Celebrities

ညီမလေးတို့ မင်္ဂလာပွဲမှာ အကို့အတွက် ဖိတ်စာမချန်ပါနဲ့ ဆိုတဲ့ G-fatt

ပရိသတ်ကြီးရေ .. အမိုက်စား Rap စာသားတွေကြောင့် ပရိသတ်တွေ တခဲနက်ဝန်းရံ အားပေးနေကြတဲ့ အဆိုတော် G-fatt ကတော့ ပရိသတ်တွေဆီကို သီချင်းသစ်လေး တစ်ပုဒ် ထပ်မံ မျှဝေပေးလိုက်ပြန်ပါပြီနော် .။ အမြဲလိုလို လူငယ်ပရိသတ်တွေ အတွက် ထိရသွားစေမယ့် သီချင်းစာသားတွေကို ရေးသား သီဆိုတတ်တဲ့ G-fatt ရဲ့ သီချင်းသစ်လေးကို ပရိသတ်တွေ ထပ်မံအကြိုက်တွေ့ဦးမှာချာပါပဲ ။

ဒီတစ်ခေါက် ပရိသတ်တွေဆီကို အရောက်ပို့လိုက်တဲ့သီချင်းကတော့ အမရာဘုန်းနဲ့ အတူတူ သီဆိုထားတဲ့ ရွက်လှေ ဆိုတဲ့ သီချင်းလေးပဲဖြစ်ပါတယ် ။ အဆင့်တန်း အခြေနေချင်း ကွာဟ တဲ့ ချစ်သူ နှစ်ယောက်ကြားက အဖြစ်ပျက်လေးကို ရေးသားထားတာဖြစ်ပြီး ချစ်ရတဲ့ ကောင်မလေးရဲ့ မင်္ဂလာပွဲ အတွက် ဝမ်းနည်းနေတဲ့ ချစ်သူကောင်လေးရဲ့ နေရာကနေ ခံစား ရေးစပ်သီဆိုထားတာဖြစ်ပါတယ် ။ ညီမလေးတို့ မင်္ဂလာပွဲအကို့အတွက် ဖိတ်စာမချန်ပါနဲ့ ဆိုတဲ့စာသားလေးကတော့ ပရိသတ်တွေ သဘောအတွေ့ဆုံးဖြစ်နေတာပါ ။


ဒီသီချင်းလေးကို G-fatt က ဇာတ်လမ်းလေးတစ်ပုဒ်ပါ .. ဟိုးရှေးရှေးတုန်းကပေါ့ .. ဆိုတဲ့ စာသားလေးနဲ့အတူ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးထားတာဖြစ်ပါတယ် ။ ပရိသတ်တွေကတော့ သီချင်းစာသားတွေက အရမ်းကို မိုက်တယ်ဆိုတဲ့ မှတ်ချက်လေးတွေနဲ့အတူ ဝန်းရံအားပေးနေကြတာတွေ့ရပါတယ် ။

#credit original poster