Celebrities

ခုနောက်ပိုင်း အလွန်အကျူးတွေဘာမှမတွေးတော့ဘူး ဆိုတဲ့ မယ်လိုဒီ

ပရိသတ်တွေ အားလုံးချစ်ခင်ပြီးသားဖြစ်တဲ့ သရုပ်ဆောင်မယ်လိုဒီကတော့ သူမရဲ့ နေ့စဉ်လှုပ်ရှားမှုတွေ နဲ့အတူ သားလေး သိဒ္ဓိစစ်ရဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို အမြဲတမ်းမျှဝေပေးနေတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပြီး သူမရဲ့ခံစားချက်စာသားလေးတွေကိုလည်း ရေးသားလေ့ရှိတဲ့သူပါ

မကြာသေးမီက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းရာတွေကြောင့် ပရိသတ်တွေကြားမှာ အတော်လေး ဝေဖန်ခံခဲ့ရတာကိုတော့ အားလုံးသိပြီးဖြစ်မှာပါ ။ လတ်တလောမှာတော့ အလွန်အကျူးမတွေးတော့ဘူး ယူတတ်ရင်ကုသိုလ် မယူတတ်ရင် အကုသိုလ် ကိုယ့်သဘောကိုယ်ဆောင် ကံ ကံ၏ အကျိုးပဲ ဆိုတဲ့ စာသားလေးကို သူမရဲ့မိုင်ဒေးကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ်

သူမကတော့ ဘုရားတရား အရမ်းလုပ်တတ်လုပ်တတ်ပြီး သူမရဲ့ ကုသိုလ်လေးတွေကို ပရိသတ်တွေ သာဓုခေါ်နိုင်ဖို့အမြဲမျှဝေပေးလေ့ရှိပြီး ပရိသတ်တွေကလည်း အစစအရာရာ အေးချမ်းပြီးအဆင်ပြေပါစေလို့ ဆုမွန်ကောင်းလေးတွေ တောင်းပေးလေ့ရှိပါတယ် ။ သူမကို ဝေဖန်နေတာတွေကိုလည်း ယူတတ်ရင်ကုသိုလ်မို့ ကုသိုလ်ပဲ ယူပါတယ် ဆိုတဲ့ အဓိပ္ပါယ်နဲ့ရေးသားခဲ့တာပဲဖြစ်ပါတယ် ။

Source : Melody Myo
Emily (Cele Gabar)
#credit to original poster