Celebrities

JOOX ရဲ့ နံပါတ်တစ်နေရာကို ရရှိထားတဲ့ (၇)ပုဒ်မြောက်သီချင်းလေးကြောင့် ဝမ်းသာပီတိဖြစ်နေတဲ့ အားတီ

နာမည်ကြီးလူငယ်ကြိုက်အဆိုတော်တွေထဲမှာ အားတီတစ်ယောက်လည်းအပါအဝင်ဖြစ်ပြီး ပရိသတ်တွေနဲ့အကြိုက်ချင်းတူတဲ့သူလို့တောင် ဆိုရမှာပါ။ အားတီကတော့ သီချင်းကောင်းတွေကို တစ်ပုဒ်ပြီးတစ်ပုဒ်ဖန်တီးနေတာဖြစ်ပြီး ပရိသတ်တွေအထူးကြိုက်ရတဲ့သီချင်းတွေလည်း (၂၀၂၀) ထဲမှာထွက်ရှိခဲ့ပါပြီ။ တေးချစ်သူတွေအကြိုက် JOOX အပ်ပလီကေးရှင်းမှာတော့ အားတီရဲ့သီချင်းတွေကပရိသတ်ကြိုက်တာကြောင့် ထိပ်တန်းစာရင်းဝင်တာခဏခဏပါပဲ။အခုလည်း နံပါတ်တစ်ချိတ်နေပြန်တဲ့သီချင်းလေးနဲ့ပတ်သက်ပြီး “NO.1 again ” အိပ်မက်လေး ” က ကျနော့်ရဲ့ 7 ပုဒ်မြောက် No.1 ဖြစ်ပါတယ် ။ အားတီ ရဲ့ သီချင်းတွေကို နားဆင်ခံစားနှစ်သက်အားပေးတဲ့ ချစ်ပရိသတ်များအားလုံး , BL Fandom ကFujoshi / Fudanshi ကလေးတွေအားလုံး, တေးရေး / Band / music production မှ ပညာရှင်များအားလုံး , JOOX နှင့် တကွ ကူညီပံ့ပိုးပေးသူများအားလုံးကို ဒီနေရာကနေ ကျေးဇူးအထူးတင်ရှိကြောင်း ပြောချင်ပါတယ်” ဆိုပြီးတော့ ရေးသားထားတာပါ။အားတီက ဒီသီချင်းလေးနဲ့ပတ်သက်တဲ့သဲလွန်စလေးတွေပေးနေပြီးတော့ ပရိသတ်ကိုရင်ခုန်နေစေတာပါ။ ပရိသတ်တွေကတော့ “အိမ်မက်လေး” သီချင်းရဲ့ music Video ကို ကြိုတင်ပြီးတော့ ရင်ခုန်နေကြပြီလည်း ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဒီသီချင်းလေးက အရမ်းကိုလူကြိုက်များနေတယ်လို့ ဆိုရမှာပါ။
Source : Ar-T
#credit to original poster