Celebrities

လက်ရှိအချိန်တွေကို သားလေးနဲ့ပဲ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ မေမေ မယ်လိုဒီ

ကွာရှင်းပြီးနောက်ပိုင်းမှာ သားလေးနဲ့ပဲ အချိန်တွေကုန်ဆုံးဖြစ်တဲ့ မေမေမယ်လိုဒီတစ်ယောက် ဝိတ်တွေချပြီးနောက်ပိုင်း အရင်ကလို ကျစ်လျစ်လှပတဲ့ ခန္ဓာကိုယ်လေးကို တဖန်ပြန်လည်ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့သားလေးက မေမေ့ကိုလည်းအရမ်းကပ်ပြီး မေမေသိပ်ချစ်ရတဲ့ သားလေးတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ရှုတင်တွေမှာတောင် မိခင်နားကမခွာဘဲ အမြဲတမ်းကပ်နေတတ်တဲ့သားလေးကြောင့် မေမေက ပိုပြီးကြည်နူးရ ပါသေးတယ်။


ဒီနေ့မှာတော့ အရင်ကထက်ပိုပြီးလှလာတဲ့သူမရဲ့ပုံရိပ်တွေနဲ့အတူ သားလေးနဲ့ပျော်ရွှင်နေ တဲ့ အခိုက်အတန့်လေးတွေကိုလည်း ဝေမျှခဲ့ပါတယ်။ အပျိုကတည်းက လှလွန်းတဲ့မင်းသမီးလေးဟာ သားလေးတစ်ယောက်ပိုင်ဆိုင်ပြီးတော့လည်း တစ်သားမွေးတစ်သွေး ပိုပိုပြီးလှလာနေဆဲပါပဲ။ လေ့ကျင့်ခန်းတွေလုပ်ပြီး ကိုယ်အလေးချိန်တွေလျော့ချလိုက်တော့ ပြောစရာမလိုအောင်ကို ပြီးပြည့်စုံတဲ့ အလှတရားကို ပိုင်ဆိုင်သွားခဲ့ပါပြီ။


သူမရဲ့အလှဆုံးပုံရိပ်တွေကို ” ရိုက်ဖြစ်ခဲ့တာမို့တင်လိုက်ပါတယ် ချစ်သူလမ်းကြား ဒီအိမ်လေး ကျွန်မနဲ့ ရေစက်မကုန်ဘူး ရောင်းချင်လို့ ရောင်းပါမယ်ဆို (၃) နှစ်ရှိတော့မယ် ရောင်းမထွက်နိုင်ဘူး။ ရေစက်ပေါ့ စကားမစပ် ဟိုးအနောက်ကမြင်နေရတဲ့ခေါင်မိုးအနီလေးက မိုင်းဖုန်းဆရာတော်ဘုရား ရန်ကုန်ရောက်တုန်းက သီတင်းသုံးနေထိုင်ခဲ့တဲ့အဆောက်အဦးပါပဲ ဆရာတော်ဘုရားအဓိဌာန်ဝင်တဲ့ မုံးကျက်ဂူသို့ သွားရာ တောင်တက်ကားလမ်း ကွန်ကရစ်ခင်းဖို့ (၁၀) ပေ (၃၅၀၀၀၀) လှူခဲ့ပြီးပါပြီး ထပ်ပြီး ပေ (၁၀၀ / ၃၅၀၀၀၀၀) လှူဖို့ရည်စူးထားပါတယ် ပြုသမျှကုသိုလ် ထပ်တူရကြပါစေရှင် မွန်ကရင်ကမွေးတဲ့ ရှမ်းမလေး မယ်လိုဒီပါပဲ ” ဆိုပြီးဝေမျှခဲ့ပါတယ်။
(ဇော်ဂျီဖြင့်ဖတ်ရန်)
လက်ရှိအချိန်တွေကို သားလေးနဲ့ပဲ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ မေမေ မယ်လိုဒီ
ကွာရှင်းပြီးနောက်ပိုင်းမှာ သားလေးနဲ့ပဲ အချိန်တွေကုန်ဆုံးဖြစ်တဲ့ မေမေမယ်လိုဒီတစ်ယောက် ဝိတ်တွေချပြီးနောက်ပိုင်း အရင်ကလို ကျစ်လျစ်လှပတဲ့ခန္ဓာကိုယ်လေးကို တဖန်ပြန်လည်ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့သားလေးက မေမေ့ကိုလည်းအရမ်း ကပ်ပြီး မေမေသိပ်ချစ်ရတဲ့သားလေးတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ရှုတင်တွေမှာတောင် မိခင်နားကမခွာဘဲ အမြဲတမ်းကပ်နေတတ်တဲ့ သားလေးကြောင့် မေမေက ပိုပြီးကြည်နူးရပါသေးတယ်။

ဒီနေ့မှာတော့ အရင်ကထက်ပိုပြီးလှလာတဲ့သူမရဲ့ပုံရိပ်တွေနဲ့အတူ သားလေးနဲ့ပျော်ရွှင်နေ တဲ့ အခိုက်အတန့်လေးတွေ ကိုလည်း ဝေမျှခဲ့ပါတယ်။ အပျိုကတည်းက လှလွန်းတဲ့မင်းသမီးလေးဟာ သားလေးတစ်ယောက်ပိုင်ဆိုင်ပြီးတော့လည်း တစ်သားမွေးတစ်သွေး ပိုပိုပြီးလှလာနေဆဲပါပဲ။ လေ့ကျင့်ခန်းတွေလုပ်ပြီး ကိုယ်အလေးချိန်တွေလျော့ချလိုက်တော့ ပြောစရာမလိုအောင်ကို ပြီးပြည့်စုံတဲ့ အလှတရားကို ပိုင်ဆိုင်သွားခဲ့ပါပြီ။

သူမရဲ့အလှဆုံးပုံရိပ်တွေကို ” ရိုက်ဖြစ်ခဲ့တာမို့တင်လိုက်ပါတယ် ချစ်သူလမ်းကြား ဒီအိမ်လေး ကျွန်မနဲ့ ရေစက်မကုန်ဘူး ရောင်းချင်လို့ ရောင်းပါမယ်ဆို (၃) နှစ်ရှိတော့မယ် ရောင်းမထွက်နိုင်ဘူး။ ရေစက်ပေါ့ စကားမစပ် ဟိုးအနောက်ကမြင်နေရတဲ့ခေါင်မိုးအနီလေးက မိုင်းဖုန်းဆရာတော်ဘုရား ရန်ကုန်ရောက်တုန်းက သီတင်းသုံးနေထိုင်ခဲ့တဲ့အဆောက်အဦးပါပဲ ဆရာတော်ဘုရားအဓိဌာန်ဝင်တဲ့ မုံးကျက်ဂူသို့ သွားရာ တောင်တက်ကားလမ်း ကွန်ကရစ်ခင်းဖို့ (၁၀) ပေ (၃၅၀၀၀၀) လှူခဲ့ပြီးပါပြီး ထပ်ပြီး ပေ (၁၀၀ / ၃၅၀၀၀၀၀) လှူဖို့ရည်စူးထား ပါတယ် ပြုသမျှကုသိုလ် ထပ်တူရကြပါစေရှင် မွန်ကရင်ကမွေးတဲ့ ရှမ်းမလေး မယ်လိုဒီပါပဲ ” ဆိုပြီးဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Melody Myo
#credit original poster