Celebrities

မိုင် (၇၀) ခရီးကို မိုးတွေလေတွေကြားက ဆိုင်ကယ်နဲ့လိုက်အားပေးခဲ့တဲ့ ပရိသတ်တစ်ယောကကြောင့် ပီတိဖြစ်နေရတဲ့ ကျော်ထက်ဇော်

MRTV- 4 မှ ထုတ်လွှင့်ပြသတဲ့ “အမုန်းမှသည်” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်ရဲ့အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ မင်းသားချော ကျော်ထက်ဇော် ကတော့ အားပေးတဲ့ပရိသတ်အခိုင်အမာနဲ့ အနုပညာအလုပ်တွေ ဆက်လက်လုပ်ဆောင်နေပြီး သူရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲတိုင်းဟာ ပရိသတ်တွေ တခဲနက်အားပေးခြင်းခံရတယ်လို့ဆိုရမှာပါ ။

သူ့ရဲ့ အမာခံဖန်လေးတွေ ဖြစ်တဲ့ We Love ZawGyi လေးတွေနဲ့လည်း တရင်းတနှီးနေတတ်ပြီး ပရိသတ်တွေကို လေးစားတဲ့အနုပညာရှင်တစ်ယောက်ဆိုတာကိုတော့ ပြောစရာလိုမယ်မထင်တော့ပါဘူးနော် ။ လတ်တလောမှာတော့ မိုင် (၇၀) ခရီး အစ်ကို့နောက်ဆိုင်ကယ်နဲ့လိုက်ရင်း မိုးတွေကလည်း ရွာ လေတွေကလဲ တိုက် မပင်ပန်းနိုင်ဘူး မျက်နှာလေး မြင်ရရင်ကို ကျွန်တော့မှာ ဝမ်းသာရတယ်ဆိုတာ နှိုင်းစရာမရှိ ဆိုပြီး Comment ရေးခဲ့တဲ့ ပရိသတ်တစ်ယောက်ကြောင့် အရမ်းကို ကြည်နူးဝမ်းသာဖြစ်ရကြောင်းနဲ့ အားပေးမှုကို ကျေးဇူးတင်ကြောင်း သူ့ရဲ့မိုင်ဒေးကနေတဆင့် အသိမှတ်ပြုရေးသားဖော်ပြခဲ့ပါတယ် ။
ပရိသတ်တွေကလည်း ကျော်ထက်ဇော်ကို အရမ်းကိုအားပေးကြသလို သူကလည်း ပရိသတ်တွေ ကို တလေးတစား တုံ့ပြန်တတ်တဲ့ အနုပညာရှက်တစ်ဦး ဖြစ်တဲ့အတွက် ပရိသတ်တွေက တခဲနက်ဝန်းရံအားပေးနေကြတာပဲဖြစ်ပါတယ် ။
Source : Kyaw Htet Zaw
Emily (Cele Gabar)
#credit original poster