Celebrities

(၂၄) နာရီမပြည့်ခင်မှာပဲ ကြည့်ရှုသူ တစ်သန်းကျော်ခဲ့တဲ့ သဇင်ထူးမြင့် နဲ့ အမွှာညီအစ်ကိုနှစ်ယောက်ရဲ့ ဗီဒီယို

ပရိသတ်ကြီးရေ ဟာသ သရုပ်ဆောင် လူရွှင်တော် ဦးခင်လှိုင်ရဲ့ သမီးအငယ်ဆုံးလေး ဖြစ်တဲ့ သဇင်ထူးမြင့်ကတော့ အနုပညာအလုပ်တွေကို လုပ်ဆောင်နေပြီပဲဖြစ်ပါတယ် ။ သူမရဲ့ Thazin Htoo Myint – Thel ဆိုတဲ့ ကိုယ်ပိုင် Page လေးကနေတဆင့် အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေဆီ မျှဝေပေးနေတာပါ ။


ဒါ့အပြင် သူမရဲ့ သူငယ်ချင်း အမွှာ ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ ကိုကို ညီညီတို့ရဲ့ Twin Guys ll It’s my Lifestyle ဆိုတဲ့ Page ကနေတဆင့် တင်ဆက်ပေးနေတဲ့ ဗီဒီယိုလေးတွေမှာလဲ ပါဝင်ကူညီ သရုပ်ဆောင်ပေးလေ့ရှိပါတယ် ။ လတ်တလောမှာတော့ သူမတို့ သူငယ်ချင်းသုံးယောက် ရိုက်ကူးထားတဲ့ လူသားချင်းစာနာ တတ်ပါစေ ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ဗီဒီယိုဟာ ပရိသတ်တွေကို မျှဝေပေးပြီး (၂၄) နာရီမပြည့်ခင်မှာပဲ ကြည့်ရှုသူ 1.3 M ရရှိခဲ့ပြီး တစ်သန်းကျော်သွားခဲ့ပါတယ်
လူငယ်လေးတွေ စုပေါင်း ဖန်တီးထားတဲ့ လူသားချင်း စာနာတတ်စေဖို့ ပညာပေးထားတဲ့ ဒီဗီဒီယိုလေးကို ပရိသတ်တွေ တော်တော်လေး အကြိုက်တွေ့ခဲ့ကြဟန်တူပါတယ် ။ သဲ တစ်ယောက်ကတော့ (၂၄) နာရီမပြည့်ခင်မှာပဲ ကြည့်ရှုသူ သန်းချီခဲ့လို့ အရမ်းကိုပျော်ရွှင်နေတဲ့အကြောင်း သူမရဲ့ မိုင်ဒေးလေးမှာ ရေးသားဖော်ပြထားတာတွေ့ရပါတယ် ။
#credit to original poster