ ပွဲလေးတစ်ခုပါ။ အနုပညာဆိုတာ ကဏ္ဍအစုံပါဝင်ပြီး ဒီခေါင်းစဉ် အောက်မှာ ပညာရပ်ကိုယ်စီနဲ့ အသက်မွေးဝမ်းကြောင်းနေသူတွေအားလုံးဟာ တစ်လှေတည်းစီးကြသူတွေပါပဲ။ ချို့တဲ့တဲ့သူကို အဆင်ပြေတဲ့သူက ကူညီပေးကမ်းခြင်းနဲ့ ကောင်းမွန်တဲ့ပတ်ဝန်းကျင်တစ်ခုကို လူသားချင်စာနာစိတ်နဲ့ ဖန်တီးနိုင်ကြရင် လူ့ပတ်ဝန်းကျင်ကြီးဟာ ပိုပြီးနေချင်စဖွယ်ဖြစ်လာမှာပါ။အနုပညာရှင်တွေကတော့ ကိုယ့်အနုပညာရပ်ဝန်းက ညီကိုမောင်နှမတွေရဲ့ စုပေါင်းကုသိုလ်ပွဲလေးမှာ တတ်အားသ၍ပါဝင်လှူတန်းခဲ့ကြပါတယ်။ ဒီထဲမှာ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့နှစ်ယောက်သားသလည်း အလှူငွေ (၅) သိန်း ထည့်ဝင်လှူတန်းခဲ့ပါတယ်။ ဒီအစီအစဉ်လေးမှာ သဘင်ပညာရှင်တွေက ကိုယ်တိုင်ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေကို မှာယူသူတွေဆီ လိုက်ပို့ပေးမှာပဲဖြစ်ပါတယ်။ဒီလိုလိုက်ပို့တဲ့အခါ ဟင်းပွဲတွေကိုဈေးနှုန်းမသတ်မှတ်ထားဘဲ အလှူသဘောမျိုး မှာယူသူတွေက သဒ္ဓါရှိသလောက် လှူတန်းငွေကို လက်ခံကြတဲ့ အစီအစဉ်လေးပါ။ ” ကုသိုလ်လည်းရ ဝမ်းလည်းဝ ” မို့ ပါဝင်သူတွေရော လှူတန်းသူတွေပါ ကုသိုလ်ထပ်တူရမယ့် အစီအစဉ်ကောင်းလေးတစ်ခုပါပဲ။

(ဇော်ဂျီဖြင့်ဖတ်ရန်)

အနုပညာရှင်အချင်းချင်း စာနာဖေးမမှုနဲ့ ” ပိုသူလှူ လိုသူကူ ” အစီအစဉ်မှာ အလှူငွေတွေ ထည့်ဝင်လှူတန်းခဲ့တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်သဘင်ပညာရှင်တွေရဲ့ ” ပိုသူလှူ လိုသူကူ ” အွန်လိုင်းဈေးရောင်းပွဲတော်ကြီးဟာ ပရိသတ်တွေကြားမှာရော အနုပညာရှင်တြွေ ကားမှာပါ ရေပန်းစားတဲ့ ပွဲလေးတစ်ခုပါ။ အနုပညာဆိုတာ ကဏ္ဍအစုံပါဝင်ပြီး ဒီခေါင်းစဉ် အောက်မှာ ပညာရပ်ကိုယ်စီနဲ့ အသက်မွေးဝမ်း ကြောင်းနေသူတွေအားလုံးဟာ တစ်လှေတည်းစီးကြသူတွေပါပဲ။ ချို့တဲ့တဲ့သူကို အဆင်ပြေတဲ့သူက ကူညီပေးကမ်းခြင်းနဲ့ ကောင်းမွန်တဲ့ပတ်ဝန်းကျင်တစ်ခုကို လူသားချင်စာနာစိတ်နဲ့ ဖန်တီးနိုင်ကြရင် လူ့ပတ်ဝန်းကျင်ကြီးဟာ ပိုပြီးနေချင်စဖွယ်ဖြစ်လာမှာပါ။
အနုပညာရှင်တွေကတော့ ကိုယ့်အနုပညာရပ်ဝန်းက ညီကိုမောင်နှမတွေရဲ့ စုပေါင်းကုသိုလ်ပွဲလေးမှာ တတ်အားသ၍ပါဝင်လှူတန်းခဲ့ ကြပါတယ်။ ဒီထဲမှာ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့နှစ်ယောက်သားသလည်း အလှူငွေ (၅) သိန်း ထည့်ဝင်လှူတန်းခဲ့ပါတယ်။ ဒီအစီအစဉ်လေးမှာ သဘင်ပညာရှင်တွေက ကိုယ်တိုင်ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေကို မှာယူသူတွေဆီ လိုက်ပို့ပေးမှာပဲဖြစ်ပါတယ်။
ဒီလိုလိုက်ပို့တဲ့အခါ ဟင်းပွဲတွေကိုစျေးနှုန်းမသတ်မှတ်ထားဘဲ အလှူသဘောမျိုး မှာယူသူတွေက သဒ္ဓါရှိသလောက် လှူတန်းငွေ ကို လက်ခံကြတဲ့အစီအစဉ်လေးပါ။ ” ကုသိုလ်လည်းရ ဝမ်းလည်းဝ ” မို့ ပါဝင်သူတွေရော လှူတန်းသူတွေပါ ကုသိုလ်ထပ်တူရမယ့် အစီအစဉ်ကောင်းလေးတစ်ခုပါပဲ။
Happy – Cele Zone
Photo – Eaindra Kyaw Zin
#CREDIT ORIGINAL POSTER